Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရှုတင်စခါနီးမှ ဇာတ်သိမ်းပိုင်းကို သိခဲ့ရတဲ့ “Avengers: Infinity War”သရုပ်ဆောင်များ

$
0
0

နာမည်ကျော် “Avengers: Infinity War” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေဟာ အံ့သြ လောက်ဖွယ် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးဖို့ မိနစ်ပိုင်းအလိုလောက်မှာ ရုပ်ရှင်ရဲ့ အဆုံးသတ်ကို သိရှိခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်မှာ Scarlet Witch အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသမီး Elizabeth Olsen က သူနဲ့ Robert Downey, Jr., Chris Evans, Benedict Cumberbatch, Chris Hemsworth, Scarlett Johansson နဲ့ Chris Pratt တို့ အပါအဝင် သရုပ်ဆောင်တွေအနေနဲ့ သူတို့ဇာတ်ကောင်ရဲ့ ကံကြမ္မာကို ရှုတင်မှာရိုက်ခါနီးကျမှ သိရှိခဲ့ရတဲ့အကြောင်း ဖွင့်ဟလာ ပါတယ်။

မင်းသမီး Olsen က “ဘာဖြစ်မယ်ဆိုတာကို Russos တို့ ညီအစ်ကိုထံကနေ ကျမသိရခဲ့တယ်။ ပြီးတော့ အဆုံးသတ် အခန်းက ဘာလဲဆိုတာ ရိုက်ခါနီးကျမှသိခဲ့ရတယ်။ သူတို့က ကျမတို့ကို ဗင်ကားထဲ ခေါ်သွားခဲ့ပြီးတော့ ဇာတ်လမ်းက ဘယ်လို အဆုံးသတ်မယ်ဆိုတဲ့အကြောင်းနဲ့ ဘယ်သူမှ မသိသေးတဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ သူတို့က ငါတို့ ရိုက်တော့မယ်။ သွားတော့တဲ့။ ကျမတို့က အဲဒါဘာဆိုတာကို နားမလည်ဘဲနဲ့ ဘယ်လိုလုပ်ရမလဲဆိုပြီး ဖြစ်ခဲ့ရတယ်”လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ACE Comic-Con ပွဲမှာ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေသာ ဇာတ်လမ်းရဲ့ ဇာတ်ကြောင်းကြောင့် အံ့သြသင့်ခဲ့ရတာ မဟုတ်ပါဘူး။ မင်းသား Josh Brolin ပါဝင်သရုပ်ဆောင်ထားတဲ့ စူပါဗီလိန် Thanos က စကြာဝဠာ တဝက်ကို ရှင်းထုတ်လိုက်တဲ့ ဇာတ်သိမ်းဇာတ်ဝင်ခန်းကို ကြည့်ရှုပြီးတဲ့ ပရိသတ်တွေကလည်း အံ့သြသင့်ခဲ့ကြရပါတယ်။ အမည်မပေးရသေးတဲ့ “Infinity War” နောက်ဆက်တွဲ ဇာတ်လမ်းမှာ Avengers အဖွဲ့တွေ ဘာဆက်ဖြစ်မယ် ဆိုတာကို သိရှိဖို့ ပရိသတ်တွေက တနှစ်နီးပါးလောက် စောင့်ဆိုင်း ရဦးမှာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်မှာ Doctor Strange အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Benedict က သူဟာ ဘယ်သူမှမသိခင် ထိပ်တန်း လျှို့ဝှက်ချက်ဇာတ်ညွှန်းတခုလုံးကို ဖတ်ခွင့်ရခဲ့တဲ့ ကံကောင်းတဲ့ လူတယောက်ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီး လအနည်းငယ်အကြာမှာ မင်းသမီး Olsen ရဲ့ မှတ်ချက်စကားထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒါရိုက်တာ Joe Russo က တကယ့်ဇာတ်လမ်းအကြောင်း ပေါက်ကြားမှာကို ရှောင်ရှားတဲ့ အနေနဲ့ ဇာတ်ညွှန်း အတုတွေကို ရေးသားခဲ့ရတယ်လို့ မကြာသေးခင်က ပြောကြားခဲ့တဲ့အတွက် ဗြိတိသျှမင်းသား Benedict ဟာလည်း အလိမ်ခံလိုက်ရပုံ ပေါ်ပါတယ်။ ဒါရိုက်တာ Joe က “သူ (မင်းသား Benedict) ဟာ ဇာတ်ညွှန်းတခုလုံးကို ဖတ်လိုက်ရ တယ်လို့ ထင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဇာတ်ဝင်ခန်း အတုတွေ ဖန်တီး၊ ဇာတ်ညွှန်းအတုတွေရေးပြီး သရုပ်ဆောင်တွေကို ပို့ခဲ့တာပါ။”လို့ Chennel News Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref:aceshowbiz

The post ရှုတင်စခါနီးမှ ဇာတ်သိမ်းပိုင်းကို သိခဲ့ရတဲ့ “Avengers: Infinity War” သရုပ်ဆောင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ