Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Nick Jonas အပေါ် ထင်မြင်ချက်ပေးရန် စောလွန်းတယ်လို့ Priyanka Chopra ရဲ့ မိခင်ပြောကြား

$
0
0

အမေရိကန်အဆိုတော် Nick Jonas နဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra တို့ရဲ့ အချစ်ရေးသတင်းကတော့ အခုဆိုရင် ဖျော်ဖြေရေး သတင်းခေါင်းစဉ် ဖြစ်လို့ နေပါတယ်။

အဆိုတော် Nick က မင်းသမီးကို သူ့မိသားစုရဲ့ လက်ထပ်ပွဲ တခုကို ခေါ်သွားခဲ့ပြီးတဲ့နောက် မင်းသမီးက တဖန်ပြန်ပြီး မွမ်ဘိုင်းမှာရှိတဲ့ သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို မိတ်ဆက်ပေးဖို့ အဆိုတော်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မင်းသမီး Priyanka ရဲ့ မိခင် Madhu Chopra နဲ့အတူ ညစာ သုံးဆောင်နေခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ရေး ကောလာဟလသတင်းဟာ လူပြောသူပြောများလာခဲ့ပြီး ပရိသတ်တွေကလည်း လက်ထပ်ပွဲ ဘယ်တော့လဲဆိုတာကို သိချင်နေကြပါတယ်။ DNA မီဒီယာရဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဆိုရင်တော့ မင်းသမီး Priyanka ရဲ့ မိခင် Madhu က အမေရိကန်အဆိုတော် Nick နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ Nick နဲ့ Priyanka တို့ဟာ မိခင် Madhu နဲ့ မောင်ဖြစ်သူ Siddharth တို့နဲ့ အတူ ညစာလည်းအတူ သုံးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ စုံတွဲနှစ်ဦးဟာ မွမ်ဘိုင်းမြို့တခွင် လည်ပတ်ခဲ့ကြပြီး ပါပါရာဇီတွေကလည်း သူတို့နှစ်ဦး အတူရှိနေပုံတွေ၊ Nick နဲ့ အတူ ရှိနေချိန်မှာ ဓာတ်ပုံ အရိုက်ခံရတာ မရှက်တဲ့ Priyanka တို့ရဲ့ ဓာတ်ပုံတော်တော်များများကိုလည်း ရိုက်ကူးခဲ့ကြ ပါတယ်။ ပါပါရာဇီတွေရဲ့ ဓာတ်ပုံရိုက်ကူးမှုကို အသာတကြည်လက်ခံလိုက်တာကိုလည်း ပရိသတ်တချို့က အံ့သြသင့်နေ ကြပါ တယ်။

DNA မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မိခင် Madhu က “Nick ရှိနေခဲ့တဲ့ ညစာစားပွဲကို ကျမတို့ သွားခဲ့ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့အဖွဲ့ကြီး ဖြစ်ပါတယ်။ လူ ၁၀ ယောက်လောက် ရှိပါတယ်။ ဒါကြောင့် သူ့အကြောင်း ကောင်းကောင်း သိဖို့ အချိန် မရခဲ့ပါဘူး။ သူတို့ကျမ ပထမဆုံးအကြိမ် တွေ့ခဲ့တာဖြစ်တဲ့အတွက် ထင်မြင်ချက်ပေးဖို့ စောလွန်းနေပါသေး တယ်” လို့ ဖြေကြားခဲ့ပါတယ်။

မင်းသမီးဟာ ချစ်သူ Nick ကို ဘောလိဝုဒ်ရုပ်ရှင်အသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ပင်လယ်ကို မျက်နှာချင်းဆိုင်ထားတဲ့ တိုက်ခန်းကိုလည်း အတူတူသွားရောက်ခဲ့ပါသေးတယ်။ အဲဒီအိမ်မှာ Alia Bhatt, Priyanka ရဲ့ တဝမ်းကွဲညီမ Parineeti Chopra နဲ့ Mushtaq Sheikh တို့ကိုလည်း သူရဲ့ အိမ်မှာ မြင်တွေ့ခဲ့ကြရပါတယ်။

ဆက်စပ် သတင်းလင့်ခ်Priyanka Chopra ရဲ့မိခင်ကို တွေ့ဖို့ အိန္ဒိယကို ရောက်လာတဲ့ Nick Jonas

Ref: indianexpress

The post Nick Jonas အပေါ် ထင်မြင်ချက်ပေးရန် စောလွန်းတယ်လို့ Priyanka Chopra ရဲ့ မိခင်ပြောကြား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)