Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လက်ရှိမှာ ဟာသကားတွေပဲ ရိုက်ဖြစ်နေတယ်” ဆိုတဲ့ အိချောပို

$
0
0

သရုပ်ဆောင် အိချောပိုပါဝင် သရုပ်ဆောင်ထားတဲ့ “ပင်လယ်ကြီးကဘာပြောလဲ” ရုပ်ရှင်ကားကြီးကို လက်ရှိ ရုံတင်နေပြီ ဖြစ်ပြီး သိပ်မကြာခင်မှာ “ကြွေ”ရုပ်ရှင်ကားကြီးလည်း ပရိသတ်ရှေ့ ထပ်မံရောက်လာဖို့ရှိနေတယ်လို့ အိချောပိုက လက်ရှိ အနုပညာနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပြောပါတယ်။

“ကြွေ”မှာက အဆိုတော် လွှမ်းပိုင်နဲ့ တွဲဖက် သရုပ်ဆောင်ထားတာပါ။ နှစ်ကားစလုံးက လူငယ်၊ ဟာသ၊ ရိုမန့်စ် ဇာတ်မြူး တွေပါ။ အိချောတို့ကတော့ နောက်ပိုင်းမှာ ကိုယ့်ကိုလာအပ်တဲ့ အပေါ်မှာ ပရိသတ်တွေ ကြိုက်နိုင်၊ မကြိုက်နိုင်ဝေဖန် စဉ်းစားပြီးတော့ပဲ ရွေးချယ် လက်ခံပါတယ်။ ဟာသကားလည်း ဆက်ရိုက်ဖြစ်ပါတယ်” လို့ အိချောပိုက ဆိုပါတယ်။

“အခုလက်ရှိ ရိုက်နေတာလည်း ဟာသကားပါပဲ။ ဟာသကားကတော့ အရေးကြီးတာက ကိုယ်တယောက်တည်းကြီး လုပ်ကွက် ရနေလို့လည်း မဖြစ်ဘူး။ အားလုံးတက်ညီ ၊ လက်ညီနဲ့လည်း ပါဝင်ပြီးတော့ အဆင်ပြေမှ အားလုံး သရုပ်ဆောင် ရတာ အချိတ်အဆက်မိမှာပါ။ ဟာသကားမှာက ကိုယ်တယောက်တည်း လုပ်ကွက် ထူးကဲပြီး ရနေတာမျိုးလည်း မဟုတ်ဘူး။ အားလုံးပူးပေါင်းရတဲ့ ဇာတ်ကားအမျိုးအစားပါပဲ”လို့ အိချောပိုက ဧရာဝတီကို ပြောပါတယ်။

” ကြွေ “ဇာတ်ကားကြီးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ အပျော်လေးတွေ၊ အလွဲလေးတွေ၊ ချစ်စရာကောင်းတဲ့ ပုံစံမျိုးလေးတွေနဲ့ လူငယ်ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ကတော့ အဆိုတော် လွှမ်းပိုင်ဖြစ်ပြီး လွှမ်းပိုင်နဲ့ ပထမဆုံးသရုပ်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျောင်းတက်တုန်းကတော့ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ပျော်စရာအမှတ်တရတွေပါပဲ။ အဲဒီ “ကြွေ” ရိုက်တုန်း ကလည်း ပျော်စရာအမှတ်တရလေးတွေရှိတာပေါ့” လို့လည်း အိချောပိုကဆိုတယ်။

ကိုယ်ပါဝင်ရတဲ့အခန်းကဏ္ဍမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်တယ်ဆိုတဲ့ အိချောပိုက လွှမ်းပိုင်နဲ့ တွဲဖက်သရုပ်ဆောင်ရာမှာလည်း အခက်အခဲ သိပ်မရှိဘူးလို့ ဆိုပါတယ်။ ဒါရိုက်တာခိုင်းတဲ့အတိုင်း အပေးအယူမျှအောင် သရုပ်ဆောင်ထားပြီး ခင်ခင်မင်မင် ညှိုနှိုင်း ရိုက်ကူးခဲ့တဲ့ဇာတ်ကားလို့လည်း ဆိုပါတယ်။

အိချောပိုက “ကြွေ “မှာ တကားလုံးနီးပါး မြန်မာဝတ်စုံတွေဝတ်ရပြီး ဒီဇိုင်နာမျိုးမင်းစိုးရဲ့လက်ရာတွေ ဖြစ်တယ်လို့ ဆိုပြီး အဝတ်အစားပိုင်းနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ကြွေ က အမှတ်တရတွေရှိတယ်။ ဒီကားစရိုက်တော့ မိုးတွင်းကြီးလေ။ Location အရလည်း တက္ကသိုလ်မိန်းထဲမှာပဲ ရိုက်တာလေ ။ တက္ကသိုလ် အငွေ့အသက်တွေ ပါတယ်။ တည်မိတာကလည်း မိုးတွင်းဆိုတော့ တဆင်းန်း ရိုက်မယ်ဆိုတိုင်း မိုးကရွာပြန်ရော။ အဲဒီတော့ မလှမှာစိုးတာနဲ့ တခါတလေဆို ဆင်းန်တဝက်တောင် မကျဘူးပေါ့နော်။ အဲဒါနဲ့ မိုးတွင်းပြီး တဲ့အထိ ပြန်စောင့်ရိုက်ခဲ့ရတယ်။ အဲဒါမျိုးရှိတယ်”

“နောက်ပြီး အသံပိုင်းဆိုရင်လည်း မိုးသံ၊လေသံတွေနဲ့ စောင့်ရိုက်ရတာတွေရှိတယ်။ အဲဒီကားမှာ အဲလိုလေးတွေ ဖြစ်ခဲ့တယ်။ ကြွေဆိုတဲ့အတိုင်း ကြွေပေါ့”လို့ အိချောပိုက ဆိုပါတယ်။ အိချောပိုက ရှေ့ဆက်မယ့်ပုံစံနဲ့ပတ်သက်ပြီးလည်း အခုလိုပြောပါတယ်။ “အိချောတို့ကတော့ ပြောင်းလဲလာတဲ့အပေါ် မူတည်ပြီး အကောင်းဆုံးကြိုးစားသွားရမယ်။ ပရိသတ်ကြိုက်နိုင်မယ့်ဇာတ်ကလေးတွေ ရွေးချယ်သွားမယ်။ ကိုယ့်အတွက်လုပ်ကွက်ရတဲ့ ဇာတ်လေးတွေ ရွေးချယ်ပြီးတော့ လက်ခံသွားမယ်”လို့ဆိုပါတယ်။

အိချောပိုက လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီးလည်း အေးအေးဆေးဆေးပဲဖြစ်ပြီး ချစ်တဲ့ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ “အောင်မြင်မှုအတွက် စိတ်ကျဉ်းကြပ်လားဆိုရင် မကျဉ်းကြပ်ပါဘူး။ ဘာလို့လဲဆိုတော့ သမီးက ကိုးတန်းကျောင်းသူ အရွယ်ကတည်းက အနုပညာစလုပ်တာဆိုတော့ အဲဒီကနေဘွဲ့ရပြီး ဆက်တိုက်ဆက်လုပ်တာလေ။ အိချောအနေနဲ့ စိတ်ကျဉ်းကြပ်တာတွေ Stress ဖြစ်တာတွေတော့မရှိပါဘူး။ ကိုယ့်ဟာကို အားလပ်ချိန်ရတဲ့အခါဆိုရင်လည်း အိမ်မှာပဲ စာအုပ်ဖတ်တာတို့ ၊သီချင်းနားထောင်တာတို့၊ ခရီးထွက်တာတို့ လုပ်ဖြစ်တယ်ဆိုတော့ အိချောအတွက် အခက်အခဲတော့ သိပ်မရှိပါဘူး” လို့ ဆိုပါတယ်။

အိချောပိုက လတ်လောအနေနဲ့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ ဟာသရုပ်ရှင်ကားကြီးတကားမှာ ကာရိုက်တာ နှစ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်နေပြီး တခြားသရုပ်ဆောင်များအနေနဲ့ လူမင်း၊ ခန့်စည်သူ၊ ရွှေသမီးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

The post “လက်ရှိမှာ ဟာသကားတွေပဲ ရိုက်ဖြစ်နေတယ်” ဆိုတဲ့ အိချောပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)