Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သားအိမ်မှာ အရည်တည်တဲ့အတွက် ခွဲစိပ်မှု ပြုလုပ်ရမယ့် ပိုင်ဖြိုးသု

$
0
0

သရုပ်ဆောင် ပိုင်ဖြိုးသုက သားအိမ်မှာ အရည်တည်တဲ့ ကျန်းမာရေး အခြေအနေကြောင့် ခွဲစိတ်မှု ပြုလုပ်ရမယ်လို့ ဧရာဝတီကို ဆိုပါတယ်။ ဒီခွဲစိတ်မှုကို UKနိုင်ငံမှာ သွားရောက်ခွဲစိတ်ဖို့ ရည်ရွယ်ထားပေမယ့် Visa မရတဲ့အတွက် မြန်မာနိုင်ငံမှာပဲ ခွဲစိတ်မှုပြုလုပ်တော့မယ်လို့ ဆိုပါတယ်။

“UK မှာ သွားခွဲမလို့ Visa မရတာနဲ့ ဒီမှာပဲ Grand Hantha ဆေးရုံမှာပဲ ဇွန်လ ၃ ရက်နေ့ ခွဲစိတ်မှာပါ။ ကြောက်တာတော့ မကြောက်ဘူး။ အစကတည်းက သုက ဒီမှာခွဲချင်တာ အဒေါ်က ဟိုမှာဆိုတော့ သူ့တူမ ခွဲစိတ်တာ သူ့မျက်စိအရှေ့ ဖြစ်စေချင်လို့သာ သွားကြမှာ။ အခုတော့ Visa လည်းမရဘူး၊ သုကတော့ ကိုယ့်နိုင်ငံမှာပဲ ကိုယ်ခွဲချင်တာ ဆိုတော့ အဆင်ပြေသွားတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားများရိုက်ကူးမှုကို ရပ်နားထားတယ်လို့ သိရပြီး အဲဒါနဲ့ ပတ်သတ်လို့ ပိုင်ဖြိုးသုက အခုလိုဆိုပါတယ်။

“ဒီရက်ပိုင်းက အနုပညာနဲ့ ပတ်သက်တဲ့ တခြားလှုပ်ရှားမှုတွေ နားထားတယ်။ ပွဲတက်တာတွေနဲ့ ကြော်ငြာရိုက်တာ လေးတွေပဲ လုုပ်ဖြစ်နေတယ်။ ကားရိုက်နားထားတယ်ဆိုတာလည်း သုသုရဲ့ ကျန်းမာရေးအရ ခွဲဖို့ရှိလို့ ကားရိုက်တွေ ဖျက်ထားတယ်။ ကျန်းမာရေးအခြေအနေက ကောင်းတော့ ကောင်းပါတယ်၊ ခွဲထုတ်လိုက်ဖို့တော့ လိုတာပေါ့နော်။ ခွဲလိုက်ရင်တော့ ကောင်းသွားပြီ” လို့ ဧရာဝတီကို ပြောပါတယ်။

ခွဲစိပ်မှုပြုလုပ်ပြီးတာနဲ့ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်မှာ ဖြစ်ပြီး ဇာတ်ကားများကိုတော့ ဇူလိုင်လမှ ပြန်လည် ရိုက်ကူးမယ်လို့ ပိုင်ဖြိုးသုက ဧရာဝတီကို ဆိုပါတယ်။

“သု နေပြန်ကောင်းသွားမှာပါ၊ ခွဲပြီးသွားရင်တော့ အရင်ကထက် အနုပညာအလုပ်တွေကို ပိုပြီးတော့ ကြိုးစားသွားပါ့မယ်။ အခု သားအိမ်မှာ အရည်တည်တာ အဲဒီအရည်ဆိုဒ်ကလည်း 7.5 cm လောက် ရှိနေပြီဆိုတော့ ခွဲလိုက်မှ စိတ်ချရမှာ ပေါ့နော်။ ဒီအတိုင်း ထားလိုက်လို့ အထဲမှာ ပေါက်သွားခဲ့ရင် လူအတွက် အန္တရာယ်ရှိတယ်။ သုအနုပညာ အလုပ်တွေကို ကြိုးစားပြီး လုပ်နေပါ့မယ်။ လုပ်ခွင့်ရတဲ့ ကာရိုက်တာတိုင်းမှာ ပရိသတ်အတွက် တာဝန်ကျေတဲ့ သရုပ်ဆောင် တယောက် ဖြစ်စေ ရပါ့မယ်” လို့လည်း ဆိုပါတယ်။

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်းနှစ်ရဲ့ စင်တင် မင်းသမီးတဦး ဖြစ်ခဲ့ပြီး ၂၀၁၇ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာလည်း (3Girls) “သရဲမ၊ ဘီလူးမနှင့် မိန်းမပျို” ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို ရရှိထားသူ တဦး ဖြစ်ပါတယ်။

The post သားအိမ်မှာ အရည်တည်တဲ့အတွက် ခွဲစိပ်မှု ပြုလုပ်ရမယ့် ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)