Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖိနှိပ်ခံရမှုတွေကို ခပ်ပါးပါး လှစ်ဟပြထားတဲ့ ဘောလိဝုဒ်ဇာတ်ကား “Rangasthalam”

$
0
0

ဒီတခါမှာတော့ IMDB rating (9.0) ရရှိထားတဲ့ အက်ရှင်ဒရာမာ အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Rating အမြင့်ကြီး ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတကားမို့ အများကြီးညွှန်းနေဖို့တောင် မလိုတော့ဘူးလို့ ထင်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Sukumar က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Ram Charan ၊ Aadhi နဲ့ မင်းသမီး Samantha Ruth Prabhu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ် ဝန်းကျင်က “Rangasthalam” ဆိုတဲ့ ကျေးရွာ တရွာက အဖြစ်အပျက်တွေကို အခြေခံ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အဲဒီရွာမှာ မွေးရာပါ အကြားအာရုံ ချို့ယွင်းနေတဲ့ “ချစ်တီးဘာဘူ” ဆိုသူဟာ လယ်တွေကို ရေသွင်းတဲ့အလုပ် လုပ်ပါတယ်။ အကြားအာရုံသာ ချို့ယွင်းနေပေမယ့် သူ့ရဲ့ မဟုတ်မခံ စိတ်ကြောင့် လက်သံပြောင်လွန်းသူရယ်လို့ ရွာမှာ နာမည်ကြီး နေသူ တယောက်ပါ။

ထူးဆန်းတာတခုက အဲဒီရွာမှာ ရွာက လယ်သမားတွေကို ချေးငွေ ထုတ်ချေးပြီး မတန်တဆ အတိုးတွေနဲ့ အမြတ်ကြီးထုပ် ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့အစည်းတခုလည်း ရှိနေပါတယ်။ ဒီအဖွဲ့အစည်းကို အဓိက ချုပ်ကိုင် ခြယ်လှယ်နေသူကတော့ ရွာမှာ နှစ်ပေါင်း ၃၀ ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းဟာ သူကြီးရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အကြွေးပြန် မဆပ်နိုင်တဲ့ လယ်သမားတွေရဲ့ လယ်တွေနဲ့ အိမ်တွေကို မတရား သိမ်းယူတာတွေကြောင့် ရွာက တချို့သော လယ်သမားတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်တဲ့ အထိတောင် ဖြစ်ခဲ့ရပါတယ်။ ရိုးအလှတဲ့ ရွာသူရွာသားတွေဟာ ဒီသူကြီးကို မလွန်ဆန်ရဲသလို သူကြီးနဲ့ ထိပ်တိုက် တွေ့သူ မှန်သမျှဟာလည်း တနည်းမဟုတ် တနည်း အသေဆိုးနဲ့ သေကြရတာကြောင့် သူကြီး ရွေးကောက်ပွဲ ရောက်တိုင်း သူကြီးနေရာကို ဘယ်သူမှ မယှဉ်ပြိုင်ရဲကြပါဘူး။

အဲဒီအချိန်မှာပဲ ဒီသူကြီးကို စိန်ခေါ်ပြီး သူကြီးနေရာကို ဝင်ပြိုင်မယ့်သူတဦး ထွက်ပေါ်လာပါတယ်။ သူကတော့ ဒူဘိုင်း ကနေ ပြန်လည် ရောက်ရှိလာတဲ့ ချစ်တီးဘာဘူရဲ့ အကိုဖြစ်သူ ကူမာရ်ဘာဘူပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ တိုင်တိုင် ရွာကို မတရားဖိနှိပ် အမြတ်ကြီးစားနေတဲ့ သူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ကြိုးစားနေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူ တယောက် ကာကွယ် သွားနိုင်မလား၊ ဒီသူကြီးကပဲ ရွာမှာ ဆက်လက်အုပ်ချုပ်ခွင့်ရသွားနိုင်မလား ဆိုတာကိုတော့ ဒီဇာတ်ကားကို ဆက်လက် ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဇာတ်ကားဟာ ကြည့်ရှုချိန် ၂ နာရီကျော် အချိန်ပေးရတာနဲ့ တန်အောင်ကို မထင်မှတ်ထားတဲ့ လှည့်ကွက်တွေကြောင့် ကြည့်ရှုသူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ တခြားသော အိန္ဒိယ အက်ရှင်ဇာတ်ကားတွေလို အိုဗာအက်ရှင်တွေ မပါဝင်ဘဲ ဇာတ်လမ်း အစကနေ အဆုံးအထိ မပျင်းရအောင် ရိုက်ကူးတင်ပြထားတာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေ အတွက် ညွှန်းဆိုပေး လိုက်ရပါတယ်။

The post ဖိနှိပ်ခံရမှုတွေကို ခပ်ပါးပါး လှစ်ဟပြထားတဲ့ ဘောလိဝုဒ်ဇာတ်ကား “Rangasthalam” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)