Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Billboard ထောင်ကာ မွေးနေ့မှာ Surprise လုပ်ခံခဲ့ရတဲ့ မအေးသောင်း

$
0
0

မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ မေလ ၂၇ ရက်နေ့မှာ အသက် ၃၄နှစ် ပြည့်သွားခဲ့ပါတယ်။

အသက် ၃၄ နှစ် အရွယ်မှာ ပထမဆုံးမွေးနေ့ လက်ဆောင်အဖြစ် မအေးသောင်းရဲ့ပုံနဲ့ Billboard (ကြော်ငြာ ဆိုင်းဘုတ်) ထောင်ကာ မွေးနေ့ဆုတောင်းပေးခြင်း ခံခဲ့ရတဲ့အတွက် အံ့သြဝမ်းသာ ဖြစ်ခဲ့ရတယ်လို့ မအေးသောင်း က ပြောပါတယ်။

မအေးသောင်းပုံနဲ့ Billboard ထောင်ကာ မွေးနေ့ Surprise လုပ်ထားတာ တွေ့ရစဉ်

“အသက်က ၃၄ နှစ်ပြည့်ပါ။ Billboard ထောင်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ အရမ်းကိုလည်း အံ့သြ ဝမ်းသာရပါတယ်။ မနက်က ဘုရားကျောင်းသွားတော့ သုဝဏ္ဏကွင်းဘက်က သွားဆိုပြီး Message ရပြီးသွားတာ။ အဲဒီနေရာမှာ ဘေဘုတ်ထောင်ထားတော့တွေ့တော့ အရမ်းကိုအံ့သြပြီး အကြာကြီး ငေးပြီးတော့ ကြည့်နေမိတာ။ ပထမဆုံးအကြိမ်ပါ။ အံ့သြလည်းအံ့သြ ဝမ်းလည်းသာတယ်။ ဝမ်းသာသလို ငိုချင်သလို ဖြစ်တယ်” လို့ မွေးနေ့ရှင် အေးဝတ်ရည်သောင်းက ပြောပါတယ်။

သူမရဲ့ ဒီနှစ်မွေးနေ့မှာတော့ အရင်နှစ်များထက် သူမကိုချစ်ခင်ကြတဲ့သူတွေ ပိုမိုများပြားလာတဲ့အတွက် အလှူအတန်း တွေ ပိုလုပ်လာနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အသက်တရက် ပိုကြီးလာတယ်ပေါ့။ ရင့်ကျက်မှုကတော့ အခုထိတော့ ကြိုးစားနေဆဲပါပဲ။ အဓိကကတော့ လူတွေပေါ်မှာ သည်းခံခြင်း ၊ ခွင့်လွှတ်ခြင်း၊ အချိန်တိုင်းမှာ ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင်နေတတ်တာတို့ အသေးစိတ်အစ ဂရုစိုက် တတ်လာတယ်။ လူတိုင်းက အသက်ရှင်ရတာ ခဏလေးပဲ။ အဲဒီအချိန်တွေ အကုန်လုံးကိုတန်ဖိုးထားပြီး လက်ရှိ အသက် ရှင်နေတဲ့ အချိန်လေးကို တန်ဖိုးထားပြီး ပျော်နိုင်ပါစေ”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ ၃၄ နှစ်ပြည့် မွေးနေ့မှာတော့ စိန့်မေရီဘုရားကျောင်းမှာ ကျိုက်ဝိုင်း မသန်စွမ်းကျောင်း ၊ ကျိုက်ဝိုင်း မိဘမဲ့ကျောင်းနှင့် မေရီချက်မင်းကျောင်းမှ ကလေးငယ်များကို ခေါ်ပြီး အလှူ ပြုလုပ် ခဲ့ပါတယ်။

မအေးသောင်းရဲ့ ၃၄ နှစ်ပြည့်မွေးနေ့နဲ့ ပတ်သက်ပြီးတော့လည်း Facebook လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ အသက်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုအချို့လည်း ရှိနေပါတယ်။ အေးဝတ်ရည်သောင်း တဖြစ်လဲ မအေးသောင်းကတော့ ယခုအခါမှာ တကျော့ပြန် ပြန်လည် အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။

The post Billboard ထောင်ကာ မွေးနေ့မှာ Surprise လုပ်ခံခဲ့ရတဲ့ မအေးသောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ