Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တကယ့် စိတ်ရောဂါကုဆေးရုံကြီး အကြောင်း ရိုက်ထားတဲ့ “Gonjiam : Haunted Asylum” ရုပ်ရှင်

$
0
0

JCGV ရုပ်ရှင်ရုံတွေမှာ လက်ရှိပြသနေတဲ့ ရုပ်ရှင်တွေထဲက “Gonjiam : Haunted Asylum” ရုပ်ရှင်မှာ ပါဝင်တဲ့ Gonjiam ဆေးရုံကြီးဟာ ကိုရီးယားနိုင်ငံမှာ အမှန်တကယ် တည်ရှိတာဖြစ်ပြီး ယနေ့တိုင် အဲ့ဒီနိုင်ငံရဲ့ ချောက်ချားဖွယ် အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။

CNN သတင်းဌာန သတ်မှတ်ထားတဲ့ ကမ္ဘာပေါ်က ကြောက်မက်ဖွယ် အကောင်းဆုံး နေရာ ၇ ခုထဲမှာလည်း Gonjiam ဆေးရုံက တခုအပါအဝင် ဖြစ်ပါတယ်။ ဒီစိတ်ရောဂါကု ဆေးရုံကြီးက ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးပြည်နယ်မှာ တည်ရှိတာ ဖြစ်ပြီး အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ၁၉၉၆ ခုနှစ်ကတည်းက ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံ ပိတ်သိမ်းကာစ အချိန်ကတည်းက “သရဲခြောက်တယ်” ဆိုတဲ့ သတင်းအရ လူသူအရောက်အပေါက် နည်းခဲ့တဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။

ဆေးရုံကြီးက ဘာကြောင့် ကြောက်လန့်စရာတွေ ရှိနေလဲ ဆိုပြီး လေ့လာခဲ့တဲ့ သူတချို့ ပြောဆိုချက်အရ ဒီဆေးရုံကြီးမှာ ဆရာဝန်တွေ၊ လူနာတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေဟာ သုံးလက်စ ပုံစံအတိုင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဆေးရုံကြီးက အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ရုတ်တရက် ပိတ်ခဲ့ရတာ ဖြစ်တယ်လို့ ကောက်ချက်ချ ခဲ့ကြတာပါ။

ဆေးရုံကြီးနဲ့ ပတ်သက်တဲ့ အခြား ကောလဟာလတွေ၊ ပါးစပ်ရာဇဝင်တွေကတော့ ကိုရီးယားနိုင်ငံအတွင်း မရေတွက် နိုင်လောက်အောင် ပြောနေကြဆဲပါ။ ဆေးရုံအတွင်း ဝန်ထမ်းတွေ ဆရာဝန်တွေ လူနာတွေဟာ အကြောင်းအရင်း မရှိဘဲ ဆက်တိုက် သို့မဟုတ် တပြိုင်နက် သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

သာမန် ဆေးရုံ အဟောင်းကြီးတွေတောင် ကြောက်လန့်စရာ ကောင်းနေတတ်ပြီး အခုလို စိတ်ရောဂါကု ဆေးရုံ၊ စိတ္တဇ ဆေးရုံကြီး ရုတ်တရက် ပိတ်သိမ်းရတဲ့ အဖြစ်က ဒေသခံတွေအတွက် ပိုပြီး ကြောက်လန့်စရာ ဖြစ်နေပါတယ်။ ဆေးရုံကြီးရဲ့ ပဟေဠိကိုတော့ ရုပ်ရှင်ကားကြီးထဲမှာ အဖြေပေးထားနိုင်မလား ဆိုတာ ကိုယ်တိုင်သွားရောက် ကြည့်ရှုဖို့ တိုက်တွန်းချင် ပါတယ်။

ဆေးရုံပိုင်ရှင်ကတော့ ဒီရုပ်ရှင်ကား ရိုက်ကူးတဲ့အတွက် ဆေးရုံဟာ နာမည်ဆိုး ထွက်နိုင်တယ်ဆိုပြီး ရုပ်ရှင်ဖန်တီးတဲ့သူကို တရားစွဲတဲ့ အဖြစ်တွေ ဖြစ်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာ စိတ္တဇဆေးရုံကြီးထဲကို သွားရောက် ရိုက်ကူးထားတဲ့ ရိုက်ကူးရေး အဖွဲ့တဖွဲ့ရဲ့ ထိတ်လန့်စရာ ဖြစ်ရပ်ကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

The post တကယ့် စိတ်ရောဂါကုဆေးရုံကြီး အကြောင်း ရိုက်ထားတဲ့ “Gonjiam : Haunted Asylum” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ