Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Miss Universe Myanmar ပြိုင်ပွဲဟာ စိန်ခေါ်မှု အများဆုံးပွဲ” လို့ ပြောတဲ့ နိုနိုကေ

$
0
0

အလှမယ်ပြိုင်ပွဲ များစွာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆုများစွာ ရရှိထားတဲ့ အလှမယ်နိုနိုကေကတော့ မကြာခင်မှာ ကျင်းပမယ့် Miss Universe Myanmar ပွဲကြီးမှာ ရန်ကုန်ကိုယ်စားပြု အလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တဲ့ အတွက် ဒီပွဲဟာ သူမအတွက် စိန်ခေါ်မှု အများဆုံးပွဲ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“Body Building ကို ၂နှစ်လောက် အချိန်ယူပြီးလုပ်ရတယ်။ ဒီပြိုင်ပွဲအတွက်ကိုပေါ့။ အလှအပဆိုင်ရာ အတွက်လည်း ၂ နှစ် လောက် အချိန်ယူခဲ့တယ်။ အားလုံး ၂ နှစ်စီ အချိန်ယူပြီးတော့ ပြင်ဆင်ရတဲ့အတွက် ဒီပွဲက ညီမအတွက် စိန်ခေါ်မှု အများဆုံး ရှိတဲ့ပွဲလို့ ပြောလို့ရတယ်” လို့ အလှမယ် နိုနိုကေက ဧရာဝတီကို ပြောပါတယ်။

Miss Universe ပြိုင်ပွဲများကို ယခင်ကတည်းက လေ့လာခဲ့ပြီး ဒီပွဲကို ယှဉ်ပြိုင်ရန်အတွက် အတွေ့အကြုံများ အများကြီး လိုမှာ ဖြစ်တဲ့အတွက် အခြားပြိုင်ပွဲများကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဝင်ပြိုင်ပြီးပြီလို့ နိုနိုကေက ဆိုပါတယ်။ ဒါကြောင့် ပြိုင်ပွဲ အတွေ့အကြုံများ ရလောက်ပြီ ထင်ကာ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“Miss Universe ဆိုတာ ညီမ Miss ပြိုင်ပွဲတွေ စပြိုင်တဲ့ ၂၀၀၉ ခုနှစ် ကတည်းက Miss Universe အကြောင်းကို အခွေကနေတဆင့် လေ့လာတယ်။ Catwalk ပိုင်းဆိုင်ရာကို လေ့လာတယ်။ အရင်ကတည်းက Miss Universe တယောက် ဖြစ်ချင်တဲ့ အိမ်မက်က အခုချိန်မှာဆိုရင် ပထမဆုံး ခြေလှမ်းလို့ ပြောလို့ရတယ်ပေါ့”

“အရင်က တခြားပြိုင်ပွဲတွေကို ဦးစားပေးဖြစ်တယ်။ Miss Universe ပြိုင်ပွဲက အများကြီး ပြင်ဆင်ဖို့ လိုတယ်လို့ ယုံကြည်တယ်။ နံပါတ် ၂ အချက်က အတွေ့အကြုံတွေ အများကြီး လိုဦးမယ်ထင်လို့ တခြားပွဲတွေကို အရင်ဆုံး ဦးစား ပေးပြီးတော့ ပြိုင်ဖြစ်တယ်။ အဲဒီတွေကနေ အတွေ့အကြုံရလောက်ပြီ အခုဆိုရင် အဆင်ပြေလောက်ပြီ ထင်တော့မှ ဒီပွဲကို ဒီနှစ်မှာ ရန်ကုန်ကိုယ်စားပြု အနေနဲ့ ပြိုင်တာပါ” လို့ နိုနိုကေက ပြောပါတယ်။

ပြိုင်ပွဲဝင်ပြိုင်တဲ့ ယုံကြည်မှုအပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း “ယုံကြည်ချက်ကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ ပြိုင်ပွဲကြီး မစခင်ကတော့ အဲဒီလိုမျိုးပါပဲ။ ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုရှိအောင်လို့တော့ ပြင်ဆင်ထားရတာပေါ့။ Body ၊ Beauty ၊ Brain ၃ ချက်ပေါ့နော်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်လို့ မနည်းကြိုးစား ပြင်ဆင်ထားရပါတယ်။ ပြီးတော့ အကောင်းမြင်စိတ်တွေ အများကြီးရှိအောင်လို့ စာအုပ်တွေ အများကြီးဖတ်ပြီး ပြင်ဆင်ထားပါတယ်”လို့ နိုနိုကေက ပြောပါတယ်။

ပြိုင်ပွဲမှာ Talent ပိုင်းအနေနဲ့ တယောထိုးခြင်းကို ကျွမ်းကျင်တဲ့အတွက် ပြိုင်ပွဲမှာ တယောထိုး ပြသွားမယ်လို့ နိုနိုကေက ဆိုပါတယ်။ အလှမယ် နိုနိုကေကတော့ ၂၀၀၉ ခုနှစ်မှ စတင်ကာ Miss ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆု များစွာကို ရရှိခဲ့သူတဦး ဖြစ်ပါတယ်။

The post “Miss Universe Myanmar ပြိုင်ပွဲဟာ စိန်ခေါ်မှု အများဆုံးပွဲ” လို့ ပြောတဲ့ နိုနိုကေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ