Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိဘမဲ့ကလေး အယောက် ၇၀ ကျော်ကို “လက်စားချေ နတ်သမီး” ရုပ်ရှင် အခမဲ့ ပြသမည်

$
0
0

Top One ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ထွက်ရှိလာတဲ့ “လက်စားချေ နတ်သမီး” ရုပ်ရှင်ဇာတ်ကားကြီးကို မြောက်ဒဂုံ မိဘမဲ့ကလေးကျောင်းမှ ကလေးငယ်များကို ရုပ်ရှင်ရုံကိုခေါ်ပြီး အခမဲ့ ပြသသွားမယ်လို့ သိရပါတယ်။

ပြသမယ့်ရက်ကတော့ ယခုလ၊ မေလ၂၆ ရက်နေ့ မနက်ပိုင်း ဒေါပုံမြို့နယ်မှာရှိတဲ့ Mega Ace Cineplex Capital ရုံမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာ လာရောက်ပြီး မကြည့်နိုင်တဲ့ ကလေးတွေကို ရုပ်ရှင်ရုံမှာ လာကြည့်စေချင်တဲ့ စေတနာနဲ့ ဒါရိုက်တာ ညိုမင်းလွင်က အကြံပေးတဲ့အတွက်ကြောင့် ထုတ်လုပ်ရေးက အခုလို စီစဉ်ဖြစ်သွားတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က “အဓိကက ရုပ်ရှင်ရုံကို တခါမှလာမကြည့်နိုင်တဲ့ ကလေးတွေ ရုပ်ရှင်ရုံကို မရောက်ဖူးတဲ့ ကလေးတွေကို ရုပ်ရှင်ပြချင်လို့။ အဓိက သူတို့ကို ရုပ်ရှင်ခေါ်ပြချင်တာ။ လက်မှတ်ခတွေ ဈေးကြီးလာတာနဲ့ အမျှ ရုပ်ရှင် မကြည့်ကြတော့ဘူး။ အဲ့တာကြောင့် အဲ့လိုကလေးတွေကို ခေါ်ပြမယ်ဆိုပြီး အကြံပေးလိုက်တာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

ကလေးတွေကို ဖိတ်ကြားခေါ်ဆိုမှုနဲ့ ပတ်သတ်ပြီး စီစဉ်နေသ ူကိုသက်ဦးတင်က “ကျနော်တို့ မြောက်ဒဂုံက ရီမာမိဘမဲ့ ကလေးဂေဟာ ကျောင်းက ကလေးတွေကို ကျတော်တို့ကားနဲ့ အကြိုအပို့ လုပ်ပေးပြီး ရုပ်ရှင်ကြည့်စေမှာပါ။ ကလေး အယောက်(၇၀) လောက်တော့ ကျနော်တို့ကို ပြောထားတယ်။ ဒါပေမယ့် အဲ့ထက်ကျော်ရင် ကျော်မယ်။ ကျနော်တို့ကို ကိုညိုက ဒီလိုမကြည့်နိုင်တဲ့ ကလေးတွေကို ပြသရင် ကောင်းမှာပဲ ဆိုပြီးအကြံပေးလို့ လုပ်ဖြစ်တာပါ။ ကလေး တွေကိုလည်း ချစ်ခင်သနားတဲ့ စိတ်နဲ့ ကျနော်တို့ပြပေးတာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

“လက်စားချေ နတ်သမီး” ရုပ်ရှင်ဇာတ်ကားကြီး ဟာ ပဟေဠိတွေ၊ လျှို့ဝှက်ချက်တွေ ၊ ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားတကား ဖြစ်တယ်လို့ သိရပါတယ်။

The post မိဘမဲ့ကလေး အယောက် ၇၀ ကျော်ကို “လက်စားချေ နတ်သမီး” ရုပ်ရှင် အခမဲ့ ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ