Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိပ်ပျော်နေစဉ်အတွင်း ဘာကြောင့် သွားကြိတ်ခြင်း ဖြစ်ပေါ်ရသလဲ

$
0
0

အိပ်ပျော်နေစဉ်အတွင်း သွားကြိတ်ခြင်းဟာ စိတ်ဖိစီးမှုများသူတွေ အများစုမှာ ဖြစ်လေ့ရှိပါတယ်။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းဟာ မိမိကိုယ်တိုင် မသိပေမယ့် မနက်အိပ်ရာ နိုးတဲ့အခါ မေးရိုးတွေ နာကျင်ခြင်း၊ သွားကျဉ်ခြင်းနဲ့ ခေါင်းကိုက်ခြင်း ဝေဒနာတွေ ခံစားနေရတတ်ပါတယ်။

သွားကြိတ်တဲ့အခါ အသုံးပြုရတဲ့ အားပမာဏဟာ အစားအစာတွေ ဝါးတဲ့အခါ အသုံးပြုရတဲ့ အားပမာဏထက် ၆ ဆ လောက် အသုံးပြုရတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ သွားကြိတ်ခြင်းကြောင့် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆလို့ ရပေမယ့် ရေရှည်မှာ သွားတွေကို ပျက်စီးစေနိုင်ပြီး ခံတွင်းကျန်းမာရေးနဲ့ ပက်သက်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သွားတွေ ယိုင်နဲ့လာတာ၊ မေးရိုးနာတာမျိုးနဲ့ မျက်နှာကြွက်သားတွေ တောင့်တင်းတာမျိုးတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ သွားနဲ့ ခံတွင်းဆိုင်ရာ ဆေးပညာရှင်တွေနဲ့ သွားရောက် ပြသသင့်ပါတယ်။

သွားကြိတ်ခြင်းဟာ သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်ပြီး သွားမှာရှိတဲ့ dentin tissue တွေကိုပေါ်စေပြီး သွားရဲ့ အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းဟာ အိပ်စက်မှုပုံစံနဲ့ သက်ဆိုင်သလို စိုးရိမ်စိတ် များသူတွေ၊ ကဖင်းဓာတ် အလွန်အကျွံ စားသုံးသူတွေမှာ ဖြစ်လေ့ရှိတာကြောင့် ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ များများ စားသုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် အရက်သေစာ ပုံမှန်သောက်စား တတ်သူတွေမှာလည်း ဖြစ်ပေါ်လေ့ ရှိတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

သွားကြိတ်ခြင်းဟာ မကောင်းတဲ့ အလေ့အကျင့် တခုဖြစ်သလို မိမိကိုယ်တိုင်နဲ့ ဘေးမှာ အိပ်စက်နေတဲ့ တခြားသူတွေကို အနှောင့်အယှက် ဖြစ်စေတာကြောင့် သင်ဟာ အိပ်ပျော်နေစဉ်မှာ သွားကြိတ်တတ်သူ တယောက်ဆိုရင်တော့ သွားနဲ့ခံတွင်းဆိုင်ရာ ဆေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Ref; india.curejoy.com

The post အိပ်ပျော်နေစဉ်အတွင်း ဘာကြောင့် သွားကြိတ်ခြင်း ဖြစ်ပေါ်ရသလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ