Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမေ့မေတ္တာနဲ့ သမီးအနုပညာ အားစမ်းကြမယ့် Two Lady Showနဲ့ မိုင်သားအမိ

$
0
0

တေးသံရှင် ရတနာမိုင်နဲ့ မိခင်ဖြစ်သူမိုင်တို့ရဲ့ နှစ်ဦးတွဲ ဂီတဖျော်ဖြေပွဲကို ဒီနှစ်ကုန်လောက်မှာ လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သတ်လို့  အဆိုတော်မိုင်က “လုပ်ချင်တယ်။ လုပ်ဖို့လည်း အမြဲတမ်း စိတ်ကူးရှိတယ်။ လုပ်လည်းလုပ်ဖို့ စီစဉ်ထားတယ်။ ဒီအလုပ်ဆိုတာလည်း ချက်ခြင်းထလုပ်လို့ မရဘူးလေ။အန်တီက အသက်အရွယ်ကလည်းကြီးလာတယ်”

“အခုအချိန်မှာ တော်တော်တော့ အားနည်းနေပြီ ။ အမြဲတမ်းလည်းဆိုနေကျ အလေ့အကျင့်မရှိဘူး ။ နည်းနည်းတော့ အခက်အခဲရှိတာပေါ့ ။ အချိန်လည်းနည်းနည်းယူရမယ်။ ၂၀၁၈ အောက်တိုဘာမှာ မလုပ်ဖြစ်ရင်တော့ ၂၀၁၉ ဖေဖော်ဝါရီမှာ လုပ်မယ်လို့တော့ စိတ်ကူးထားတယ်”လို့ မိခင်ဖြစ်သူ မိုင်က ဧရာဝတီကို ပြောပါတယ်။

လုပ်ဖြစ်မယ့်ပွဲနဲ့ ပတ်သတ်ပြီးတော့လည်း အဆိုတော်မိုင်က”လုပ်မယ့်လုပ်တော့လည်း ပရိသတ်တွေ ၊လာကြည့်တဲ့သူတွေ ပသာဒ ဖြစ်အောင်လုပ်ချင်တယ်။သမီးရော၊အမေရော နှစ်ယောက်တွဲပွဲဆိုတော့လည်း ဖြစ်သလိုလုပ်လို့ မရဘူး။ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ ပြင်လွန်းရင်ဖင်ချွန်းတယ်လို့ဆိုတဲ့စကားရှိတော့ ရိုးရိုးလေးနဲ့ အကောင်းဆုံး  ဖြစ်အောင်လုပ်မယ်လို့ စဉ်းစားထားပါတယ်” လို့ဆိုပါတယ်။

သမီးဖြစ်သူ ရတနာမိုင်ကလည်း ဒီပွဲနဲ့ ပတ်သတ်လို့ ” မေမေပင်ပန်းမှာစိုးလို့ သမီးကတော့အချိန်ယူပြီး နှစ်ကုန်ခါနီး လောက်မှ လုပ်ချင်တယ်။ ခေါင်းအေးအေးနဲ့၊ အေးအေးဆေးဆေးလေးနဲ့ပေါ့။ မေ့မေ့ သီချင်းသမီးဆို ၊ သမီးသီချင်းကို မေမေကဆို အစီအစဉ်လေးမျိုးလည်း ပါမှာပါ ။ စိတ်ကူးတွေကတော့ အပြည့်ရှိပါတယ်။မေမေနဲ့ သမီးမတူတဲ့ Performance တွေနဲ့ သီချင်းတွေအများကြီး လုပ်သွားပါမယ်။ ကိုယ်လည်းဘဝမှာ အမှတ်တရဖြစ်သွားအောင် ကိုယ့် သားသမီးတွေ ခေတ်ကျရင်လည်း အဘွားတို့၊ အမေတို့တုန်းက ဘယ်လိုဆိုပြီးတော့ပြန်ပြောပြလို့ရမယ့် အမှတ်တရလေး ဖြစ်အောင်တောင် လုပ်ချင်တယ်”လို့ ဆိုပါတယ်။

မိခင်ဖြစ်သူမိုင်ရဲ့”မောင်နဲ့ မလွမ်းပို သီချင်းကို ပြန်ဆိုခဲ့ရာမှာ ပရိသတ်အားပေးမှု ရခဲ့တဲ့အတွက် မလွမ်းပို တခေတ် ဖြစ်ခဲ့ ပါသေးတယ်။ ဒါနဲ့ ပတ်သတ်လို့ ရတနာမိုင်က”မလွမ်းပို တခေတ်ဖြစ်ခဲ့တယ်ဆိုတာ သမီးလက်ခံသွားပါပြီ။ အခုဆို ဘယ်သွားသွား မလွမ်းပိုဆိုပေးပါ ဆိုတာကြီးပဲ”လို့ ဖြေခဲ့ပါတယ်။

ဒီသီချင်းနဲ့ ပတ်သတ်လို့ အဆိုတော်မိုင်ကတော့ “ဒီသီချင်းလေးကသမီးကို အမေ့မေတ္တာအား၊သမီးအနုပညာအားနဲ့ ဘယ်လောက် အားပေးမှုရှိမလဲလို့ စမ်းသပ်တဲ့သဘောနဲ့ ဆိုခိုင်းလိုက်တာ။သူကတော့ လုံးဝ မဆိုချင်ဘူး။ ဒါပေမယ့် တပုဒ် လောက်တော့ ဆိုပေးပါဆိုပြီး ဆိုခိုင်းလိုက်တာ။ မငြင်းတော့ဘဲနဲ့ အမေ့စကားနားထောင်ပြီး ဆိုပေးခဲ့တယ်။ မထင်မှတ်ဘဲ ပရိတ်သတ်အားပေးတော့ အမေကအဲဒီလို နာမည်ကြီးခဲ့တာလားတဲ့။ဘာလို့မလွမ်းပိုကို အဲဒီလို ကြိုက်ကြတာလဲတဲ့။ အဲဒီလိုဖြစ်သွားပါတယ်။ တကယ်တော့ အန်တီကိုယ်တိုင်တောင် အဲဒီသီချင်းကို မကြိုက်ခဲ့ဘူး။ ပရိသတ်ကတော့ ကြိုက်ကြတယ်။ တခါတလေ အဲဒီလို သီချင်းမျိုးတွေ ရှိပါတယ်”လို့လည်း မိုင်က ပြောပြခဲ့ပါတယ်။

The post အမေ့မေတ္တာနဲ့ သမီးအနုပညာ အားစမ်းကြမယ့် Two Lady Showနဲ့ မိုင်သားအမိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)