Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထွန်းတောက်လာသူ ရွှေမှုံရတီ

$
0
0

ယနေ့၊ မေလ ၁၅ ရက်နေ့ဟာ သရုပ်ဆောင် ရွှေမှုံရတီ ရဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက အနုပညာလောကကို ရောက်ရှိလာတာ အချိန် ၆ နှစ်ကျော်နီးပါး ရှိပြီ ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

အနုပညာလောကကို အနုပညာပျိုးခင်းအတွက် မင်းသားကြီးများမှ မင်းသမီးအသစ် ၃ ဦးခေါ်ခဲ့တဲ့ အထဲမှာ ရွှေမှုံရတီ ပါဝင်ခဲ့ပြီး အဲဒီ အချိန်တုန်းက အသက် ၁၅ နှစ်နီးပါးပဲ ရှိခဲ့ပါသေးတယ်။ အသက်ငယ်ပေမယ့် သရုပ်ဆောင်မှုပိုင်းမှာတော့ ရွှေမှုံရတီက ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အချိန်တိုအတွင်းမှာ ပရိသတ်လက်ခံ အားပေးခြင်း ခံရတဲ့ မင်းသမီးတဦး ဖြစ်လာခဲ့တာပါ။

သရုပ်ဆောင်နေတိုးနဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားမှာ ရွှေမှုံရတီရဲ့ သရုပ်ဆောင်မှု အပိုင်းကြောင့် ပရိသတ်ပိုမို ရရှိခဲ့ပြီး၊ နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယို ဇာတ်ကားများမှာလည်း ပီပြင်တဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် အားပေးနှစ်ခြိုက်ခြင်း ခံခဲ့ရပါတယ်။

အိမ်နာမည် ချစ်စနိုးနဲ့ “သဲသဲ” လို့ခေါ်တဲ့ ရွှေမှုံရတီက အွန်လိုင်းမီဒီယာတွေ ကြားမှာလည်း ရေပန်းစားတဲ့ အနုပညာရှင် တဦးပါ။ ရွှေမှုံရတီ တင်လိုက်တဲ့ အလှဓာတ်ပုံ၊ ရေကူးဓာတ်ပုံများကလည်း ပရိသတ်များကြား အမြဲလိုလို အားပေးခြင်း ခံရပါတယ်။ ရေကူးကန် အလှပုံများအတင်များလို့ Toller Page များမှာ အမြဲတမ်းလိုလို Troll ခံရပြီး တချို့ ပရိသတ်များရဲ့ ဝေဖန်မှုပြင်းပြင်းထန်ထန် ခံရတဲ့ မင်းသမီး တဦးလည်းဖြစ်ပါတယ်။

မင်းသမီးရွှေမှုံရတီ (ဓာတ်ပုံ – Shwe Mhone Yati’s Facebook)

ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုပြောပြော ကိုယ်စိတ်ကြိုက်ပုံစံနဲ့ပဲ ဘဝကို ရှေ့ဆက်နေတဲ့ မင်းသမီးတဦး ဖြစ်ပါတယ်။ သရုပ်ဆောင်လောကကို ဝင်လာခါစထက် အခုချိန်မှာ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီးလည်း ပြောင်းလဲလိုက်တဲ့အတွက် ပိုပြီး ဖက်ရှင်ပိုင်းမှာ ပိုပြီး အထာကျတဲ့ သရုပ်ဆောင် မင်းသမီးတဦး ဖြစ်လာပါတယ်။

အကယ်ဒမီပွဲ တက်တိုင်းလည်း အမြဲလိုလို စောင့်ကြည့်ခံရသူတဦး ဖြစ်တာကတော့ ဖက်ရှင်းပိုင်းမှာ ဈေးကြီးလွန်းတဲ့ ဖိနပ်စီးပြီး တက်ရောက်ခဲ့တဲ့အတွက် ရေပန်းစားခဲ့သလို ဒီနှစ် အကယ်ဒမီပွဲမှာလည်း အကျီဝတ်ရုံရှည်ကို နောက်က ကိုင်ပေးထားတဲ့ မိန်းကလေးငယ်များနဲ့ ပွဲတက်လာခဲ့တာကြောင့်ပါ။

ရွှေမှုံရတီရဲ့ နောက်ပိုင်း ပွဲတက် ဖက်ရှင်များကလည်း စမတ်ကျကျနဲ့ အနောက်တိုင်းဆန်ဆန် အပြင်အဆင်များနဲ့ တွေ့မြင်လာတဲ့အတွက် ရွှေမှုံရတီက ဖက်ရှင်ဘက်မှာလည်း အထာကျတဲ့ မင်းသမီး တဦးအဖြစ် လက်ခံအားပေးခြင်း ခံလာရပါတယ်။

Facebook အကောင့်မှာလည်း အမြဲလိုလို အသည်းကွဲစာသားတွေ၊ Feeling စာသားတွေ တင်ထားတတ်လို့ အချစ် အတွက် ခံစားတတ်တဲ့ မင်းသမီးဖြစ်တယ်လို့လည်း ပရိသတ်က သတ်မှတ်ထားကြပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ပြီး ချစ်သူကို ထုတ်ပြထားတဲ့ ပွင့်လင်းတဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

မကြာခဏဆိုသလို အလှူအတန်း ပြုလုပ်တတ်တဲ့ ရွှေမှုံရတီက ဒီနေ့ကျရောက်တဲ့ မွေးနေ့အလှူကိုလည်း မှော်ဘီမှာ ရှိတဲ့ အောင်ဇဗ္မူတောရ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီး ကုသိုလ်ယူမယ်လို့ သိရပါတယ်။

The post အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထွန်းတောက်လာသူ ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)