Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝိတ်ချမယ့် သင့်ကို အားတက်စေမယ့် နည်းလမ်း ၅ သွယ်

$
0
0

ဝိတ်ချမယ်လို့သာ အော်နေပေမဲ့ ဘာမှ ထူးခြား မလာဘူး၊ တနေ့တနေ့ အချိန်သာကုန်သွားတယ် ဝိတ်မချဖြစ်ဘူး ဆိုရင် သင့်ကိုယ်သင် ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ပါးစပ်ကသာ ချမယ်ပြောပြီး အစားနဲ့ ပါးစပ်မပျက်သူတွေ၊  လေ့ကျင့်ခန်း လုပ်ဖို့မအားဘူး ဆိုတဲ့သူတွေအတွက် အမှန်တကယ် ဝိတ်ချဖြစ်အောင် အားတက်စေမယ့် နည်းလမ်းတွေ  မျှဝေပေး လိုက်ပါတယ်။

(၁) စိတ်

အမှန်တကယ် ပြောင်းလဲဖို့ အရေးအကြီးဆုံးက စိတ်ပါ။ တကယ်တမ်း ဝိတ်ကျသွားတဲ့သူတွေမှာ ပြင်းထန်တဲ့စိတ်၊ မဖြစ်မနေ ပြောင်းလဲရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။ ဒါကြောင့် သင်က တကယ်ပြောင်းလဲချင်တယ်ဆိုရင် သင့်စိတ်ကို တွန်းအားပေးမဲ့ အရာတခု လိုအပ်ပါတယ်။ ဥပမာ သင့်ကို လှောင်ပြောင်တဲ့သူတွေ (သို့မဟုတ်) ဝလို့ ပစ်သွားတဲ့ ရည်းစားဟောင်းအပေါ် နောင်တရစေချင်တဲ့ စိတ်မျိုးနဲ့ ပြောင်းလဲကြည့်ပါ။

(၂) အစားအသောက်

စားနေကျ အစားအသောက်တွေကနေ ပြောင်းလဲကြည့်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ကို ဝိတ်ကျစေသလို အသားအရေပါ လှလာမှာပါ။ ဒါကြောင့် တနေ့မှာအစိမ်းရောင်အရွက်၊ အသီးတွေကို စားဖြစ်အောင် အချိန်သတ်မှတ်ပါ။

(၃) Group ထဲဝင်ပါ

ဖေ့စ်ဘွတ်ပေါ်မှာ အချိန်ဖြုန်းမယ့်အတူတူ ဝိတ်ချဖို့လုပ်ထားတဲ့ Group တွေရှိပါတယ်။ အဲဒီ့အထဲမှာ  ပြောင်းလဲသွားတဲ့ သူအချို့ကို ကြည့်ရင်း အားမွေးပါ။ မိမိလည်းအမှန်တကယ် ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။

(၄) Idol ထားပါ

ဝရာကနေ ပိန်လာတဲ့ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်တွေ ရှိပါတယ်။ သူတို့ကို follow လုပ်ထားပြီး ဘယ်လို  ပြောင်းလဲလာတယ်ဆိုတာ လေ့လာပါ။

(၅) Gym သွားပါ။

မဖြစ်မနေ ဆော့ကိုဆော့ရတဲ့အခြေအနေထိ သတ်မှတ်ထားပါ။ သင့်စိတ်ကိုသင်မနိုင်ဘူးဆိုရင် ၃ လစာ  ပေးထားတာ မျိုးလုပ်ပြီး သွားဆော့ကြည့်ပါ။ အားကစားလုပ်ခြင်းက ကိုယ်ရေစစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

ဒီလိုနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် အမှန်တကယ် ပြောင်းလဲလာမှာပါ။ ဒါကြောင့် ပျင်းမနေတော့ဘဲ  ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရအောင် ကြိုးစားကြည့်ပါ။

The post ဝိတ်ချမယ့် သင့်ကို အားတက်စေမယ့် နည်းလမ်း ၅ သွယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)