Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နောက်ထပ် ရိုက်ကူးမယ့် “Deadpool” ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆန္ဒရှိနေတဲ့ ဒေးဗစ်ဘက်ခမ်း

$
0
0

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သရုပ်ဆောင် Josh Brolin ရဲ့ ထောက်ခံပေးမှုနဲ့ နောက်လာမယ့် “Deadpool” ရုပ်ရှင်မှာ ပါဝင်ချင်တယ်လို့ ပြောဆို လိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း တဦးဖြစ်တဲ့ ဘက်ခမ်းက မကြာခင် ရုံတင်ပြသတော့မယ့် ရုပ်ရှင်သစ်အတွက် Promo ကို ခေါင်းဆောင်မင်းသား Ryan Reynolds နဲ့အတူ ရိုက်ကူးခဲ့ပါသေးတယ်။ မေလ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ “The Graham Norton Show” အစီအစဉ် တွေ့ဆုံမေးမြန်းခန်းတခုမှာ မင်းသားတွေ ဖြစ်ကြတဲ့ Reynolds နဲ့ Brolin တို့နဲ့အတူ ဘက်ခမ်း ပါဝင်ခဲ့ပြီး Instagram အကောင့်မှာလည်း အခုလိုမျိုး စုဖွဲ့မိကြတဲ့အကြောင်း ဓာတ်ပုံ တင်ခဲ့ပါသေးတယ်။

မင်းသား Brolin ကတော့ တကယ်လို့များ ဗြိတိန်နိုင်ငံသား ဘက်ခမ်းအနေနဲ့ အနာဂတ်မှာ ရိုက်ကူးလာမယ့် နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ အကြံပေးခဲ့ပါတယ်။ သူက “ဒေးဗစ်ဘက်ခမ်းရေ၊ ကျနော်တို့ နောက်ထပ်ရိုက်မယ့် Deadpool ရုပ်ရှင်မှာ ခင်ဗျားရဲ့ လမ်းကို ခင်ဗျား ဦးဆောင်လာနိုင်မယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောပါတယ်။

အခုလိုမျိုးသူ့ကို ထည့်သွင်းရိုက်ကူးမယ့်အိုင်ဒီယာနဲ့ ပတ်သက်လို့တော့ ဘက်ခမ်း က “ဒါကြောင့် ဒီဟာသ စူပါဟီးရိုးရုပ်ရှင်မှာပါဝင်ဖို့ သဘောတူချင်တာ” လို့ အကြောင်း ပြန်ကြားခဲ့ပါတယ်။

ဒေးဗစ်ဘက်ဘမ်း ရဲ့ အခုလိုမျိုး သရုပ်ဆောင်လိုကြောင်း အရိပ်အမြွက်ပြောကြားချက်ကို မင်းသား Reynolds က တုန့်ပြန်ခြင်း မရှိသေးပေမယ့် ဒါရိုက်တာ Guy Ritchie ရဲ့ “King Arthur: Legend of the Sword” နဲ့ “The Man from U.N.C.L.E.” ရုပ်ရှင်တို့မှာ ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာ ဖြစ်လို့ အခုလိုမျိုး ဘက်ခမ်းရဲ့ ပြောဆိုချက်ကို မင်းသား Reynolds က အကောင်းဘက်ကနေ တုန့်ပြန်မယ့်ပုံတော့ ရှိနေပါတယ်။

ဒါပေမယ့် မင်းသား Reynolds ကတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ သူပါဝင်မှာမဟုတ်တော့ဘူးလို့ ပြောဆိုထားတာလည်း ရှိနေ ပါသေးတယ်။ တတိယမြောက် အဆက်ရုပ်ရှင်အထိ ရိုက်ကူးဖို့ရာ ဇာတ်လမ်း အကြောင်းအရာက သိပ်ပြီး ခိုင်လုံမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ပါဝင်သရုပ်ဆောင်ဖို့ ချီတုံချတုံဖြစ်နေတယ်လို့ လည်း ဆိုထားပါတယ်။

မင်းသား Reynolds က “’Deadpool 3” မှာ ပါဝင်ဖြစ်မှာလားတော့ ကျနော် မသိပါဘူး၊ တကယ်မသိပါဘူး၊ သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာမှာ လုပ်ငန်းတွေက အဆင်ချောချာ မဖြစ်နိုင်ဘူးထင်ရင် အဲဒီအရာတွေကနေ ရှောင်ဖယ်သွားတဲ့ ဇာတ်ကောင်လိုမျိုး ခံစားနေရပါတယ်၊ ဆက်ပြီး လုပ်နိုင်နေလိမ့်မယ်လို့ ကျနော် မထင်ပါဘူး” လို့ Entertainment Weekly မီဒီယာကို ပြောဆိုခဲ့ပါတယ်။ “Deadpool 2” ရုပ်ရှင်ကို မေလ ၁၈ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: aceshowbiz

The post နောက်ထပ် ရိုက်ကူးမယ့် “Deadpool” ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆန္ဒရှိနေတဲ့ ဒေးဗစ်ဘက်ခမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ