Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝတ်စုံ ၈ စုံလဲပြီး သီချင်း ၂၄ ပုဒ် ဖျော်ဖြေခဲ့တဲ့ အဆိုတော် Taylor Swift ရဲ့ ပထမဆုံး Reputation ဖျော်ဖြေပွဲ

$
0
0

အဆိုတော် Taylor Swift ဟာ သူ့ရဲ့ ပထမဆုံး Reputation ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အရီဇိုးနား ပြည်နယ်၊ Glendale မြို့မှာ ပြီးခဲ့တဲ့ မေ ၉ ရက်ညပိုင်းက ပြုလုပ်ခဲ့ပြီး အချိန် ၂ နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ တကယ့်မြွေကြီး တကောင်လိုမျိုး ပုံစံနဲ့ ပုံဖော်ထားတဲ့ စင်မြင့်နဲ့အတူ ဝတ်စုံ ၈ စုံခန့် လဲလှယ်ခဲ့တာလည်း တွေ့ရသလို Swift ကိုယ်တိုင် သီချင်း ၂၄ ပုဒ် သီဆိုဖျော်ဖြေခဲ့တာကိုလည်း တွေ့ရပါတယ်။

Taylor Swift ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေဟာလည်း ပရိသတ်နဲ့အတူ လာရောက်အားပေးခဲ့ကြပြီး အဲဒီအထဲမှာ လက်ရှိ ရည်းစား Joe Alwyn လည်း ပါဝင်တာတွေ့ရပါတယ်။ အခုလိုမျိုး လူများတဲ့ ဖျော်ဖြေပွဲကို လာရောက်ခဲ့မယ့် Alwyn ဟာ လူသိ မခံဝံ့တဲ့ပုံစံနဲ့ ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားခဲ့ပါတယ်။

Swift ကလည်း “Gorgeous” သီချင်းကို သီဆိုတဲ့အခါ သူ့ကို လက်ညွှန်းထိုးပြီး သီဆိုခဲ့တယ်လို့ ပရိသတ်အချို့ ရိုက်ကူး ထားတဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။ ဖျော်ဖြေပွဲတလျှောက်လုံးမှာ Swift ဟာ ပရိသတ်နဲ့အတူ တသားတည်း ရှိနေခဲ့ပါတယ်။ Kim Kardashian နဲ့ပတ်သက်တဲ့ အကြောင်းကိုလည်း ပြောကြားခဲ့သလို ပြီးခဲ့တဲ့နှစ်မှာ အနုပညာ အလုပ်တွေကနေ ခေတ္တအနားယူခဲ့တဲ့ အကြောင်းနဲ့ အဲဒီ အတွေ့ အကြုံကနေ ဘယ်သင်ခန်းစာတွေကို ရယူ နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

Swift က “တချိန်လုံး ကျမ အနုပညာနယ်ပယ်ထဲမှာ ရှိမနေခဲ့ရင် ကျမ ဘယ်လိုဖြစ်မလဲဆိုတာ၊ ကျမ ဘဝ ဘယ်လို ဖြစ်နေမလဲဆိုတာ အဖြေထုတ်ဖို့ တကယ့်ကိုပဲ အရေးကြီးတယ်လို့ ဆုံးဖြတ်ချက်ခဲ့ပါတယ်။ လှည့်ထွက်ခဲ့ဖို့ဆိုတာ ကျမအတွက် တကယ့်ကိုပဲ အရေးကြီးခဲ့ပါတယ်။ ဒါပေမယ့် ရှင်တို့ကို တကယ့်ကိုပဲ လွမ်းပါတယ်” လို့ Twitter မှာ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပရိသတ်တွေဟာ အရင်တုန်းက သူသီဆိုခဲ့တဲ့ “Style,” “Shake It Off,” “Love Story,” နဲ့ “All Too Well” တို့လိုမျိုး သီချင်းတွေအပြင် နောက်ဆုံးထွက်ရှိထားတဲ့ Reputation အယ်လ်ဘမ်ထဲက သီချင်းတွေ ဖျော်ဖြေခဲ့တဲ့ အကြောင်း တညလုံး ဝေမျှနေခဲ့ကြပါတယ်။ “Shake It Off”သီချင်းကို Charli XCX, Camila Cabello တို့နဲ့အတူ သီဆိုဖျော်ဖြေခဲ့တာကိုလည်း ပရိသတ်တွေက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။

Ref: elle

The post ဝတ်စုံ ၈ စုံလဲပြီး သီချင်း ၂၄ ပုဒ် ဖျော်ဖြေခဲ့တဲ့ အဆိုတော် Taylor Swift ရဲ့ ပထမဆုံး Reputation ဖျော်ဖြေပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ