Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီနေ့အထိ မနက်စာဝယ်ကျွေးတာက အစ အမေပါပဲ လို့ဆိုလာတဲ့ ကျော်ထက်အောင်

$
0
0

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ တင်ဆက်သူ တဦးအဖြစ် ဆောင်ရွက်ခဲ့ရာမှာ လူကြိုက်များလာသူ တဦးကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။ ဒ့ါအပြင့် ကျော်ထက်အောင်က သရုပ်ဆောင် မင်းသား အဖြစ်လည်း ပရိသတ်များရဲ့ အားပေးမှုကို ခံရသူတဦးလည်း ဖြစ်ပါတယ်။

အမေချစ်တဲ့ သားတဦး ဖြစ်တဲ့ ကျော်ထက်အောင်က ယခုအပတ် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် အမေ့များနေ့ နဲ့ ပတ်သတ်တဲ့ အမှတ်တရများကို ယခုလိုပဲ ဧရာဝတီကို ဆိုပါတယ်။

“အမေနဲ့ ကျွန်တော်က ငယ်ငယ်လေးကတည်းက အနေနီးတာ များတယ်။ အဖေက နိုင်ငံခြားမှာ အလုပ်သွားလုပ်တော့ အမေနဲ့ပဲ နေခဲ့ရတာ။ အဖေက အနေဝေးတော့ တခုခုဆိုရင် ဆိုဆုံးမတာ အမေပဲရှိတယ်။ ကိုယ် လုပ်ချင်တာတွေ မှန်သမျှ ၊ ဆိုးဆိုးသွမ်းသွမ်း ရုံးရောက် ၊ ဂါတ်ရောက်လို့ လိုက်ရတာမျိုးတွေတော့ မဟုတ်ပေမယ့် ဖြစ်သမျှ အရာ ၊ ဖြစ်သမျှ ပြဿနာအားလုံး အမေပဲ ဖြေရှင်းပေးခဲ့ရတာ။ နောက်ဆုံးမှတ်မှတ်ရရ ငယ်ငယ်က မူလတန်းကျောင်းသားအရွယ်က အစ အထက်တန်းကျောင်းသားဘဝ မရောက်ခင်အထိ အမေက ကျွန်တော်တို့ကို ရွှေပြည်နန်း သနပ်ခါးကို ခြေဆုံး ခေါင်းဆုံး လိမ်းပြီး ကျောင်းပို့ပေးခဲ့တာ ။ အထဲမှာရွှေပြားကံစမ်းမဲတွေ ထည့်ပေးတဲ့ ရွှေပြည်နန်း သနပ်ခါးခဲလေ ၊ အဲဒီအချိန်ကတည်းကပေါ့” လို့ အမေနဲ့ အမှတ်တရများကို ပြောပါတယ်။

အမေများနေ့ သတ်မှတ်ထားတာနဲ့ ပတ်သတ်လို့ မေးမြန်းရာမှာ “ကိုယ့်အတွက်ကကျတော့ အမေနဲ့က နေ့တိုင်း ပြောဆို ဆက်ဆံ နေရတာလေ ။ ရန်ဖြစ်လည်း ဒီအမေပဲ ။ မနက်အိပ်ရာ နိုးကတည်းက ဒီအမေနဲ့ တွေ့နေရတာ၊ ကိုယ့်ကို မနက်စာဝယ်ကျွေးတာကအစ ဒီအမေပဲဆိုတော့ နေ့စဉ်ကတော့ ကိုယ့်အတွက်က အမေများနေ့ပါပဲ “လို့လည်း ကျော်ထက်အောင်က ဆိုပြန်ပါတယ်။

ကျော်ထက်အောင်ကို အမေများနေ့မှာ မိခင်ဖြစ်သူကို နှစ်တိုင်း အမှတ်တရ လက်ဆောင်များ ပေးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီနှစ်မှာတော့ ပေးဖြစ်တဲ့ အမှတ်တရ လက်ဆောင်နဲ့ ပတ်သတ်ပြီး ” မှတ်မှတ်ရရ အမေများနေ့လို့ စသိတဲ့ အချိန်ကစပြီး အမေ့ကို အမှတ်တရလေးတွေ လုပ်ပေး ဖြစ်ပါတယ်။ Suprise လုပ်တာမျိုး ၊ အမေကလိုချင်တယ် ဆိုတာ မျိုးကို မှတ်ထားပြီးတော့ အမေများနေ့မှာမှ ဝယ်ပေးဖြစ်တာမျိုးပေါ့ ။ ဒီနှစ်အမေများနေ့ အတွက်တော့ ကြိုပြီး ဒီနေ့မနက်ပဲ အမေ့ကိုမုန့်ဖိုးပေးပြီးပြီ”လို့ ပြောပါတယ်။

ကျော်ထက်အောင်က Myanmar Idol Season 3 မှာလည်း MC တာဝန်ကို ဆက်လက်လက်ခံထားတဲ့အတွက် မေလ ဒုတိယပတ်မှာ ရိုက်ကူးရေးတွေ နားထားပါတယ်။ မေလ ၁၁ရက်နေ့က Myanmar Idol အစီအစဉ်များအတွက် မြစ်ကြီးနား မြို့ကို Myanmar Idol အဖွဲ့နဲ့ အတူ သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

The post ဒီနေ့အထိ မနက်စာဝယ်ကျွေးတာက အစ အမေပါပဲ လို့ဆိုလာတဲ့ ကျော်ထက်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ