Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီလောကမှာ အေးဆေး ရပ်တည်နေနိုင်တာ အမေ့ကြောင့်လို့ ပြောလာတဲ့ အဆိုတော်ရေမွန်

$
0
0

ဂီတလောကကို စတင်အခြေချကတည်းက ယနေ့အထိ လူငယ်ပရိသတ်များနဲ့ တသားတည်းဖြစ်နေဆဲ Idiot Band ရဲ့ အဆိုရှင် ရေမွန်က “ချာတိတ်တွေနဲ့ပေါင်းရတယ်။ ကိုယ်က ကလေးလိုလို၊ခွေးလိုလို လျှောက်သွားနေလို့သာ ကျနော်က အသက်က ၃၀ ရှိနေပြီ။ ကိုယ့်ထက်ငယ်တဲ့ချာတိတ်တွေ ၊ ကိုယ့်ညီတွေနဲ့ ပြန်ပေါင်းရတာပေါ့။ သူတို့ဘာတွေကြိုက်နေလဲ။ ဘာတွေစိတ်ဝင်စားလဲဆိုပြီး ရေစီးကြောင်းကိုကြည့်ရတယ် လို့ လက်ရှိ ဂီတနဲ့ ပတ်သတ်ပြီး သူရဲ့ အတွေ့အကြုံ့ကို ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး “ ပရိသတ်က အခု ဘာသီချင်းတွေပေါက်နေလဲ ။ ဘာတွေကြိုက်နေကြလဲ။ Culture တွေ Fashion တွေကအစ လိုက်လေ့လာရတာပေါ့။ သီချင်းတွေလိုက်နားထောင်ရတယ်။ ကိုယ်မကျန်ခဲ့အောင် ။ မကျန်ခဲ့အောင်သာဆိုတာ အခုတောင် တော်တော်ကျန်ခဲ့နေပြီ။ ကိုယ်က ကိုယ်ကြိုက်တဲ့ Old School တွေနားထောင်တာများတော့ နည်း နည်း အဆက်ပြတ်ချင်နေပြီ။ ဒါကြောင့်အခု ပြန်လိုက်နေရတယ် “လို့လည်း လူငယ်ပရိသတ်အတွက် ကြိုးစားပုံကိုပြောပြပါသေးတယ်။

ရေမွန်က သူ့ စတင်ခဲ့တဲ့ ဂီတကာလနဲ့ ယနေ့ခေတ်ကွာဟချက်နဲ့ပတ်သက်ပြီး” တော်တော်ကိုကွာခြားပါတယ်။အခုခေတ်ကသီချင်းလေးနားထောင်ချင်တယ်ဆိုရင် ဖုန်းလေးနဲ့ တောက်တောက်တောက် ရိုက်လိုက်ရုံပါပဲ။ ကျနော်တို့တုန်းကတော့ အဲလိုမဟုတ်ဖူး။သီ ချင်းတပုဒ်ကြိုက်ရင် ဆိုတဲ့သူနဲ့ သီချင်းနာမည်ကိုမှတ်ထားရတယ်။ ပြီးမှ မြို့ထဲကိုသွားပြီး ယင်းမာမှာ သွားကူးရတယ်။ စာရင်းပေးထားပြီး နှစ်ရက်၊သုံးရက်နေမှ ၊တခါတလေ ရှားတဲ့သီချင်းဆို တပတ်လောက်နေမှ ပြန်ရတယ်။ အဲဒီလိုလုပ်ခဲ့ရတာ ။ ပြီးတော့ သင်ကြားမှုကအစ အဲဒီခေတ်တုန်းက သင်တန်းတွေဘာတွေလည်း သိပ်မရှိဘူး။ ကိုယ့်ဟာ ကို စာအုပ်တွေဖတ်၊ တိပ်ခွေတွေလိုက်ရှာကူး၊ Live show တို့ Music Vedio တို့ရလာတဲ့သူဆို သူေဋ္ဌးပဲ။ တော်တော်ကို ကွာသွားတာပါ။ ခုခေတ်မှာတော့ ကိုယ်နားထောင်ချင်တဲ့သီချင်း အင်တာနက်မှာ ဖောက်ဖောက်ဖောက် ဆိုပြီးရိုက်လိုက်ရင် ကျလာပြီ။ အဲဒါတခုနဲ့တင် နည်းပညာကွာဟချက်ကို အတော်သိသာတယ်” လို့ဆိုပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ဆီက သင်ခန်းစာများကိုလည်း ရေမွန်ကယနေ့အထိ သယ်ဆောင်ထားဆဲလည်း ဖြစ်ပါတယ်။ “အမေက အကုန်လုံးကို စသင်ပေးတဲ့သူလို့ ပြောလို့ရတယ်။ ဆိုတာတွေ ၊ ဟာမိုနီတွေ၊ နုတ်စ်တွေကလည်း အမေ့ဆီကပဲ။ ဂစ်တာ စတီးတာလည်း အမေ့ဆီကပဲ ။ အမေကအများကြီးတော့ မတီးတတ်ပေမယ့် သူတတ်တာလေးနဲ့ စကျင့်ပေးတယ်၊အဲဒါကလည်း အရေးကြီးတာပဲလေ။ သူနဲ့ တောက်လျှောက်လိုက်နေတော့ နားရည်လည်းဝနေတာပေါ့ ။ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာလေ၊ ကိုယ်ကျင့်တရားပေါ့ ။ အမေကပြောနေတာ ဘာမလုပ်နဲ့၊ ဘယ်လိုလုပ်၊ ဘယ်လိုနေဆိုပြီး ပြောတယ် ။ ဒါတွေက ကျနော် နောက် တောက်လျှောက်ပါလာတယ်။ အဲဒါတွေကြောင့်သာ ဒီလောကမှာ အေးအေးဆေးဆေးနဲ့ ရပ်တည်နိုင်တာပေါ့” လို့လည်း ပြောပြခဲ့ပါတယ်။

အဆိုတော်ရေမွန်က အဆိုဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်များကိုလည်း လက်တွဲခေါ်ယူပေးနေသူ တဦးလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်လို့ “ ကျနော်တို့ တတ်နိုင်သလောက် အကြံဉာဏ်တွေပေးပြီးတော့ တတ်နိုင်သလောက် ဆွဲခေါ်တယ်” လို့ လိုင်းတူလူသစ်တန်း တွေကိုလက်တွဲခေါ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

The post ဒီလောကမှာ အေးဆေး ရပ်တည်နေနိုင်တာ အမေ့ကြောင့်လို့ ပြောလာတဲ့ အဆိုတော်ရေမွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)