Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

$
0
0
တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

ထိုင်းစတိုင် တုမ်ယမ် ချဉ်စပ် ဟင်းရည် (ဓာတ်ပုံ – ဝင်းနိုင်သိန်း)

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

တုမ်ယမ် (Tom Yum (or) Tom Yam) ဆိုတဲ့စကားလုံးပာာ ချဉ်စပ် ဟင်းရည်ကြည်လို့ အဓိပ္ပာယ် ဖော်ဆောင်နိုင်ပြီး ထိုင်း၊ လာအို စတဲ့ ဘာသာစကားတွေက ဆင်းသက်လာပါတယ်။  တုမ် (Tom) ဆိုတာ ဆူပွက်စေခြင်းနဲ့ ယမ် (Yum) ဆိုတာ ထိုင်းနဲ့ လာအို ဘာသာစကားအရ အသုပ်တွေမှာ အသုံးပြုတဲ့ ချဉ်၊ စပ် ဆိုတာကို တွဲဖက်ထားတာ ဖြစ်ပါတယ် …။

တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည်ကျော်ကြား လာတာနဲ့အမျှ ဆန်းသစ်တီထွင်သူတွေအပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲသွားပါတယ် …။ အခြေခံဖြစ်တဲ့ တုမ်ယမ်အနှစ်၊ အသုံးပြုတဲ့ ဟင်းခတ်အမွှေးအကြိုင် စတာတွေပေါ် မူတည်ပြီး ရသ အနည်းငယ်ကွာခြား သွားတာတွေကိုလည်း ခံစားရနိုင်ပါတယ်။

တုမ်ယမ်ဟင်း အနှစ်ဟာ ပုစွန်အဆီ၊ ငရုတ်သီးအနှစ်၊ မန်ကျည်သီးမှည့်တို့ကို အခြေခံကာ တခြား ဟင်းခတ် အမွှေးအကြိုင်တွေ ပေါင်းစပ်လို့ အရံသင့် ချက်ထားပြီး ကွဲပြားခြားနားတဲ့ တံဆိပ်မျိုးစုံ၊ ထုပ်ပိုးမှု မျိုးစုံကို ကမ္ဘာ့နေရာ အနှံ့အပြားမှာ အလွယ်တကူ ၀ယ်ယူလို့ ရနိုင်အောင်ကို တုမ်ယမ်ချဉ်စပ် ဟင်းရည်က ကမ္ဘာကျော်လှပါတယ်။

အခုဖော်ပြပေး မှာကတော့ … ထိုင်းရိုးရာ အခြေခံထားတဲ့ … ပုစွန်ချဉ်စပ်ဟင်းရည်ပါ။

ကျနော် ဒီပာင်းပွဲလေးကို … ပြောပြောပြီး .. မရေးဖြစ်ခဲ့ပါဘူး. ..။ ဒီပာင်းပွဲကို … ကျနော် လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက သိဖူးသလို၊ ကျနော်အလုပ်လုပ်တဲ့ ပိာုတယ်မှာ နေ့စဉ် ချက်ပေးရတဲ့ပာင်းပွဲပါ …။

အရာအားလုံး အဆင်သင့်ရှိရင် လွယ်ကူလှပေမယ့် … ဒီပာင်းပွဲရဲ့ အဓိကဖြစ်တဲ့ … တုမ်ယမ် ပာင်းအနှစ်ကတော့ … လူကို ပင်ပန်းစေပါတယ် …။ အခုအချိန်မှာ … အသင့်သုံး (Ready to use) တွေကို… ကြိုက်ရာတံဆိပ်
ရွေးချယ် ၀ယ်ယူနိုင်ပါတယ် …။

အခုဖော်ပြထားတာကတော့ … လူ ၄ ယောက်စာ ချက်နည်းပါ။ အသေးစိပ်တွေကို … မပြောတော့ပါဘူး … ဥပမာ – ကြက်ပြုတ်ရည်၊ တုမ်ယမ်း ပာင်းအနှစ် စသည်ဖြင့်ပေါ့ …။

ထိုင်းရိုးရာ ပုစွန်ချဉ်စပ်ဟင်းရည် (Tom Yum Goong)
ပါဝင်ပစ္စည်းများ ….
ကြက်ပြုတ်ရည် -  ၂ လီတာ
တုမ်ယမ်ပာင်းအနှစ် – ၁ ဇွန်း
ကြက်သွန်နီ – ၁ လုံး (၈စိတ်ခွဲ)
ခရမ်းချဉ်သီး – ၁ လုံး (၈စိတ်ခွဲ)
ကောက်ရိုးမှို – ၅ ခု (ခပ်ကြီးကြီး လှီးပြီး သန့်စင်ထားရန်)
ပုစွန် – ၀. ၅ ကီလို (အခွံခွာ သန့်စင်ထားရန်)
စပါးလင် – ၃ ပင် (ခပ်ထူထူ တစောင်း လှီးထားပေးရန်)
တောရှောက်ခါးရွက် – ၄ ရွက်
ပဒဲကော – ၁ တက် (ပါးပါးလှီးထားရန်)
ငရုတ်စိမ်းတောင့်နီ – ၂ တောင့် (ပါးပါးလှီးထားရန်)
ငါးငံပြာရည် – ထမင်းစားဇွန်းနဲ့ ၂ ဇွန်း
သကြား – ထမင်းစားဇွန်းနဲ့ ၁ ဇွန်းခွဲ
အရာသာမှုန့် – အနည်းငယ်
သံပုရာရည် – ထမင်းစားဇွန်းနဲ့ ၂ ဇွန်း
ရှမ်းနံနံ/ နံနံပင် – အနည်းငယ်
ငရုတ်ခြောက်တောင့်ကြော် – ၄ တောင့် (အလှဆင်ရန်)
အုန်းနို့ – ၀.၄ လီတာ (ကျိုပြီး စစ်ထားရန် (သို့) အရံသင့် ဗူးသုံးရန်)

ချက်ပြုတ်ပုံ အဆင့်ဆင့် …

ပထမဆုံး ကြက်သားပြုတ်ရည်ထဲကို စပါးလင်၊ ပဒဲကော၊ တုမ်ယမ်ပာင်းအနှစ်၊ ငရုတ်သီးစိမ်းတောင့်နီ၊ တောရှောက်ခါး ရွက်၊ ကြက်သွန်နီ လေးစိပ်ကွဲတို့နဲ့ ဆူပွက်သည်အထိ အပူပေးပါ။

ပြီးရင် ငါးငံပြာရည်၊ သံပုရာရည်၊ ပာင်းခတ် အရသာမှုန့်၊ သကြားတို့နဲ့ ချဉ်စပ်အရသာ ရအောင်ဖြည့်စွက်ပါ …။

ပြီးမှ … ပုစွန်၊ ကောက်ရိုးမှိုတို့ကို ထပ်ပေါင်းထည့်ပါ …။ မိမိ နှစ်သက်တဲ့ အရသာရရင် … အုန်းနို့ ထည့်ပေါင်းပြီး … စားသုံးခါနီး အချိန်မှ ခရမ်းချဉ်သီး၊ ရှမ်းနံနံ၊ နံနံပင်တို့ ဖြည့်စွက်ကာ … ငရုတ်သီးခြောက်တောင့် ကြော်လေးနဲ့
အလှဆင် ပေးပါ။

အရသာ အနေနဲ့ကတော့ ချို၊ ချဉ်၊ ငံ၊ စပ်၊ အီ၊ မွှေးနေတဲ့ အရသာရပါလိမ့်မယ် …။ မိမိ နှစ်သက်သလို လိုတိုး၊ ပိုလျှော့ … သုံးဆောင်နိုင်ပါတယ် …။

ဒီပာင်းချက်နည်းကို … သေသေချာချာ သင်ပေးတဲ့ ထိုင်းအမျိုးသမီး … ဖီးနိုလာတ် (ဘ်) ကို … ဂုဏ်ပြုပါတယ် …။

The post တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ