Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တချိန်ကမြောက်ကိုရီးယားကို ပြန်ပေးဆွဲခြင်းခံခဲ့ရသည့် တောင်ကိုရီးယားမင်းသမီးကြီး Choi Eun-hee ရဲ့ ဈာပနကျင်းပ

$
0
0

ဝါဒဖြန့်ချိရေး ရုပ်ရှင်တွေ ရိုက်ကူးပေးဖို့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Choi Eun-hee (ချွဲအွန်ဟီး) ရဲ့ ဈာပနအခမ်းအနားကို ဧပြီ ၁၉ ရက်မှာ ကျင်းပခဲ့ပြီး သူ့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေ တက်ရောက်ခဲ့ ကြပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ icon တခုဖြစ်တဲ့ မင်းသမီးကြီး Choi ဟာ ဆိုးလ်မြို့မှာ ရှိတဲ့ ဆေးရုံတခုမှာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါကို ခံယူရင်း ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာပဲ ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

သူ့အတွက် သီးသန့်ကတ်သလစ်သဂြိုဟ် အစီအစဉ်ကို ဧပြီ ၁၉ ရက် အစောပိုင်း ဆိုးလ်မြို့မှာရှိတဲ့ ကိုရီးယား ကတ်သလစ် တက္ကသိုလ်ရဲ့ စိန့်မေရီဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို မိသားစုဝင် အယောက် ၁၀၀၊ သူငယ်ချင်း၊ သူ့ခေတ်တုန်းက အနားယူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်ခဲ့ကြပါတယ်။ မင်းသမီးကြီးကိုတော့ ဂျောင်းဂီပြည်နယ်၊ အန်ဆောင်းမြို့မှာရှိတဲ့ ကတ်သလစ်သချူၤိင်း ပန်းခြံတခုမှာ ကွယ်လွန်သူ ခင်ပွန်းဟောင်းနဲ့ ဒါရိုက်တာ ဖြစ်သူ Shin Sang-ok တို့ရဲ့ ဘေးမှာ မြေမြှုပ်သဂြိုဟ်မှာ ဖြစ်ပါတယ်။

၁၉၂၆ ခုနှစ် ဂျောင်းဂီပြည်နယ်၊ ဂွမ်ဂျူမြို့မှာ မွေးဖွားခဲ့တဲ့ မင်းသမီးကြီး Choi ဟာ ၁၉၄၇ ခုနှစ်မှာ “A New Oath” ရုပ်ရှင်နဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူပါ။ အဲဒီနောက် ၁၉၄၈ ခုနှစ်မှာ “The Sun of Night” ရုပ်ရှင်နဲ့ ၁၉၄၉ ခုနှစ်မှာ “A Hometown in Heart” ရုပ်ရှင်တို့ကြောင့် နာမည်ပိုမို ကျော်ကြား လာခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ မင်းသမီးကြီး Choi ကို မြောက်ကိုရီးယား လျှို့ဝှက်အေးဂျင့်တဦးရဲ့ ပြန်ပေးဆွဲတာ ကိုခံလိုက်ရ ပါတယ်။ အဲဒီနောက်မှာ လပေါင်းများစွာ ကြာ အဓမ္မခေါ်ဆောင်သွားခံရတဲ့ ဒါရိုက်တာ Shin နဲ့အတူ မြောက်ကိုရီးယားနိုင်ငံအတွက် ရုပ်ရှင်တွေ ရိုက်ပေးဖို့ အတင်း အဓမ္မခိုင်းစေခံရပါတယ်။

အဲဒီနောက် ဒါရိုက်တာ Shin နဲ့အတူ ၁၉၈၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Sault” ရုပ်ရှင်နဲ့ ၁၉၈၅ ခုနှစ် မော်စကိုရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမင်းသမီးဆုကို ရရှိခဲ့ပြီး နိုင်ငံရပ်ခြားရုပ်ရှင်ပွဲတော်တခုမှာ ဆုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားလူမျိုး ဖြစ်လာခဲ့ပါ တယ်။ ၁၉၈၆ ခုနှစ်မှာ သူတို့နှစ်ဦးမှာ မြောက်ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွတ်မြောက်လာနိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ အမိနိုင်ငံကို ပြန်နိုင်ခဲ့ပါတယ်။ ကွယ်လွန်သူ မင်းသမီးကြီး Choi ထံမှာ ကျန်ရစ်သူ သားနှစ်ဦးနဲ့ သမီး နှစ်ဦးရှိပါ တယ်။

Ref: yonhap

The post တချိန်ကမြောက်ကိုရီးယားကို ပြန်ပေးဆွဲခြင်းခံခဲ့ရသည့် တောင်ကိုရီးယားမင်းသမီးကြီး Choi Eun-hee ရဲ့ ဈာပနကျင်းပ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ