Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသားအရောင်ခွဲခြားမှုကြောင့် ရုပ်ရှင်တခုကို လက်လွှတ်ခဲ့ရဖူးတယ်လို့ မင်းသမီး Priyanka Chopra ဖွင့်ဟ

$
0
0

ကမ္ဘာကျော်ဘောလိဝုဒ်မင်းသမီး Priyanka Chopra (ပရိရန်ကာ ချိုပရာ) ဟာသူရဲ့ အသားအရောင်ကြောင့် ခွဲခြား ဆက်ဆံခံခဲ့ရတဲ့ အကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါဟာ ဘောလိဝုဒ်မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ အသားအရောင် ကြောင့် အဟန့်အတားတွေ ထပ်ရှိနေဆဲပဲဆိုတဲ့အချက်ကို သူ့အနေနဲ့ သတိပြုမိလာ စေခဲ့တယ်လို့ ဆိုပါတယ်။ In Style မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ သူ့ရဲ့ အသားအရည်ကြောင့် ရုပ်ရှင်တခုမှာ ပါဝင်ဖို့ လက်လွှတ် ဆုံးရှုံးခဲ့ရဖူး တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မင်းသမီး က “မနှစ်က ဖြစ်ခဲ့တာပါ၊ ကျမကို ရုပ်ရှင်တခုကနေ ထုတ်ပစ်ခဲ့ပါတယ်၊ ပြီးတော့ စတူဒီယိုက လူတယောက်က ကျမအေးဂျင့်တယောက်ကို ခေါ်ပြီး ကျမကလွဲနေတာတဲ့၊ သူတို့ပြောခဲ့တဲ့ စကားလုံးက ဘာပါလိမ့်၊ ရုပ်ပိုင်းဆိုင်ရာလွဲမှားနေတာတဲ့” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မင်းသမီးဟာ ‘ရုပ်ပိုင်းဆိုင်ရာ’ ဆိုတာ ဘာကိုဆိုလိုမှန်းမသိခဲ့ဘဲ သူ့နေရာမှာ တခြား တယောက်ကို စဉ်းစားပြီးသားဖြစ်လို့ လွဲမှားနေခဲ့တာကို ထင်ခဲ့ တယ်လို့ ဆိုပါတယ်။

မင်းသမီး Priyanka က “သရုပ်ဆောင်တယောက်အနေနဲ့ ကာကွယ်ပြောရမယ်ဆိုရင် ကျမက ပိန်ဖို့လို နေလို့လား၊ ကျမ ကောက်ကြောင်းလှဖို့ လိုနေလို့လား၊ ကျမ ကြွက်သားတွေရှိဖို့ လိုနေလို့လား၊ ဒါဆိုရင် လွဲမှားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ပြီးတော့ ကျမ အေးဂျင့်က ကျမအတွက် အဲဒီရုပ်ရှင်ကို ပယ်ချခဲ့ပါတယ်၊ သူူက ကျမကို  ပြောတယ်၊ Priy ရေ သူတို့ဆိုလိုတာ အသားအရည် မညိုတဲ့သူ တယောက်ကို လိုချင်ခဲ့တာတဲ့၊ ကျမကို ထိခိုက်ခံစား ရစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Priyanka ဟာ အခုလိုမျိုး ခွဲခြားဆက်ဆံခံရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်အတွက် မယ်ကမ္ဘာလုံး ဆုရှင် Priyanka က အမေရိကန်နိုင်ငံမှာ ကျောင်းတက်နေချိန်အတွင်းမှာလည်း ဆိုးသွမ်းတဲ့ အနိုင်ကျင့်မှုတွေ၊ နာမည်  နောက်ပြောင် ခေါ်ဆိုမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးခံရမှုတွေပါ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ သူက “ အမျိုးသမီး         တယောက်ဟာ  သူ့အသားအရေကြောင့် လစာနည်းနည်းပဲရနေပါလားလို့ ဘယ်သူကမှ ပြောမနေကြပါဘူး” လို့ဆိုပါ တယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာထက် ပေးအပ်လာတဲ့အလုပ်မှာ လူတယောက်ရဲ့ စွမ်းရည်ပြသမှုကိုသာ ရုပ်ရှင်လုပ်ငန်းက ကြည့်ရှုသင့်တယ်လို့ စောဒကတက်ထားပါတယ်။

aceshowbiz

The post အသားအရောင်ခွဲခြားမှုကြောင့် ရုပ်ရှင်တခုကို လက်လွှတ်ခဲ့ရဖူးတယ်လို့ မင်းသမီး Priyanka Chopra ဖွင့်ဟ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)