Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရွှေကြာအတွက် အမှတ်တရ တက်တူးထိုးဖို့ရှိတယ်လို့ပြောတဲ့ ဖွေးဖွေး

$
0
0

ပရိသတ်က ချစ်စနိုးနဲ့ ဖွေးစိန်လို့ခေါ်တဲ့ အကယ်ဒမီဖွေးဖွေးကတော့ သူ့ဘဝအတွက် အမှတ်တရဖြစ်စေတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်တဲ့ ပုံများကို ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးလေ့ရှိပြီး အခုနောက်ဆုံး ထွက်ရှိ ထားတဲ့ ရွှေကြာဇာတ်ကားအတွက်လည်း ကြာပန်းပုံတက်တူးကို ထိုးသွားဖို့ရှိတယ်လို့ ဖွေးဖွေးက ဧရာဝတီကို ပြောပါတယ်။

“ဖွေးက တက်တူးထိုးတာက အကယ်ဒမီရမှထိုးတာမဟုတ်ဘူး။ ဖွေးဘဝမှာ အမှတ်တရဖြစ်တဲ့ဇာတ်ကားတွေဆို ထိုးဖြစ်တယ်။ လက်ပံ တုန်းကလည်း ထိုးတယ်။ နှင်းဆီပါမောင်တုန်းကလည်း ထိုးတယ်။ ကြာပန်းပုံကိုလည်း နွေရာသီအရမ်းပူနေလို့ မထိုးသေးတာ။ ဖွေးဘဝမှာ ပန်းလေးတွေက အမှတ်တရဖြစ်တယ်ပေါ့နော်။ ရွှေကြာဆိုလည်း ပရိသတ်အတွက် Entertainment ထပ်ပိုတယ်။ သိသင့်တဲ့အရာတွေ ၊ဖြစ်သင့်တဲ့အရာတွေ သင်ခန်းစာပါတယ်။ ကိုယ်တန်ဖိုးထားတဲ့ ကားတွေဆို ထိုးလေ့ရှိပါတယ်။ သက်တန့်သစ်တုန်းကလည်း သက်တန့်ပုံလေးထိုးတယ်။ လူတွေက သတိမထားမိတာ။” လို့ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးက တက်တူးထိုးတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် တင်လေ့တင်ထမရှိပေမယ့် နှင်းဆီပုံ တက်တူး ထိုးခဲ့စဉ်က တက်တူးဆရာက ခွင့်ပြုချက်မတောင်းပဲ လူမှုကွန်ရက်ပေါ်ကို တင်ခဲ့အတွက် နှင်းဆီပုံထိုးတာနဲ့ ပတ်သက် ပြီး လူပိုသိသွားတာလို့ ဆိုပါတယ်။

ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်စိတ်ဝင်စားခြင်း ခံရတဲ့ ဖွေးဖွေးက ဖက်ရှင်ကိုလည်း ထူးခြားနေအောင် တီထွင် ဝတ်ဆင်တတ်သူ တဦးပါ။ ဒါပေမယ့် မကြာသေးခင် အချိန်ကလည်း ပွဲတခုကို တက်ရောက်ခဲ့တဲ့ ဝတ်စုံဒီဇိုင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

ဒါနဲ့ပတ်သတ်လို့ ဖွေးဖွေးက “ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ အရင်ကတည်းက စိတ်ဝင်စားပါတယ်။ အရင်တုန်းက ကျတော့ Facebook မှာသိပ်တင်လေ့မရှိဘူး။ အရင်ကတည်းက ဖက်ရှင်ကိုရူးသွပ်တယ်။ ဒါပေမယ့်တနေရာသွားရင် ပုံတင်လေ့တင်ထမရှိဘူးပေါ့။ နောက်ပိုင်းကျတော့ ကိုယ်သွားတဲ့နေရာသေချာ ဓာတ်ပုံရိုက်ပြီးတော့ တင်ဖြစ်သွားတော့ လူတွေက ပိုသတိထားမိလာတာပါ။ အခုကျတော့ Facebook သုံးတဲ့ပရိသတ်က ပိုများလာတယ်။ တနယ်တကျေးက ပရိသတ်တွေအတွက်လည်း ကြည့်လို့ရအောင်ပေါ့။ ကိုယ့်ကို မြို့ကလူတွေလိုမမြင်ရဘူး။ Facebook ကနေပဲ မြင်ရတဲ့ အတွက် Facebook တင်ဖို့ကို သက်သက်ရိုက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေနားထားပြီး ကြော်ငြာများရိုက်ကူးဖြစ်နေပြီး သင်္ကြန် မှာတော့ ခရီးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

“အနုပညာကတော့ ဖွေး ကွာလတီကောင်းကောင်းလေးတွေကို နည်းနည်းလေးပဲရွေးပြီးတော့ ရိုက်ပါတယ်။ ဒီနှစ်ထဲ မှာဆိုရင် အခုမှရိုက်ထားတာ ၄ကားလောက်ပဲရှိသေးတယ်။ ဖွေးရော ပရိသတ်ရော ခံစားလို့ရတဲ့ကားတွေ ဆက်ပြီး ရိုက်ပါမယ်” လို့ ဖွေးဖွေးက ပြောပါတယ်။

The post ရွှေကြာအတွက် အမှတ်တရ တက်တူးထိုးဖို့ရှိတယ်လို့ပြောတဲ့ ဖွေးဖွေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)