Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပါဖောမန့်ရော အဆိုပိုင်းကိုပါ ကျွမ်းကျင်စွာ ပြသသွားတဲ့ နီနီခင်ဇော်ရဲ့ “RETRO RED VOLUTION SHOW”

$
0
0

တေးသံရှင် နီနီခင်ဇော်က သူ့ရဲ့ ဂီတသက်တမ်း ၁၀ နှစ်ပြည့်အထိမ်းအမှတ် “RETRO RED VOLUTION SHOW” ကို ဧပြီလ ၇ ရက်နဲ့ ၈ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

တနှစ်တခါ တကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်လာတဲ့ နီနီခင်ဇော်က ဒီနှစ်မှာရော ဘယ်လို ထူးခြားစွာ တင်ဆက်လာမလဲ ဆိုပြီး ပရိသတ်များကလည်း စောင့်ကြည့်နေကြပါတယ်။ ပွဲတိုင်းကို ကြည့်ရှု့မယ့် ပရိသတ်ကို လာရောက်ကြည့်ရှု့ရတာ တန်အောင် အစွမ်းကုန် ဖျော်ဖြေတင်ဆက် တတ်တာကတော့ နီနီခင်ဇော်ရဲ့ အားသာချက်တခုပါ။

ဧပြီလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာတော့ RETRO ဆိုတဲ့အတိုင်း အဖွင့်သီချင်းမှာတင် နီနီခင်ဇော်က တခေတ်တချိန်က အောင်မြင် ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်မွန်ရိုးရဲ့ ဖက်ရှင်ဒီဇိုင်း နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မွန်ရိုးရဲ့ဖက်ရှင်နဲ့ နီနီခင်ဇော်ရဲ့ ဖြတ်သန်းခဲ့တဲ့ ဂီတသက်တမ်း ၁၀နှစ်စာမှာ အမှတ်တရဖြစ်ခဲ့တဲ့ သီချင်းတွေကို စတင်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်

နီနီခင်ဇော်ရဲ့ “RETRO RED VOLUTION SHOW” / Ni Ni Khin Zaw Facebook Page)

သီချင်းတွေနဲ့ ပါဖောမန့်တွေကို ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ပြီး နီနီခင်ဇော်က သီဆိုခဲ့တဲ့ သီချင်းများရဲ့ တေးရေး၊ တေးဆို များကို ကျေးဇူးတင်စကားဆိုရင်း အဖွင့်လေးကို လှလှပပလေး ဖွင့်သွားခဲ့ပါတယ်။ မွန်ရိုးပုံစံဝတ်ဆင်ပြီး ဒီပွဲအတွက် ကြော်ငြာဘုတ်များထောင်တဲ့အခါမှာတော့ အဲ့ဒီအပေါ် ဝေဖန်မှုတွေတော့ ရှိခဲ့ပါတယ်။ ဖျော်ဖြေပွဲအပြီးမှာတော့ ဒီဝေဖန်မှုများ အပေါ်မှာ နီနီခင်ဇော်က RETRO RED VOLUTION SHOW ရဲ့ တင်ဆက်မှုများကနေတဆင့် အကောင်းဆုံး သက်သေ ပြခဲ့ပါတယ်။

နောက်ခံ ပိတ်ကားပေါ်မှာ နီနီခင်ဇော်က ရှေးခေတ် အဖြူအမဲကား ရိုက်ကွက်နဲ့ စကားပြောခန်းကို ထည့်သွင်းရိုက်ကူး ထားပြီး ပိတ်ကားပေါ်က ရေချိုးဟန်ပြင်နေတဲ့ အခန်းနဲ့ ဒီဘက်စင်ပေါ်က ရေချိုးနေတဲ့ဟန်ကို ပေါင်းစပ်ပြီးပြသတဲ့ ပါဖောမန့်ကို ပရိသတ်များ အံ့သြပြီး နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒီပါဖောမန့်နဲ့ “Stand By Me” ဆိုတဲ့ သီချင်းကို သီဆို ဖျော်ဖြေခဲ့ပါတယ်။

နီနီခင်ဇော်က တေးသီချင်းများနဲ့ RETRO ပုံစံများနဲ့ ပါဖောမန့််များကို ဆက်တိုက် ဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီး ပရက်စလေ (Presley) ဒီဇိုင်း နဲ့ နီနီက စင်မြင့်ပေါ်မှာ “နီနီအိမ်မက်တွေကို အကောင်အထည်ဖော်တဲ့ ဒီနေ့ပွဲလေးက ၁၀ နှစ်ပြည့် အခမ်းအနားပွဲလေးပဲ ဖြစ်ပါတယ်။ နီနီရင်မှာ အရမ်းလွမ်းတဲ့သူတယောက်ရှိတယ်။ မနေ့ကလည်းလွမ်းတယ်။ ဒီနေ့လည်းလွမ်းတယ်။ နီနီဆရာ ကေအေတီကို အရမ်းလွမ်းတယ်” လို့ မျက်ရည်ဝဲရင်း ဆိုခဲ့ပါတယ်။

နီနီခင်ဇော်ရဲ့ “RETRO RED VOLUTION SHOW” / Ni Ni Khin Zaw Facebook Page

ဆရာကေအေတီ ကိုသတိရလွမ်းတဲ့အတွက် ၇လကြာ Train ပေးရင်း သီဆိုစေခဲ့တဲ့ “အရိပ်တစ်ခု ပိုင်ဆိုင်ခြင်း” ဆိုတဲ့ သီချင်းကို သီဆိုပါတယ်။ နီနီခင်ဇော်ရဲ့ ပေါက်သီချင်းတပုဒ်ဖြစ်တဲ့ “သစ္စာရှိကြေး” သီချင်းကို မသီဆိုခင်မှာ အချစ်တခုမှာ ချစ်တာထက် သစ္စာရှိဖို့ အရေးကြီးတယ်။ ယောကျာ်းလေးနဲ့ မိန်းကလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေး အချင်းချင်းပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေးအချင်းချင်းပဲ ဖြစ်ဖြစ် သစ္စာရှိပြီးတော့ လို့ ဆိုလိုက်တာကြောင့် ပရိသတ်ရဲ့ ဝေးဝါး ဆိုပြီး အားပေးသံတွေ ဆူခဲ့ပါတယ်။

နီနီခင်ဇော်ဆိုတာ ဒီလို ခေတ်နဲ့အမှီ ဖြစ်ပေါ်တည်ရှိတဲ့ ချစ်ခြင်းကို လက်ခံနိုင်ပြီး အားပေးတဲ့ သူတယောက်ဆိုတာ ကိုလည်း ပြသသွားပါတယ်။ ပွဲက နည်းနည်းအေးသွားတဲ့ အချိန်မှာ အရောင်မဆိုးနဲ့ သီချင်းနဲ့ မြူးမြူးကြွကြွ သီဆိုတင်ဆက် လိုက်ချိန်မှာ ပရိသတ်ကပါ လိုက်ပါ ကခုန်ခဲ့ပြီး ပွဲက မြိုင်ဆိုင်လာပါတယ်။

နီနီရဲ့ အကြိုက်ဆုံးဖျော်ဖြေမှုအပိုင်းလို့ဆိုတဲ့ အိန္ဒိယအကအလှများနဲ့ သီဆိုပြီးပွဲထွက်လာတာကတော့ အိန္ဒိယဘောလိဝုဒ် အကအလှများကို တွေ့မြင်ရသလိုပဲ မြိုင်ဆိုင်မြူးကြွနေပါတယ်။ ဒီအပိုင်းနဲ့ပတ်သတ်လို့ နီနီပရိသတ်တချို့က တွေ့မြင်နေကျ မဟုတ်လို့ ကြိုက်နှစ်သက်ကြသူတွေရှိသလို တချို့ကတော့ ဒီတင်ဆက်မှုပိုင်းကို သဘောမကျကြပါဘူး။

ဒီပွဲဖြစ်မြောက်စေဖို့ အချိန်သုံးလကြာ ကြိုတင်ပြင်ဆင်ခဲ့ရပြီး ဒီပွဲမှာအဆိုပိုင်းတခုထဲကို ပြချင်တာ မဟုတ်ကြောင်း တင်ဆက် ပြသခဲ့တဲ့ ပါဖောမန့်များကို ကြည့်ရုံနဲ့ သိသာပါတယ်။ အင်တာနေရှင်နယ်က အဆိုတော်များတန်းတူ ပါဖောမန့်များနဲ့ ဖျော်ဖြေတင်ဆက်နိုင်ခဲ့တဲ့ နီနီခင်ဇော်ရဲ့ “RETRO RED VOLUTION SHOW” ကတော့ ကြည့်ရှူ့တဲ့ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

The post ပါဖောမန့်ရော အဆိုပိုင်းကိုပါ ကျွမ်းကျင်စွာ ပြသသွားတဲ့ နီနီခင်ဇော်ရဲ့ “RETRO RED VOLUTION SHOW” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles