Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တွေးတောစရာတွေ အများကြီးပေးတဲ့ လျှို့ဝှက်သည်းဖို “Secret Window”

$
0
0

ဒီတခါမှာတော့ IMDB Rating (6.6) ရရှိထားတဲ့ မင်းသားကြီး Johnny Depp ပါဝင်သရုပ်ဆောင်ထားတဲ့ “Secret Window” ဆိုတဲ့ ဇာတ်ကားကောင်းလေး တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒါရိုက်တာ David Koepp ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် ၁၄ နှစ် လောက်ကြာပြီဆိုပေမယ့် ဇာတ်လမ်းက ကောင်းမွန်တဲ့ အပြင် လျှို့ဝှက်သည်းဖို ဒရာမာ အမျိုးအစား ဖြစ်တာကြောင့် ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Mort Rainey ဆိုတဲ့စာရေးဆရာဟာ အိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့ သူ့မိန်းမကို သူရဲ့ ပိုင်ဆိုင်မှုတွေထဲက နယူးယောက်မြို့ကအိမ်မှာ ထားခဲ့ပြီး သူကတော့ မြို့နဲ့ အလှမ်းဝေးလှတဲ့ တောဘက်က သစ်လုံး အိမ်လေးမှာ တယောက်တည်း စာရေးရင်း အထီးကျန်စွာဖြတ်သန်းနေပါတယ်။

ဒီလိုနဲ့ ကွာရှင်းပြီး နေလာတဲ့ ၆ လလောက် အကြာမှာ John Shooter ဆိုတဲ့လူတယောက် သူ့အိမ်တံခါးကို လခေါက်လာပြီး သူ့ရဲ့ဝတ္ထုတပုဒ်ကို စာရေးဆရာ Mort Rainey က ခိုးချပါတယ်ဆိုပြီး လာစွပ်စွဲပါတော့တယ်။

စာရေးဆရာ Mort Rainey က ငြင်းဆိုတဲ့အခါ Mort Rainey ရေးသားထားတဲ့ ဒီဝတ္ထု ပါဝင်တဲ့ မဂ္ဂဇင်းကို ၃ ရက်အတွင်း ယူလာပြရမယ်လို့ ပြောဆိုခဲ့ပြီး သုံးရက်မြောက် မတိုင်ခင်မှာပဲ စာရေးဆရာရဲ့အချစ်တော်ခွေးလေးကို ရက်ရက်စက်စက် သတ်သွားတဲ့ အပြင် သူမိန်းမအတွက်ထားခဲ့တဲ့ အိမ်ကိုပါ မီးရှို့မှုတွေ ဖြစ်လာခဲ့ပြီး နောက်ထပ်ခြိမ်းခြောက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့အတူ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ လျှို့ဝှက်သည်းဖို ဒရာမာဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းကတော့ အေးပါတယ်။ ဇာတ်လမ်း အေးပေမယ့် စိတ်ဝင်စားစရာတွေ များတဲ့အပြင် သေသေချာချာ ကြည့်မှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ရုပ်ရှင်ကို အေးအေးဆေးဆေးနဲ့ စဉ်းစားပြီး ကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေ အတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။

The post တွေးတောစရာတွေ အများကြီးပေးတဲ့ လျှို့ဝှက်သည်းဖို “Secret Window” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ