Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၅ ကြိမ်ထက်မနည်း Facebook အကောင့် Hack ခံနေရတဲ့ အဆိုတော် လင်းလင်း

$
0
0

ယခု လတ်တလော အနုပညာရှင်တော်တော်များများရဲ့ Facebook အကောင့်များ ဟက်ခံနေရတဲ့ထဲမှာ တယောက် အပါအဝင် ဖြစ်လာတဲ့ အဆိုတော်လင်းလင်းက သူ့ရဲ့ Facebook အကောင့်ကို အခု ရက်ပိုင်းအတွင်းမှာ Hacker များရဲ့ အကောင့်ဟက်ခြင်းကို ခံနေရသည်မှာ ၅ ကြိမ်ရှိနေပြီလို့ ဆိုပါတယ်။

“ပွင့်ပွင်းလင်းလင်း ပြောရရင် ဒီရက်ပိုင်းထဲ ၅ ခါ ရှိပြီ။ ကျနော့်အကောင့်ကို ဟက်တယ်ထင်တာပဲ။ နိုင်ငံရေး၊ အနုပညာ၊ စီးပွားရေး၊ လူမှုရေး စသဖြင့် ဘာကိစ္စမှ ကျနော်သောက်တင်း မပြောတတ်ပါဘူး။ ကွယ်ရာမှာလည်း ဖောင်း ထုတတ်တဲ့ လူမျိုး မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာ လုပ်တယ်။ မကျေနပ်ရင် အပြင်မှာဒဲ့ ရှင်းတယ်။ စကားနဲ့ ရှင်းမရရင် မျက်နှာချင်းဆိုင် ဒဲ့ရှင်းတယ်။ အဲဒါ မောင်လင်းလင်းပဲ” ဆိုပြီး အဆိုတော်လင်းလင်းကက သူ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

ဆက်လက်ပြီးတော့ လင်းလင်းက “လူထုခေါင်းဆောင်သွားတဲ့လမ်းကို သံသယ မထားဘဲ  ဖြောင့်ဖြောင့် လိုက်တယ်။ ခိုင်းတာလုပ်တယ်။ သီချင်းရေးတယ်။ သီချင်းဆိုတယ်။ စာဖတ်စာရေး ဒီလောက်ပါပဲ။ ကျနော်လည်း ဆိုရှယ် နည်းပညာတွေ ကျွမ်းကျင်တာ မဟုတ်ဘူး။ အာရုံ မနောက်ပါနဲ့။ Password တွေလည်း ဘာမှမချိန်းဘူး။ ဟက်သွား မိရင်လည်း မက်စင်ဂျာ မွှေနှောက်ပြီး ပြန်ပေးပါ။ ကျုပ်သမီးတွေရဲ့ မမ်မိုရီတွေ အများကြီးရှိလို့ပါ” လို့ အကောင့် Hack မယ့် Hacker များကို ပြောထားပါတယ်။

အဆိုတော် လင်းလင်းကတော့ ဇနီးဖြစ်သူ ချစ်သုဝေနှင့် မေမြန်မာခေတ်၊ မေမြန်မာသစ် ဆိုတဲ့  ချစ်စရာကောင်းတဲ့ အမြွာ သမီးလေး ၂ ယောက်ကို ပိုင်ဆိုင်ထားပြီး လတ်တလောမှာလည်း ပရိသတ်အကြိုက်တွေ့နေတဲ့  “The Voice Myanmar”  သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်တဦးအဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။

The post ၅ ကြိမ်ထက်မနည်း Facebook အကောင့် Hack ခံနေရတဲ့ အဆိုတော် လင်းလင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ