Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယနိုင်ငံရဲ့ ခရီးသွား နေရာတွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ပါးပါးနပ်နပ် ရိုက်ပြထားတဲ့ “Qarib Qarib Singlle”

$
0
0

ဒီတပတ်မှာတော့ ဘောလိဝုဒ်ပရိသတ်တွေအတွက် “Qarib Qarib Singlle” ဆိုတဲ့ Romance ဇာတ်ကားကောင်းလေး တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားမှာတော့ မင်းသား အီရာဖန်ခမ်း (Irrfan Khan) နဲ့ မင်းသမီးချော ပါရာဗသီ (Parvathy) တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး လင်ယောကျာ်း သေဆုံးခဲ့တဲ့ အရွယ်ရှိ မုဆိုးမလေး Jaya ဟာ ရုံးဝန်ထမ်း အမျိုးသမီး တဦး ဖြစ်ပါတယ်။ အထီးကျန်နေတဲ့ သူမကို သူငယ်ချင်းတွေက ချစ်သူ ရည်းစားထားဖို့ အကြံပေးကြပေမယ့် နောက်ထပ် အိမ်ထောင်ပြုဖို့ မဝံ့မရဲ ဖြစ်နေရှာတဲ့ Jaya ကတော့ အလုပ်တွေ ဖိလုပ်ရင်း၊ တူမတွေကို ထိန်းကျောင်းရင်းနဲ့ပဲ အချိန်တွေကို ဖြတ်သန်းနေသူပါ။

တနေ့မှာတော့ Jaya တယောက် အွန်လိုင်းပေါ်က Dating Application တခုမှာ ဗီယောဂီဆိုတဲ့ ကဗျာဆရာ တယောက်နဲ့ စကားစမြည် ပြောဆိုကြရင်းကနေ အပြင်မှာ တွေ့ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်ချစ်ဦးတွေနဲ့ လွဲခဲ့တဲ့ ကဗျာဆရာ ဗီယောဂီအဖြစ် မင်းသား အီရာဖန်ခမ်းကို ဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသက်အရွယ်အရ ဆယ်ကျော်သက်အရွယ်တွေ မဟုတ်ကြတော့တဲ့ သူတို့နှစ်ယောက် အတွက်တော့ တယောက်ရဲ့ ခံစားချက်ကို တယောက် ဖွင့်ပြောဖို့ ဆိုတာဟာ အပြစ်တခုကို ကျူးလွန်မိတာထက် ပိုဆိုးနေပါတယ်။ တယောက်နဲ့ တယောက် စရိုက် လက္ခဏာချင်း ကွာခြားလှတဲ့အပြင် အချစ်ရေးနဲ့ ပက်သက်ပြီး အရှက်အကြောက် ကြီးကြပုံချင်း တူတဲ့ သူတို့နှစ်ယောက် နောက်ဆုံးအချိန်အထိ ရေငုံနှုတ်ပိတ် နေကြဦးမလားဆိုတာကိုတော့ ဒီဇာတ်ကားမှာ ဆက်လက် ကြည့်ရှုရမှာပါ။

IMDB Rating (7.1) ရရှိထားတဲ့ ဒီဇာတ်ကားဟာ Romance ဇာတ်ကား ဆိုပေမယ့် တခြားသော အိန္ဒိယ Romance ဇာတ်ကားတွေလို ကတဲ့ ဇာတ်ဝင်ခန်းတွေ မပါတာပါပဲ။ ထူးခြားလှပတဲ့ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားနေရာတွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ဒါရိုက်တာက ပါးပါးနပ်နပ်နဲ့ ထည့်သွင်း ရိုက်ကူးထားတာတွေကို တွေ့မြင်ရမှာဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် “Qarib Qarib Singlle” ဇာတ်ကားကို ကြည့်ရှုဖို့ ညွှန်းဆို လိုက်ပါတယ်။

The post အိန္ဒိယနိုင်ငံရဲ့ ခရီးသွား နေရာတွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ပါးပါးနပ်နပ် ရိုက်ပြထားတဲ့ “Qarib Qarib Singlle” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ