Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူတိုင်း နားဆင် ခံစားသင့်တဲ့ အဆိုတော် ချမ်းမြေ့ရဲ့ “ဒုက္ခ” သီချင်းခွေ

$
0
0

အဆိုတော် အသစ်တွေ ထွက်တိုင်း လက်လှမ်းမှီ သလောာက် နားထောင်ကြည့်ဖြစ်တယ်။ သီချင်းခွေတွေက တခွေပြီး တခွေ အဆက်မပြတ် ထွက်နေလေတော့ တပုဒ်စ နှစ်ပုဒ်စလောက်သာ အကြိုက်တွေ့တဲ့ အခွေတွေရှိသလို တခွေလုံး တပုဒ်မကျန် ကြိုက်ပြီး နေ့စဉ်ရက်ဆက်လိုလို နားထောင်ဖြစ်တဲ့ အခွေကောင်းလေးတွေလည်း ရှိနေပြန်တယ်။

အဲဒီ အထဲမှာမှ လက်တလော ကျနော့် စိတ်ထဲစွဲငြိနေတဲ့ အခွေလေးကတော့ ရှမ်းပြည်နယ်၊ နမ့်စန်မြို့သား၊ အဆိုတော် ချမ်းမြေ့ရဲ့ “ဒုက္ခ” ဆိုတဲ့ သီချင်း Album ပဲ ဖြစ်ပါတယ်။ တေးရေးနဲ့ Band ကို ကြည့်ပြီး ဝယ်ဖြစ်ခဲ့တဲ့ အခွေဆိုလည်း မမှားဘူး။ Runner Band နဲ့တီးပြီး အယ်နောင်း၊ ကိုအောင်၊ အိုက်ပီး၊ အယ်ရန်း၊ အောင်ကိုမြင့်နဲ့ စည်သူတို့ ရေးထားပေးတဲ့ သီချင်းတွေနဲ့ မြိုင်ဆိုင်နေတယ်။

သူများတွေ ကြမ်းပေ့မြူးပေ့ သီချင်းတွေ အဖွင့်မှာ ထားနေတဲ့ အချိန် သူကတော့ ရိုးရိုးလေးနဲ့ ငြိမ့်ငြိမ့်လေးပဲ သူ့အခွေကို စဖွင့်ထားတယ်။

(၁) လရောင်ဆီသို့ လွမ်းဆွတ်ခဲ့သူကြီး အယ်ရန်းရဲ့ လက်ရာ

ငြိမ်းချမ်းသောကမ္ဘာမြေ…

ကဗျာဆန်ဆန်လှပငြိမ့်ညောင်းနေတဲ့ သီချင်းလေး…

“ငွေကြယ်တွေ မိုးသားထက်ဆေးခြယ်ရင်း…ကမ္ဘာမြေဟာ လှပစွာစိမ်းလန်းရာ…အေးချမ်းတဲ့ညမှာ တိတ်ဆိတ်ငြိမ်းချမ်းစွာ…ကမ္ဘာမြေဟာ သြော်…အိပ်စက်နေပြီလား…”
ညချမ်းလေးမှာ ဝရန်တာကိုထွက် ကောင်းကင်ကြီးကို မော့ကြည့်ပြီး အဲဒီ သီချင်းလေး နားထောင်ကြည့်လိုက်၊ ခင်ဗျားတို့ရဲ့ သောကတွေ တဒင်္ဂပဲဖြစ်ဖြစ် ငြိမ်းအေးသွားလိမ့်မယ်။

(၂) “မြင်ရတယ်”

ဒုတိယ အပုဒ်ကတော့ သီချင်းဟောင်း သီချင်းကောင်းလေး၊ အယ်နောင်းရေးပြီး သန်းဝင်းထူး ဆိုခဲ့တဲ့ “မြင်ရတယ်” အယ်နောင်းရဲ့ လက်ရာဆိုမှတော့ ထူးထူးခြားခြားညွှန်းဖို့လိုမယ်မထင်။ ကိုယ့်ကို ချစ်နေပေမဲ့ မချစ်သယောင် ဟန်ဆောင် ထားတဲ့ ကောင်မလေးရဲ့အကြည့်တွေမှာ အချစ်တွေကို မြင်နေရ ပါသတဲ့ဗျာ။

“တခါတလေမှာ မင်းရဲ့အကြည့်ကထူးဆန်းလို့

မင်းမျက်လုံးတွေထဲမှာ အချစ်တွေနဲ့

တစ်ခါတစ်လေမှာ မင်းရဲ့အကြည့်ကဆန်းပြားလို့

အချစ်မျက်လုံးတွေ ပြေးဆော့နေခဲ့…”

ချမ်းမြေ့ရဲ့ချိုရှရှ အသံနဲ့ဆိုလိုက်တော့ လွမ်းလို့ကောင်းလိုက်ပုံများ မတော်ရသေးတဲ့ ချစ်သူပုံရိပ်တောင် မျက်စိထဲ ပေါ်လာလေရဲ့။

ဒုုကၡ

ဒီနေ့ကျွန်တော့်ရဲ့ ခွေလေးထွက်ပါပြီ။နီးစပ်ရာဆိုင်တိုင်းမှာ ၀ယ်ယူလို့ရပါတယ်။ ဒုတိယမြောက် MTV လေးကိုလည်းတင်ပေးလိုက်ပါတယ်။ အားပေးပါကြပါဦးလို့ 😍😍😍▶ ဒုက္ခတေးဆို – ချမ်းမြေ့တေးရေး – အောင်ကိုမြင့်Band – RunneR Music BandMixing – Ko Myint ZawHarmony – Ever Gladeဒါရိုက်တာ / တည်းဖြတ် – သီဟကျော်သရုပ်ဆောင် – သော်မျိုးနောင်၊ ပြည့်ဝတီမောင်

Posted by Chan Myay Aung on Friday, February 16, 2018

(၃) သုံးပုဒ်မြောက်က စီးရီးတိုင်တယ်(လ်) သီချင်း “ဒုက္ခ”

သီချင်းကောင်း တော်တော်များများရဲ့ ပိုင်ရှင်ကြီး အောင်ကိုမြင့်ရဲ့လက်ရာ၊ နိစ္စဓူဝ ဒုက္ခတွေနဲ့ လုံးပမ်းနေတဲ့ ကျနော်တို့ အတွက် စိတ်ဖြေရာ သီချင်းလေးတစ်ပုဒ်။
“တွေ့ကြုံဆုံကွဲ လောကဓံဆိုတဲ့ ဝင်္ကဘာထဲမှာ… အသိကိုချုပ်ထိမ်းကာ… ဖြစ်သင့်တာစဉ်းစား…

ဘဝအတွက်နေနည်းထိုင်နည်းကို ပို့ချနေသလိုလို………

ခက်ခဲပေမဲ့ ဖြတ်သန်းရဆဲ ဒီလောကမှာ… ကိုယ်တွေ့ကြုံမယ့် သင်ခန်းစာတို့ အချိန်နဲ့အမျှ… ပျော်ရွှင်ခြင်းမှာ အတူဒွန်တွဲပါ ……ဒါဟာ……ဒုက္ခ”

(၄) တေးရေးဆရာအသစ် စည်သူရဲ့ “အဆုံးမဲ့”

ကျနော်ရဲ့ခံစားချက်နဲ့ ပက်ပင်းတိုးမိသွားတဲ့သီချင်း၊ အထပ်ထပ် အခါခါ နားထောင်လေ ကြိုက်လေ Feelလို့ ကောင်းလေ

ကျနော်တို့လို “တဖတ်သတ် သတ္တဝါ” တွေ နားထောင်သင့်တဲ့သီချင်း၊ ချမ်းမြေ့ရဲ့ အသံနဲ့လည်း အလွန်တရာ ပနံ သင့်နေလေရဲ့။

“အသက်ပြင်းတဲ့ခံစားချက်တွေနဲ့… ဘယ်လိုသတ်သတ်မသေတဲ့မျော်လင့်ချက်… ဘာအတွက်မှ မရပ်တဲ့ ငါ့အိပ်မက်… တကယ်ပြောတာပါ နင်ဟာငါ့ရဲ့ဘဝ…. ယုံစမ်းပါဟာ နင်ဟာငါ့ရဲ့ကမ္ဘာ”

(၅) ဒီအခွေမှာ အောင်ကိုမြင့်ရဲ့ သီချင်း ၅ ပုဒ်လောက် ပါနေတာကိုက အားရစရာ။

အောင်ကိုမြင့် ရေးထားတဲ့ သီချင်းလေးနာမည်က “သူပျော်ဖို့” တဲ့။ ပေးဆပ်မှုတွေ ထုံမွှန်းနေတဲ့ စာသားတွေက ခံစားချက် အပြည့်န ဲ့သီဆိုထားတဲ့ ချမ်းမြေ့ရဲ့ အသံနဲ့ လိုက်ဖက်လွန်း နေလေရဲ့။

“ငါနာကျင်စွာ သွားတော့မယ်… အရှုံးသမား နှလုံးသား အစွန်း မရောက်သွားခင်… ဝေး…”

တကယ်ပါပဲဗျာ…ရေးလည်းရေးတတ်ပါပေရဲ့။ Feel ဖို့ သီချင်းတပုဒ် တိုးတာပါပဲ။

ဘယ်တော့မှ

ကျွန်တော် နဲ့ မချမ်းချမ်း သီဆိုထားတဲ့ "ဘယ်တော့မှ" သီချင်းလေးပါ။ ပူးတွဲသီဆိုပေးခဲ့တဲ့ မချမ်းချမ်း နဲ့ နားဆင်ပေးကြတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ဒီလ (၁၇)ရက်နေ့ ကျွန်တော့်ရဲ့ ဒုက္ခသီချင်းခွေထွက်လာရင်လည်း အားပေးနားဆင်ပေးကြပါဦးခင်ဗျ။▶ ဘယ်တော့မှ တေးဆို – ချမ်းမြေ့ + ချမ်းချမ်းတေးရေး – ကိုအောင်Band – RunneR Music BandMixing – Ko Myint Zawဒါရိုက်တာ – ဘုဏ်းသိုက်တည်းဖြတ် – ဇော်ကြီး

Posted by Chan Myay Aung on Saturday, February 10, 2018

(၆) “ဘယ်တော့မှ”

ကိုအောင်ရေးပြီး ကိုအောင်နဲ့ချောစုခင် သီဆိုခဲ့ဖူးတဲ့ သီချင်းကောင်းလေး…

မူရင်းအရသာ မပျက်အောင် ချမ်းမြေ့နဲ့ ချမ်းချမ်းက အတွဲညီညီသီဆိုထားလေရဲ့။

(၇) စည်သူက တေးရေး အသစ်ဆိုပေမယ့် တက်လမ်းအများကြီး ရှိတဲ့သူလို့ ယူဆမိတယ်။ ဒီအခွေမှာ သူရေးပေးတဲ့ သီချင်း ၃ ပုဒ် ပါတယ်။ ကိုယ်ပိုင်ခံစားချက်တွေလား မသိ။ ၃ ပုဒ် စလုံးက အဆွေးသီချင်း ကောင်းတွေချည်း။

“နေဝင်လာတော့မယ်… နင်ပြန်လာတော့ကွယ်… နာရီသံ တချက်ချက်နဲ့ ငါ့ကိုခြောက်လှန့်နေပေမယ့် … ငါစောင့်နေတုန်းပါပဲ… ဒီအခန်းငယ်လေးထဲ ဟိုအရင်လိုလေးပဲ” လို့အစချီထားတဲ့ “သီးသန့်နန်းတော်” ဆိုတဲ့ သီချင်းလေးကို ညနေစောင်းလေးမှာ ခင်ဗျားတို့ နားထောင်မိမယ်ဆိုရင် အလွမ်းတွေ ဖြာကျလာမှာ မြင်ယောင်မိသေး။

(၈) “ဒါဘဝပဲ”

ဆက်တိုက် နားထောင်ပြီး Feelကောင်းနေတဲ့ အချိန်မှာ အောင်ကိုမြင့်ရဲ့လက်ရာ “ဒါဘဝပဲ” သီချင်းအလှည့်ရောက်မှ သွေးတွေ ပြန်နွေးလာလေရဲ့။ ချိုရှရှအသံနဲ့ အဆွေးသီချင်းတေ ွပိုင်တဲ့ချမ်းမြေ့က ဒီသီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာတွေ့တော့ ချမ်းမြေ့ရဲ့ Vocal ကို အထင်ကြီးလာမိတယ်။

“နေ့တွေ ညတွေ ဘယ်လောက်ထိရှည်ဦးမလဲ… အပြုံးတွေအရှုံးတွေ ပေးတတ်လာခဲ့တယ်… အမုန်းတွေ အချစ်တွေ အရှုံးအမြတ်တွက်ရင်းနဲ့ … နေတတ်လာပြီပဲ ကျေနပ်နေရဆဲ … ဒါဘဝပဲ´´

Show ပွဲမှာ ခုန်ပေါက်ဆိုလို့ကောင်းတဲ့ သီချင်းတပုဒ်။

(၉) “နွေဦး”

ဒီသီချင်းကို အယ်ရန်းရေးပြီး သူကိုယ်တိုင် ဆိုထားသလို ချမ်းမြေ့ ရှေ့မှာလည်း(ကျနော် သိသလောက်) ၂ ယောက် လောက် ဆိုခဲ့ဖူးသေးတယ်။

ဘယ်တော့မှ မရိုးမယ့် သီချင်းတပုဒ်။ နွေနဲ့ ပနံရလိုက်ပုံများ…

“နွေရယ် အလွမ်းများ တိုက်ခတ်သွားခဲ့ပြီ…သစ်ရွက်ခြောက်တို့ ခူးဆွတ်ယူ…နွေဦးဟာ စာနာသူမဟုတ်ဘူး”

(၁၀) ခေါင်းစဉ်က “နေပါဦး”

စည်သူကတော့ အဆွေးတလိုင်းမှာ ဆရာကျ လွန်းပါတယ်။

“နေပါဦးဟာ…ခဏလေးပါ…နင်ပြန်စဉ်းစားပေးလို့ ရနိုင်မလား…ငါကြွေအောင်ပြုစား…ပြီးမှနင်ထားသွားတော့မှာ …ငါလက်ခံနိုင်လို့မရ ဘာမှားလဲ ပြန်စဉ်းစားခဲ့ပါလား…မခံစားနိုင်လို့ပါ”

ချမ်းမြေ့က mood အပြည့်နဲ့ သီဆိုထားလေတော့ တိုက်ဆိုင်မှုရှိတဲ့သူဆို မျက်ရည် ပေါက်ခနဲ ပေါက်ခနဲ မကျတောင် ရင်ထဲ ဆို့နင့်ခံစားသွားမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲဗျာ။

(၁၁) ဘယ်လောက်ဝေးဝေး

အောင်ကိုမြင့်ရဲ့ ဆန်းသစ်တဲ့ လက်ရာ ၊ Flow အသွားလေးတွေက တမျိုးလေး နားထောင် ကောင်းနေတယ်။

“အခန်းကျဉ်းလေးထဲမှာ ငါထိုင်စောင့်ရင်း…မင်းတံခါးခေါက်မယ့်အသံ ငါမျှော်ရင်း နားစွန့်လို့နေရင်း မင်းလေးရောက်မလာမချင်း အိပ်မပျော်ဘူးအချစ်ရယ်”
အစွဲအလမ်းကြီးတဲ့ လူတစ်ယောက်အကြောင်းရေးထားတဲ့သီချင်းလေး။

(၁၂) “တမ်းတဖော်”

၁၂ ပုဒ်မြောက် သီချင်းကိုတော့ အောင်ကိုမြင့်ကပဲ ရေးထားပါတယ်။ အေးအေးငြိမ့်ငြိမ့် ဆွေးဆွေးလေး နားထဲကို ပျော်ဝင် စီးဆင်းသွားလေရဲ့။ ဒီနွေဦးမှာ နားထောင်လို့ အကောင်းဆုံး သီချင်းလေး။ အထီးကျန်နေသူတွေအတွက် စိတ်ခိုင်ခိုင်သာ ထားပြီး နားထောင်ကြပေတော့။

“သစ်ရွက်ကြွေတွေလည်း နွေဦးရဲ့လေပွေထဲဝဲလည်…ဥသြငှက်ငယ်သူလည်း တမ်းတအဖော်ရှာဆဲဝဲလည်…ငါသည်လည်း သူတို့လိုပါပဲ တဝဲလည်…”

ချမ်းမြေ့ဆိုဟန်က ဟန်ထွန်းအသံနဲ့ အတော်ဆင်တာ ဒီသီချင်းမှာတော့ အတော်သိသာလွန်း နေလေရဲ့။

လက်တွေတွဲလိုက်

ငြိမ်းချမ်းရေးလိုအပ်နေတဲ့ ကျနော်တို့နိုင်ငံကို ရည်ရွယ်ပြီးသီဆိုထားတဲ့ ကျနော်ရဲ့ "လက်တွေတွဲလိုက်" MTV လေးကိုခံစားပေးကြပါဦး။▶ လက်တွေတွဲလိုက်တေးဆို – ချမ်းမြေ့တေးရေး – အိုက်ပီးတည်းဖြတ် – ဒါဝိဒ်Band – RunneR Music BandMixing – Ko Myint ZawHarmony – Ever Glade

Posted by Chan Myay Aung on Wednesday, February 28, 2018

(၁၃) နောက်ဆုံး သီချင်းလေးကတော့ ငြိမ်းချမ်းရေးသီချင်း၊ အိုက်ပီးရေးတဲ့ “လက်တွေတွဲလိုက်”

နားမထောင်ရသေးခင် ကျနော်က အချစ်သီချင်းလို့ထင်နေတာ။ နားထောင်ပြီးမှပဲ တို့ကမ္ဘာမြေကြီးနဲ့ လိုက်ဖက်တဲ့ သီချင်းပါလားလို့ ရေရွတ်မိပါသေးရဲ့။ အိုက်ပီးကလည်း တပုဒ်ဆို ဆိုသလောက် ထိထိမိမိ ရေးထားတာကို တွေ့ရတယ်။ သီချင်း စာသားတွေထဲမှာ သူ့ရဲ့စေတနာတွေကို မြင်နေရတယ်။ ကဲ…ကြည့်ဦးလေ

“ဝမ်းနည်းလို့ပူဆွေးသံအစား လူတိုင်းပျော်မြူးမယ့်အသံ…အစားထိုးမရနိုင်ဘူးလား စာနာမေတ္တာတရားတွေနဲ့…”

တခွေလုံးခြုံပြီး ပြောရရင် တေးရေးတွေကလည်းကောင်း ချမ်းမြေ့ရဲ့ဆိုဟန်ကလည်း မိုက်၊ Runnerရဲ့တီးပုံကလည်း သပ်ရပ်၊ သီချင်းကောင်း နားထောင်ချင်သူတွေ လက်မလွှတ်သင့်တဲ့ အခွေပါပဲဗျာ။

ကျနော်ကတော့ အခုရက်ပိုင်း ချမ်းမြေ့ရဲ့ “ဒုက္ခ” အခွေနဲ့ နှစ်ပါးသွားနေဆဲပဲ။

ဆက်စပ် သတင်းလင့်ခ် – မတူညီမှု နှစ်ခုကို နာမည် ပေါင်းစည်းပေးထားတဲ့ အဆိုတော် ချမ်းမြေ့ရဲ့ “ဒုက္ခ” သီချင်းခွေ

The post လူတိုင်း နားဆင် ခံစားသင့်တဲ့ အဆိုတော် ချမ်းမြေ့ရဲ့ “ဒုက္ခ” သီချင်းခွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)