Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Fantastic Beats ချစ်သူတွေ ထပ်မံကြည့်ရှုရမယ့် “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်

$
0
0

စာရေး ဆရာမ J.K Rowling ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ David Yates ရိုက်ကူးခဲ့တဲ့ “Fantastic Beasts And Where to Find Them” ဆိုတဲ့ဇာတ်ကားအပြီးမှာတော့ “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင် ထပ်မံထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

“Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်ဟာ Official Poster နဲ့အတူ Official Trailer ထွက်ရှိလာခဲ့ပြီး ယခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။ အကြိုအနေနဲ့ ထွက်ရှိလာတဲ့ Trailer မှာဆိုရင် နည်းပညာဆိုင်ရာ ဖန်တီးမှုပေါင်းများစွာနဲ့ ရိုက်ကူး တင်ဆက်ထားတဲ့ မှော်ကမ္ဘာကြီးကို အံ့သြ မှင်သက်ဖွယ် ကြည့်ရှုရမှာပါ။

ဒီ Fantastic Beasts ရုပ်ရှင်တွေဟာ ဇာတ်လမ်းသဘောအရ ဟယ်ရီပေါ်တာ မတိုင်ခင် နှစ်ပေါင်း ၇၀ လောက်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပုံဖော်တင်ဆက်ထားတာဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတုန်းက နောက်ဆုံး အခန်းမှာသာ ပါဝင်ခဲ့တဲ့ Johnny Deep ကို အခုလာမယ့် ဒုတိယဇာတ်ကားမှာGellert Grindelwald အဖြစ် တွေ့မြင်ရမှာ ဖြစ်ပြီး Albus Dumbledore အဖြစ် Jude Law ကပါဝင်လာမှာပဲဖြစ်ပါတယ်။

ပထမရုပ်ရှင်ဖြစ်တဲ့ “Fantastic Beasts And Where to Find Them” ရုပ်ရှင်မှာ မှော်ဆရာလေး Newt Scamander (Eddie Redmayne) ရဲ့ အကူအညီနဲ့ အမေရိကန် မှော်ပညာဆိုင်ရာအဖွဲ့ဟာ Grindelwald (Johnny Depp) ကို ဖမ်းမိခဲ့ရာကနေ အခုလာမယ့်ရုပ်ရှင် “Fantastic Beasts: The Crimes of Grindelwald” မှာ လွတ်မြောက်သွားပြီး သူ့ရဲ့နောက်လိုက်အပေါင်းအပါတွေနဲ့ မှော်ပညာ မတတ်တဲ့ သူတွေကို အုပ်စိုးဖို့ ပြစ်မှုတွေကို လုပ်ဆောင်ကြမှာပါ။

ဒါတွေကို Newt Scamander နဲ့ သူ့ရဲ့ဆရာဖြစ်သူ Albus Dumbledore (Jude Law) က ပူးပေါင်း တားဆီးကြမှာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်မှာ မှတ်ဉာဏ် ဖျောက်ခံလိုက်ရတဲ့ Jacob ကိုလည်း အခုဇာတ်ကားမှာ ပြန်လည်မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် Fantastic Beasts ရုပ်ရှင်ချစ်သူတွေကို “The Wizarding World” ထဲ ထပ်မံခေါ်ဆောင် သွားနိုင်မလား ဆိုတာ ဆက်လက် စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

“Fantastic Beasts: The Crimes of Grindelwald” Official Trailer

The post Fantastic Beats ချစ်သူတွေ ထပ်မံကြည့်ရှုရမယ့် “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link