Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“၂၀၁၇ ခုနှစ်၊ အကယ်ဒမီ” ပရိသတ် အကြိုက်နဲ့ ထပ်တူကျနိုင်မလား

$
0
0

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီး နီးကပ်လာတာနဲ့ အမျှ ရုပ်ရှင် လောကသားများနဲ့ အတူ ရုပ်ရှင်ချစ် ပရိသတ်များကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

တနှစ်တာလုံး ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အကယ်ဒမီ စာရင်းဝင် ၅၃ ကားထဲကနေ အကယ်ဒမီ ထူးချွန်ဆုများကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ၅၃ ကားထဲမှ ယခုအခါ ဆန်ခါတင် ၁၁ ကား ကျန်ရှိပြီး ထို ၁၁ ကားထဲမှ အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆုနဲ့ အထူးဆု ၁ ဆု၊ တသက်တာ ထူးချွန်ဆုတို့ အပါအဝင် စုစုပေါင်း အကယ်ဒမီဆု ၁၃ ဆု ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုနေရာတွင် ပရိသတ်ရဲ့ တစ်ကြိုပေးခြင်းခံရတဲ့ အနုပညာရှင် မင်းသမီးတွေ ရှိပါတယ်။ သူတို့ကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်း ရိုက်ကူးထားပြီး အိမ်ထောင်ရေး ပညာပေးဇာတ်လမ်းဖြစ်တဲ့ “ရင်ဘတ်ထဲက ဓား” ဇာတ်ကားနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားပြီး မိခင်မေတ္တာဖွဲ့ ဇာတ်ကားဖြစ်တဲ့ “ထာဝရအမေ” ဇာတ်ကားနဲ့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုတို့က ထင်ကြေးအများဆုံး ပေးခံထားရပါတယ်။

သူတို့ နှစ်ဦးကတော့ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများထဲမှာ တယောက်ကို တကားစီသာ ပါဝင်ထားကြပေမယ့်လည်း ၂၀၁၇ ခုနှစ် အကယ်ဒမီ၊ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” အတွက် ရေပန်းစားလျက်ရှိပါတယ်။

အကယ်ဒမီ အမျိုးသား ဇာတ်ဆောင်ဆု နေရာမှာလည်း ယခုနှစ်အတွက် ရေပန်းစားနေတဲ့ သူတွေကတော့ “ရင်ဘတ်ထဲက ဓား” နဲ့ “နေဝင်အိပ်တန်းတက်” ရုပ်ရှင်တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထပ်ဆင့် အကယ်ဒမီ ပြေတီဦးနဲ့ “တာတေကြီး” ၊ “ထာဝရအမေ” ဇာတ်ကားတို့မှာ ပါဝင်ထားတဲ့ ထပ်ဆင့် အကယ်ဒမီ နေတိုး တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး ဇာတ်ပို့ဆု နေရာများအတွက်လည်း အကယ်ဒမီ ထူးချွန်ဆု တကြိမ်တခါမှ မရခဲ့ဖူးသေးတဲ့ သူများထဲမှ ရေပန်းစားနေတာ တွေ့ရပါတယ်။

ယခုနှစ်အတွက် နောက်ဆုံး ဆန်ကာတင်ဇာတ်ကား ၁၁ ကားကတော့ “နေဝင်အိပ်တန်းတက်” ၊ “3Girls” (သရဲမ ဘီလူးမနှင့် မိန်းမပျို) ၊ “သရာစောထိ” ၊ “တာတေကြီး” ၊ “ည” ၊ “အမှောင်မှာရွာချတဲ့ မိုးတိမ်” (ကျွန်) ၊ “ခေါက်ထီးလေး မလုံ့တလုံ” ၊ “နေခြည်မှာ ရွှေရည်လောင်း” ၊ “ထာဝရ အမေ” ၊ “ရင်ဘတ်ထဲက ဓား” ၊ “ငေါ့ချမ်းခ သစ္စာ” စတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကြီးကိုတော့ မကြာခင် မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ Myanmar Event Park မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းလင့်ခ် – “ဒီနှစ် အကယ်ဒမီ အူဝဲကို ရစေချင်တယ်” ဆိုတဲ့ အကယ်ဒမီ မယ်လိုဒီ 

The post “၂၀၁၇ ခုနှစ်၊ အကယ်ဒမီ” ပရိသတ် အကြိုက်နဲ့ ထပ်တူကျနိုင်မလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles