Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Miss Tourism Beauty Of The Asia Yangon” အလှမယ် ဆူးပြည့်နှင့် တွေ့ဆုံခြင်း

$
0
0

“Miss Tourism Beauty Of The Asia 2018 Myanmar” ပြိုင်ပွဲကြီးမှာ ရန်ကုန် အရှေ့ပိုင်းအနေနဲ့ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကုတ်မြို့သူ အလှမယ် ဆူးပြည့်ဟာ မကြာခင် ပြိုင်ပွဲ ဝင်ရတော့မှာ ဖြစ်ပါတယ်။

“Miss Tourism Beauty Of The Asia Yangon” အလှမယ် ဆူးပြည့်ကို ပြိုင်ပွဲအတွက် သူမရဲ့ ရင်ခုန်သံများ ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကို တိုးတက်စေချင်တဲ့ အကြောင်း၊ သူမရဲ့ ဇာတိမြို့ ဖြစ်တဲ့ မိုးကုတ်မြို့အပေါ် ထားရှိတဲ့ သဘောထားများကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ပုံလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ဒီပြိုင်ပွဲကို စပြိုင်ဖြစ်တာကတော့ ကျမက မော်ဒယ်ပိုင်းကို စိတ်ဝင်စားတယ်။ ဒီဟာက ခရီးသွားနဲ့ ပတ်သက်တဲ့ အခါကျတော့ ကိုယ်ကလည်း Tourism ပိုင်းကိုစိတ်ဝင်စားလို့ ပြိုင်ဖြစ်သွားတာပေါ့။ အခု ပြိုင်ရမှာကတော့ Grand Final ပေါ့။ City ပြီးခဲ့ပြီ။ တကယ်လို့ ဆုရရှိခဲ့ရင် ဖိလစ်ပိုင်နိုင်ငံကို သွားပြိုင်ရမယ်။ ဆုရခဲ့ရင်တော့ အတိုင်းထက်အလွန် ဝမ်းသာရမယ်ပေါ့။

မေး။ ။မိုးကုတ်သူတယောက် ဖြစ်ပြီးတော့ ရန်ကုန်ကိုယ်စားပြု ဝင်ပြိုင်ဖြစ်ပုံလေး ပြောပြပါဦး။

ဖြေ။ ။ “Miss Tourism Beauty Asia” ကို City ပွဲအနေနဲ့ မိုးကုတ်မှာ လာလုပ်တာပေါ့နော်။ မန္တလေး တိုင်းနဲ့ ပတ်သက်တဲ့ မြို့လေးတွေကို ၇ မြို့ရွေးတယ်။ အဲဒီလို ရွေးတဲ့အချိန်မှာ ကျမက အထူး ရွေးတဲ့ထဲမှာ ရန်ကုန်တယောက် ရွေးတယ်ပေါ့နော်။ ရန်ကုန်တယောက် ရွေးတဲ့ထဲမှာ National Director က ရွေးချယ် သွားပြီးတော့မှ ရန်ကုန်ပေးလိုက်တာပေါ့။

မေး။ ။ မကြာခင်မှာ ပြိုင်ပွဲကလည်း စတော့မှာ ဖြစ်တဲ့အတွက် ပြင်ဆင်နေမှုအပိုင်းက ဘယ်လိုရှိနေပြီလဲ။

ဖြေ။ ။ အဓိကက ကျမ Talent ပိုင်းပေါ့။ ပြိုင်ပွဲနေ့ကျရင် သစ်သီးတွေကို ပန်းဖော်မယ်ပေါ့။ အဲဒီလိုမျိုးတွေ ကျွမ်းကျင်တယ်။ အိမ်မှုကိစ္စပိုင်းတွေ ကျွမ်းကျင်တယ်။ National Costume ကိုလည်း လုပ်နေတယ်။ ပြီးရင် Catwalk ပိုင်းကိုလည်း လေ့ကျင့်နေတယ်။

မေး။ ။ Miss ပြိုင်ပွဲတွေထဲကမှ ဒီ Miss Tourism Beauty Asia ကိုဘာလို့ ဝင်ပြိုင်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ အရင်ပြိုင်ပွဲတွေ Universe တွေ ဘာတွေရှိတယ်ပေါ့။ အဲဒါကျတော့ ကိုယ့်စတိုင်နဲ့ သိပ်ပြီးတော့ မအပ်စပ်သလို ဖြစ်တယ်ပေါ့။ ကိုယ်က အရမ်း Heavy ကြီးလည်း မနိုင်သေးဘူး။ အောင်ခြေ လူတန်းစားလည်း ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားနေရတဲ့ အခါကျတော့ ဒီပြိုင်ပွဲက ကိုယ်စိတ်ဝင်စားတဲ့ ခရီးသွားလုပ်ငန်းနဲ့လည်း ဆိုင်တယ်။ နောက်ပြီးတော့ ပြိုင်ပွဲက Heavy ကြီး မဖြစ်သေးဘူးပေါ့။ အဲဒါကြောင့် ဒီပြိုင်ပွဲကို ရွေးချယ်ဖြစ်သွားတာပါ။

“Miss Tourism Beauty Of The Asia Yangon” အလှမယ် ဆူးပြည့် (ဓာတ်ပုံ – ဆူးပြည့် Facebook)

မေး။ ။ ဒီပြိုင်ပွဲကရော ပထမဆုံး အတွေ့အကြုံလား။ အရင်ကရော အတွေ့အကြုံ ရှိခဲ့ဖူးလား။

ဖြေ။ ။ ပထမဆုံး မဟုတ်ပါဘူး။ ဒုတိယပေါ့။ အရင်က Miss Universe မိုးကုတ် 2016 မှာ တခါ ပြိုင်ဖူးတယ်။ ဒါက ဒုတိယတခါပေါ့။

မေး။ ။ အနုပညာလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ဝါသနာပါလဲ။ ဘာတွေ လုပ်နေတာရှိလဲ။

ဖြေ။ ။ မော်ဒယ်ပိုင်းတွေ လုပ်ဖူးတယ်။ ဓာတ်ပုံ မော်ဒယ်တွေ လုပ်ဖူးတယ်။ Presenter လုပ်ဖူးတယ်။ ကျန်တာတွေကတော့ သိပ်ပြီးမလုပ်ဖူးဘူး။ ပြီးတော့ နယ်ကလည်းဖြစ်တော့ အခုမှ ရန်ကုန်မှာ အခြေချပြီး လုပ်တာပေါ့။

မေး။ ။ အခုဆိုရင် Miss တွေက အများကြီးပဲ ရှိကြတယ်။ အဲဒီထဲမှာမှ ကိုယ့်အနေနဲ့ အများနဲ့ မတူဘဲ ထိုးဖောက်ဖို့ ဆိုရင်ရော ဘယ်လို အချက်တွေက ကိုယ့်ရဲ့အားသာချက်လို့ ထင်လဲ။

ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရေးကြီးတယ်ပေါ့နော်။ ဒီလောကမှာ ရပ်တည်ဖို့ဆိုတာ မိမိကိုယ်ကိုယ် ယုံကြည်မှုက အရမ်းအရေးကြီးတယ်။ အဓိကကတော့ ယုံကြည်မှုထားတယ်။ ရှေ့ဆက်ရမယ့် ဟာတွေကို ဆရာတွေနဲ့ တိုင်ပင်ပြီးတော့ ကြိုးစားပြီး လုပ်နေတယ်။

မေး။ ။ Miss Tourism ရဲ့ City Miss တယောက်လည်း ဖြစ်တယ်ဆိုတော့ Tourism ပိုင်းနဲ့ ပတ်သက်ပြီး ခရီးသွားရတာ ကြိုက်လား။ ဘယ်လို ခရီးမျိုးကို သွားရတာ ကြိုက်လဲ။

ဖြေ။ ။ ကျမက ခရီးသွားရတာ အရမ်းကြိုက်တယ်။ ကိုယ်က တောင်ပေါ်သူ တယောက်လည်း ဖြစ်တဲ့ အတွက် တောင်တန်းတွေပေါ် သွားရတာကို ကြိုက်တယ်။ ချင်းတောင်တန်းတို့ ဘာတို့ကိုလည်း တောင်တွေ တက်ရတာကို အရမ်း ဝါသနာပါတယ်။ ကိုယ့်ရဲ့မိုးကုတ်မြို့ဆိုတာ Tourism ပိုင်းနဲ့ ပတ်သက်ပြီး ပိတ်ခံထားတဲ့မြို့ပေါ့နော်။ အဲဒီတော့ ကိုယ့်ရဲ့ဒေသလေးကိုလည်း ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးစေချင်တယ်။ တကယ်လို့ ဒီမှာ ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက်ရော ကိုယ့်ဒေသတွေအတွက်ရော ဒီခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးလာအောင်လုပ်ဆောင်သွားပါမယ်။

မေး။ ။ ကိုယ့်မြန်မာနိုင်ငံက အလှအပတွေကို တခြားနိုင်ငံကလူတွေ ပိုမိုသိရှိသွားဖို့အတွက်ရော ဘယ်လို လုပ်ဆောင်သွားဖို့ စိတ်ကူးထားလဲ။

ဖြေ။ ။ ကျမတို့ နိုင်ငံမှာဆိုရင် လှပတဲ့နေရာတွေ အများကြီးပဲပေါ့။ အဲဒီထဲကမှ ပုဂံတို့ မန္တလေးတို့ မိုးကုတ်တို့ကို ပြချင်တယ်။ ဘာလို့လဲဆိုရင် သူတို့ဆီမှာ လှပတဲ့အရာတွေ အများကြီးရှိတယ်။ ကျမတို့ မိုးကုတ်မှာဆိုရင်လည်း ပတ္တမြားထွက်တယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ပိတ်ခံထားရတယ်။ အဲဒါလေးတွေကို ပြန်ဖွင့်လာအောင် လုပ်စေချင်တယ်။ လှပတဲ့နေရာတွေကို ပြသချင်တယ်။

မေး။ ။ ပြိုင်ပွဲကြီးကလည်း နီးကပ်လာပြီဆိုတော့ ဘယ်လိုမျိုး စိတ်ခံစားမှု ဖြစ်နေလဲ။

ဖြေ။ ။ အရမ်းစိတ်လှုပ်ရှားတယ်။ ကိုယ်ကလည်း နယ်တနယ်ကနေ လာရတာ ဒီရန်ကုန်မှာ အခြေကျဖို့က တော်တော်နဲ့ မလွယ်ဘူး။ သွားရတာ လာရတာကအစ ခက်ခဲတဲ့နေရာမှာ အရမ်းကို ကြိုးစားရတယ်။

မေး။ ။ အားပေးဖို့ အတွက်လည်း ပြောပေးပါဦး။

ဖြေ။ ။ ညီမကို အားပေးကြပါလို့။ ညီမဆက်ပြီးတော့ ကြိုးစားသွားမယ်။ ဒီမြန်မာနိုင်ငံအတွက်ရော ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာအတွက်ရော ကမ္ဘာကို ချပြနိုင်အောင်ကြိုးစားပါ့မယ်လို့ အားပေးကြပါလို့ ပြောချင်ပါတယ်။

The post “Miss Tourism Beauty Of The Asia Yangon” အလှမယ် ဆူးပြည့်နှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles