Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

American Idol အစီအစဉ်မှာ ပြိုင်ပွဲဝင်နဲ့အတူ ကနေရင်း ချော်လဲခဲ့လို့ အောက်စလွတ်ခဲ့ရတဲ့ Katy Perry

$
0
0

အဆိုတော် Katy Perry ဟာ “American Idol” အစီအစဉ်ရဲ့နောက်ဆုံးအပိုင်းမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု တခုကို ပြသခဲ့ပါတယ်။

ဂီတပညာရှင်တွေဖြစ်ကြတဲ့ Luke Bryan နဲ့ Lionel Richie တို့နဲ့အတူ ဒိုင်လူကြီးတဦးအဖြစ် ဆောင်ရွက်နေတဲ့ Katy ဟာ လူရွေးပွဲမှာ ပြိုင်ပွဲဝင် တဦးနဲ့အတူ လိုက်ကရင်း ရယ်ရွှင်မြူးဖွယ် ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။ ပထမကတော့ Katy ဟာ သေသေချာချာ ကနိုင်ခဲ့ပေမယ့် မြေပြင်ပေါ်ကိုလဲကျခဲ့ပြီးတဲ့နောက် သူဟာ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ရပါတော့တယ်။

မီနီစကပ်အတိုနဲ့ ဒေါက်မြင့်ဖိနပ်တို့ကို ဝတ်ဆင်ထားတဲ့ Katy ဟာ မီယာမီမြို့ကနေ လာရောက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် တဦးဖြစ်တဲ့ Michelle Sussett နဲ့အတူ Selena ရဲ့ “Techno Cumbia” သီချင်းကို စိတ်ဝင်တစား ကခဲ့ပါတယ်။ Katy နဲ့ Michelle ဟာ ထိုင်ချလိုက်ရာကနေ Katy ဟာ ဒေါက်မြင့်ဖိနပ်ပေါ်မှာ ဟန်ချက် မညီဘဲ ဖြစ်ခဲ့ရတာပါ။ အဲဒီနောက်တော့ ကြမ်းပြင်ပေါ် မှောက်လျက်သား လဲကျသွားခဲ့ပြီး အတွင်းခံတောင် ပေါ်ခဲ့ရပါတယ်။

ထုတ်လုပ်သူတွေကတော့ အမြင်မတင့်တယ်တဲ့ အဲဒီနေရာကို American Idol Logo နဲ့ ကာပေးခဲ့ပါတယ်။ သူဟာ တချိန်လုံး ရယ်နေခဲ့ပြီးတော့ ထတောင် မထနိုင်ခဲ့တဲ့ အထိပါပဲ။ ဒိုင်လူကြီးတွေ ဖြစ်ကြတဲ့ Luke နဲ့ Lionel တို့က Katy ကို ထူပေးဖို့ အပြေးရောက်လာခဲ့ကြပါတယ်။ ပြိုင်ပွဲဝင် Michelle ကတော့ “ဘုရားရေ၊ သူအဆင်ပြေရဲ့လား” ဆိုပြီး ရယ်ရယ်မောမော ပြောခဲ့ပါတယ်။

တော်တော်လေး ရုန်းကန်ခဲ့ပြီးတဲ့နောက် Katy ဟာ အခြားဒိုင်တွေရဲ့ အကူအညီနဲ့ မတ်တပ်ရပ်နိုင်ခဲ့ပါတယ်။ Lionel ကတော့ “မင်းအဆင်ပြေရဲ့လား။ ဖုံးထားပြီးပြီလား။ အားလုံးကို လုံအောင် ဖုံးထားရဲ့လား” လို့ မေးခဲ့ပါတယ်။ ဒိုင်လူကြီး Luke ကတော့ Katy ရဲ့ အောက်စလွတ်တဲ့ ရှက်ကိုးရှက်ကန်း အနေအထားမျိုးကို မြင်တွေ့ခဲ့ပြီးတဲ့နောက် “ဘုရားရေ၊ အမျိုးသားတွေ မြင်လို့ မဖြစ်တဲ့အရာတွေ ရှိတယ်” လို့ ပြောခဲ့ပါတယ်။

ဒီလို အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရပေမယ့်လည်း Katy တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာနဲ့ သူဟာ အကောင်းဆုံး အက သမား တယောက် ဖြစ်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ အဲဒီလို ကမောက်ကမ ဖြစ်ရပ်တွေ ပြီးတဲ့နောက် ဒိုင် ၃ ဦးဟာ Michelle ရဲ့ ပြိုင်ပွဲဝင် အဖြေရလာဒ်ကို ဆုံးဖြတ်ပေးခဲ့ကြပါတယ်။

ဒိုင်တဦးဖြစ်သူ Katy က “လူတော်တော်များများက ဒီကို အကြောက်တရားတွေအများကြီးနဲ့ ရောက်လာကြတယ်။ ဒါပေမယ့် မင်းဆီမှာတော့ အဲဒါတွေ မရှိဘူး” လို့ မှတ်ချက်ပေး ချီးမွမ်း ပြောဆိုခဲ့ပါတယ်။

နောက်ထပ် ဒိုင်ဖြစ်သူ Lionel ကတော့ “ဒီလိုမျိုး လူတိုင်းမှာ ရှိမယ်လို့ ငါတော့ မထင်ဘူး” လို့ ပြောပြီး ကျန် ဒိုင်ဖြစ်သူ Luke ကတော့ ” မင်းကတော့ ဟောလိဝုဒ်ကို သွားရပါပြီ” လို့ Michelle ကို ဆိုခဲ့ပါတယ်။ ဒိုင်သုံးယောက်လုံးရဲ့ အဖြေက Michelle ကို “Yes” ဆိုပြီး မှတ်ချက် ပေးခဲ့ကြပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “American Idol” အစီအစဉ်မှာ ဖြောင့်မတ်မှန်ကန်စွာ ဝေဖန်အကြံပြုမယ်လို့ ဆိုတဲ့ Katy Perry

Ref ; aceshowbiz

The post American Idol အစီအစဉ်မှာ ပြိုင်ပွဲဝင်နဲ့အတူ ကနေရင်း ချော်လဲခဲ့လို့ အောက်စလွတ်ခဲ့ရတဲ့ Katy Perry appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)