Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Jay-Z နဲ့ Beyonce တို့ရဲ့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ရန် သေချာသွားပြီ

$
0
0

ကမ္ဘာကျော် အဆိုတော် စုံတွဲဖြစ်ကြတဲ့ အမေရိကန် Rap အဆိုတော် Jay-Z (ဂျေဇီ) နဲ့ Beyonce (ဘီယွန်းဆေး) တို့ရဲ့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ရန် သေချာသွားပြီလို့ သိရပါတယ်။
သီတင်းပတ်ပေါင်းများစွာကြာ ကောလာဟလတွေနဲ့ ထင်ကြေးပေးပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့အပြီးမှာ အဆိုတော် Beyonce က ခင်ပွန်းသည်ဖြစ်သူ Jay-Z နဲ့အတူ ပူးတွဲနယ်လှည့်ဖျော်ဖြေပွဲတခုကို မကြာခင်ပြုလုပ်တော့ မှာဖြစ်တဲ့အကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Beyonce ဟာ မတ်လ ၁၂ ရက်နေ့က အဲဒီသတင်းကို သူ့ရဲ့ Instagram အကောင့်မှာ ဝေမျှခဲ့တာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်ကို အတူစီးနင်းနေကြတဲ့ သူတို့စုံတွဲနှစ်ဦးရဲ့ အဖြူ၊ အမည်း ဓာတ်ပုံတခုနဲ့အတူ Beyonce ဟာ နယ်လှည့်ဖျော်ဖြေပွဲရဲ့ ၄၅ စက္ကန့်ကြာမြင့်တဲ့ အမြည်းဗီဒီယိုတခုကို ဝေမျှခဲ့တာလည်း ဖြစ်ပါတယ်။

Sean Paul ရဲ့ “I’m Still in Love with You” သီချင်းနောက်ခံနဲ့အတူ အဲဒီ ဗီဒီယိုကလစ်ထဲမှာဆိုရင် သူတို့ စုံတွဲနှစ်ဦးဟာ စတိတ်စင်ပေါ်မှာ အတူတူ ဖျော်ဖြေခဲ့ကြတဲ့ ပုံရိပ်တွေနဲ့ ဖော်ကျူးထားပါတယ်။ Bey နဲ့ Jay တို့ရဲ့ ကိုယ်တိုင်ရိုက် ဗီဒီယိုလေးတွေနဲ့ပါ ပေါင်းစပ်ဖန်တီးထားတာ တွေ့ရပါတယ်။

“On the Run II” နယ်လှည့်ဖျော်ဖြေပွဲကို ယူကေနိုင်ငံ၊ ဝေးလ်ပြည်နယ်က Cardiff မြို့မှာ ဇွန်လ ၆ ရက်နေ့မှ စတင် ပြုလုပ်မှာဖြစ်ပြီး ယူကေနဲ့ ဥရောပတဝန်းမှာရှိတဲ့ မြို့ ၁၅ ခုနဲ့ မြောက်အမေရိကမှာရှိတဲ့ မြို့ ၂၁ ခုတို့မှာ ဖျော်ဖြေပွဲတွေ လုပ်ဆောင်သွားမှာပါ။ အဲဒီနယ်လှည့်ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာလ ၂ ရက်နေ့၊ Vancouver မြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

နယ်လှည့်ဖျော်ဖြေပွဲအတွက် ပွဲကြိုလက်မှတ်တွေကို မတ်လ ၁၄ ရက်နေ့က စလို့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Beyhive အဖွဲ့ဝင်တွေနဲ့ Tidal ကိုရယူထားတဲ့သူတွေက အဲဒီပွဲကြိုတင်လက်မှတ်တွေကို ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အများပြည်သူ အတွက်ကတော့ မတ်လ ၁၉ ရက်နေ့မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

အဲဒီပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ ကောလာဟလသတင်းတွေက ယခုလ အစောပိုင်းမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး သူတို့ နှစ်ယောက်လုံးက အဲဒီပွဲအတွက် အရမ်း စိတ်လှုပ်ရှားနေကြတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။ အတွင်း သတင်းတွေရဲ့ အဆိုအရ သူတို့စုံတွဲနှစ်ဦးနဲ့အတူ ကလေးတွေ ဖြစ်တဲ့ သမီး Blue Ivy နဲ့ အမြွှာတွေ ဖြစ်တဲ့ Sir နဲ့ Rumi တို့ပါ နယ်လှည့်ပွဲတလျှောက် လိုက်ပါကြမယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ကမ္ဘာကျော် အဆိုတော်စုံတွဲ Jay-Z နဲ့ Beyonce တို့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ လုပ်ဖို့ ရှိနေပြီလား 

Ref : aceshowbiz

The post Jay-Z နဲ့ Beyonce တို့ရဲ့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ရန် သေချာသွားပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ