Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဒီနှစ် အကယ်ဒမီ အူဝဲကို ရစေချင်တယ်”ဆိုတဲ့ အကယ်ဒမီ မယ်လိုဒီ

$
0
0

မကြာခင်ရက်ပိုင်း အတွင်းမှာ ကျင်းပပြုလုပ်တော့မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ အနေနဲ့ တကယ်တော်ပြီး ရထားတဲ့ဆုက နည်းနေသေးတဲ့အတွက် မင်းသမီး အိန္ဒြာကျော်ဇင်ကို အကယ်ဒမီ ရစေချင်တယ်လို့ ဆိုပါတယ်။

“အရိုးသားဆုံး ပြောရရင် ရစေချင်တာကတော့ မအူဝဲကို ရစေချင်တယ်။ တကယ်တော်ပြီးတော့ သူရထားတဲ့ ဆုက တဆုပဲရှိသေးတယ်လေ။ နည်းသလားလို့။ နည်းသေးသလားလို့ပါ” လို့ မယ်လိုဒီက ပြောပါတယ်။

အကယ်ဒမီ ဆုပေးပွဲကြီး နီးကပ်လာတာနဲ့အမျှ ရုပ်ရှင်လောကသများနဲ့ ပရိသတ်များက ရင်ခုန်စွာနဲ့ အကယ်ဒမီကို စောင့်မျှော်နေကြပါတယ်။

သရုပ်ဆောင် မယ်လိုဒီအနေနဲ့ ယခုနှစ်မှာ အကယ်ဒမီ ဆုပေးပွဲကြီးကို Main Sponser အဖြစ် ပါဝင် ကူညီထားတဲ့ Life Cosmetic နဲ့အတူ အကယ်ဒမီပေးပွဲမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ ကြေငြာနဲ့ ပါဝင်ခွင့်ရမယ့်အတွက်လည်း ပျော်နေတယ်လို့ ဆိုပါတယ်။

“အစ်မကတော့ ဝမ်းသာပါတယ်။ ကိုယ်ရိုက်ထားတဲ့ ကြေငြာလေးတဲ့အတူ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကိုယ့်ကား ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ။ အနုပညာသမားတိုင်းကတော့ ပွဲလည်း တက်ချင်တယ်။ မအားရင်တောင် အားအောင် တက်ကြတဲ့ပွဲပေါ့နော်။ ချစ်တဲ့ခင်တဲ့သူတွေလည်း ရစေချင်တယ်” လို့ မယ်လိုဒီက ပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားတွေထဲမှာ မယ်လိုဒီ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများ မပါဝင်ပေမယ့် သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီဟာ ၂၀၁၁ ခုနှစ်မှာ “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” ကို ရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အကယ်ဒမီပေးပွဲ အတွက် Forever Group နှင့် Life Cosmetic မှ Main Sponsor အဖြစ် ပါဝင်မည် 

The post “ဒီနှစ် အကယ်ဒမီ အူဝဲကို ရစေချင်တယ်” ဆိုတဲ့ အကယ်ဒမီ မယ်လိုဒီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ