Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အကယ်ဒမီပေးပွဲ အတွက် Forever Group နှင့် Life Cosmetic မှ Main Sponsor အဖြစ် ပါဝင်မည်

$
0
0

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကို Main Sponsor အဖြစ် Forever Group နဲ့ Life Cosmetic တို့မှ အဓိက ပါဝင်ကူညီ ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

“ဒီနှစ်မှာတော့ ကျနော်တို့ Forever Group နဲ့ပေါင်းပြီးတော့ သူတို့က Organizer ၊ ကျနော်တို့က Main Sponsor အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ Main Sponser ပေးဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ နောက်ထပ် တက်လာမယ့် မျိုးဆက်သစ်တွေကို အရမ်းလည်း ပံ့ပိုးပေးချင်တယ်။ မြန်မာ့ရုပ်ရှင်ကိုလည်း ဒီထက်မက ပိုပြီးတော့ အဆင့်မြင့်သထက် မြင့်လာအောင် တထောင့် တနေရာကနေ ကိုယ်တတ်နိုင်တဲ့ နေရာကနေ ကူညီမယ် ဆိုပြီးတော့ Main Sponser အဖြစ် ပါဝင်ဖြစ်ခဲ့တာပါ” လို့ Life Cosmetic မှ Public Relationship မန်နေဂျာ ကိုအောင်သူရဂျွန်က ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ မင်းဓမ္မလမ်း၊ MEP Park (Myanmar Event Park) ကျင်းပမယ့် အကယ်ဒမီပေးပွဲ နေ့မှာလည်း တက်ရောက်လာမယ့် ဧည့်သည်များကို Life Cosmetic မှ ထုတ်ကုန်ပစ္စည်းများ လက်ဆောင်အဖြစ် ပေးသွားမယ်လို့ သိရပါတယ်။

မကြာခင် ကျင်းပတော့မယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို ရုပ်ရှင်လောကသားများကော ပရိသတ်များပါ ရင်ခုန် စိတ်လှုပ်ရှားလျက် ရှိပါတယ်။ ယခု အကယ်ဒမီပွဲရဲ့ ထူးခြားမှုအနေနဲ့ကတော့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ ရုပ်ရှင်လောကသားများရဲ့ မျိုးဆက်သစ် သားသမီးများကို ပွဲထုတ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် စာရင်းဝင်ရုပ်ရှင် ဇာတ်ကားပေါင်း ၅၃ ကားရှိပြီး အဲဒီထဲမှ အကယ်ဒမီ ထူးချွန်ဆုများ ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲအတွက် Forever Group နှင့် Life Cosmetic တို့မှ Main Sponsor အဖြစ် ပါဝင်မယ့်အကြောင်း သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၁ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Kabar Aye Executive Residence မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “အကယ်ဒမီ အကူမောင်မယ်များ”အဖြစ် အနုပညာရှင်များ၏ သားသမီးများ ပါဝင်မည်

The post အကယ်ဒမီပေးပွဲ အတွက် Forever Group နှင့် Life Cosmetic မှ Main Sponsor အဖြစ် ပါဝင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ