Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိန်းမတိုင်း တသက်မှာတခါ သူတို့ ယောကျာ်းတွေကို သတ်ဖို့ စဉ်းစားဖူးပါတယ်” ဆိုတဲ့ 7 Khoon Maaf

$
0
0

ဒီတပတ်မှာတော့ အိန္ဒိယ နာမည်ကြီး မင်းသမီး Priyanka Chopra ပါဝင်သရုပ်ဆောင်ထားတဲ့ “7 Khoon Maaf” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဒရာမာ ဇာတ်လမ်း အမျိုးအစားဖြစ်ပြီးတော့ IMDB Rating ကတော့ (6.2) ရှိပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ဆူဆန်နာဆိုတဲ့ အမျိုးသမီးလေးဟာ သူ မွေးကင်းစအရွယ်မှာ သူ့ရဲ့မိခင်ဟာ ဆုံးပါးသွားခဲ့ပြီး အရွယ် မရောက်ခင်မှာ ဖခင်ကလည်း ဆုံးပါးသွားခဲ့ပါတယ်။ အမေ မရှိတဲ့ သူ့အတွက်တော့ ဖခင်ကပဲ အမေလို အဖေလို အစ်ကိုတယောက်လိုနဲ့ အရာရာ ဖြစ်ခဲ့ပါတယ်။

မိဘတွေ ချန်ထားရစ်ခဲ့တဲ့ အမွေတွေကြောင့် သူ့ဘဝဟာ လိုလေသေးမရှိ ပြည့်စုံခဲ့ပေမယ့် အင်မတန်မှ အထီးကျန်ဆန်တဲ့ သူ့ဘဝအတွက် ဆုံးပါးသွားပြီဖြစ်တဲ့ ဖခင်လို ယောကျာ်းမျိုးကို တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ ရုပ်ရည် ရူပကာအရ အပြစ် ပြောစရာ မရှိတဲ့အပြင် အဘက်ဘက်က ပြည့်စုံတဲ့ သူ့အတွက် ယောကျာ်း မရှားခဲ့ပေမယ့် အိမ်ထောင်ရေးကံတော့ မကောင်းခဲ့ပါဘူး။

မကောင်းတဲ့ ယောကျာ်းတွေနဲ့ပဲ ဆုံဖို့ ကံပါလာတဲ့ ဆူဆန်နာ တယောက်ဟာ ယောကျာ်း ၆ ယောက်အထိ ယူခဲ့ပြီး သူ့ရဲ့ ချစ်တတ်တဲ့ နှလုံးသားကြောင့်ပဲ အဲဒီယောကျာ်း ၆ ယောက်ကို သေနေ့ မစေ့ခင် သေရွာကို ပို့ပေးလိုက်ပါတော့တယ်။ ၆ ယောက်မြောက် ယောကျာ်းကို သေရွာ ပို့အပြီးမှာတော့ ဆူဆန်နာဟာ သူလုပ်ခဲ့တဲ့ ဒုစရိုက်တွေနဲ့ သူ့ရဲ့ ကြောက်စရာ ကောင်းတဲ့အလှကို အရှိအတိုင်း လက်ခံပေးနိုင်မယ့် ၇ ယောက်မြောက် ယောကျာ်းကို ရှာဖွေရွေးချယ် ပါတော့တယ်။

၇ ယောက်မြောက်ယောကျာ်းက ဘယ်သူဖြစ်လာမလဲဆိုတာ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုရင်း သိလာမှာပါ။ ဒီဇာတ်ကားမှာ ဆူဆန်နာပြောသွားတဲ့ ဒိုင်ယာလော့ခ် စကားတခွန်း ရှိပါတယ်။“မိန်းမတွေတိုင်းဟာ တသက်မှာ တခါတော့ သူတို့ယောကျာ်းတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးပါတယ်” တဲ့၊ “ဒါပေမယ့် ကလေး ရလာရင်တော့ ယောကျာ်းတွေကို ပိုပြီး သည်းခံလာနိုင်တယ်” ဆိုတဲ့ စကားလေးပါ။

ဒီဇာတ်ကားမှာ ဆူဆန်နာအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Priyanka Chopra ဟာ၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိန္ဒိယရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားနဲ့ “အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု”ကို ရရှိခဲ့ပါတယ်။ မင်းသမီး Priyanka Chopra ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်ပဲ ဇာတ်လမ်းဟာ ပိုမိုရုပ်လုံးကြွလာတာမို့ ဘောလိဝုဒ် ပရိသတ်တွေ အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားပဲ ဖြစ်ပါတယ်။

The post မိန်းမတိုင်း တသက်မှာတခါ သူတို့ ယောကျာ်းတွေကို သတ်ဖို့ စဉ်းစားဖူးပါတယ်” ဆိုတဲ့ 7 Khoon Maaf appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ