Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပူပူနွေးနွေး ရရှိထားတဲ့ အော်စကာရုပ်တု အခိုးခံခဲ့ရတဲ့ မင်းသမီး Frances McDormand

$
0
0

မတ်လ ၄ ရက်နေ့က အမေရိကန်ုပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့၊ Dolby Theatre မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု” ရရှိခဲ့တဲ့ မင်းသမီး Frances McDorman ဟာ သူ့ရဲ့ အော်စကာရုပ်တုကို အဲဒီညမှာ ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ပါတယ်။

“Three Billboards Outside Ebbing, Missouri” ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့တဲ့ ရုပ်ရှင်စတား မင်းသမီး McDormand ဟာ အော်စကာဆုပေးပွဲမှာ ဆုရရှိပြီးနောက် Governors Ball ခန်းမအတွင်း ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက် တက်ရောက်ခဲ့ပြီး အဲဒီမှာပဲ ရုပ်တု တခြား၊ လူက တခြား ဖြစ်နေခဲ့တာပါ။

Governors Ball ခန်းမထဲမှာ ထောင်ထားတဲ့ မင်းသမီးရဲ့ အော်စကာရုပ်တုကို Terry Bryant ဆိုတဲ့ အမျိုးသားတဦးက ခိုးယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီသံသယရှိသူ လက်ထဲကို မင်းသမီး McDormand ရဲ့ အော်စကာရုပ်တု ဘယ်လို ရောက်ရှိလာခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေမယ့် မင်းသမီးဟာ အဲဒီသူခိုးကို ဆက်မရှာတော့ဘဲ ခန်းမဆောင် အပြင်ဘက်မှာ ငိုနေခဲ့ပြီးတော့ ခင်ပွန်းသည်ဖြစ်သူ ဒါရိုက်တာ Joel Coen နဲ့အတူ ပါတီကနေ ပြန်သွားခဲ့ပါတယ်။

မင်းသမီးဟာ Beverly Hills မှာရှိတဲ့ Wallis Center for Performing Arts မှာပြုလုပ်တဲ့ Vanity Fair Oscar ပါတီကို အော်စကာရုပ်တု မပါဘဲ ရောက်ရှိသွားခဲ့တာကို တွေ့ရပြီး မင်းသမီးက “တယောက်ယောက်က Governors Ball မှာ ကျမရဲ့ အော်စကာဆုကို ခိုးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါကိုပေါင်လိုက်ပြီးလား သိချင်တယ်” လို့ ထုတ်လုပ်ရေးမှူး Jason Blum ကိုပြောခဲ့ပါတယ်။ မင်းသမီးရဲ့ အဖွဲ့ဝင်တဦးကတော့ ” ရူးကြောင်ကြောင် လူတယောက်က ခိုးသွားပါတယ်။ ကျနော်တို့ သူ့ကို ဖမ်းဆီးခဲ့ရပါတယ်” လို့ ပြောပါတယ်။

လုံခြုံရေးအဖွဲ့ဝင်တွေကတော့ အဲဒီ အော်စကာရုပ်တုကို ရှာဖွေနေပြီး နာမည်ကျော် ဓာတ်ပုံဆရာတဦးဖြစ်တဲ့ Wolfgang Puck က သံသယရှိသူဖြစ်တဲ့ Bryant ဟာ ဆုပေးပွဲမှာ ဆုရရှိခဲ့သူ မဟုတ်ဘဲ ဆုရုပ်တုကို ကိုင်ထားတာကို တွေ့လိုက်ရတဲ့ အတွက် အဲဒီသံသယရှိသူ Governor’s Ball ထဲကနေ ထွက်ခွာနေခဲ့စဉ်မှာပဲ ဖမ်းဆီးနိုင်လိုက်ပါတယ်။

Bryant ဆိုသူ အမျိုးသားကတော့ ပြန်ခုခံတာ မရှိဘဲ ရုပ်တုကို ပြန်လည် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ “Darkest Hour” ရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့တဲ့ မင်းသား Gary Oldman က အဲဒီအခိုးခံခဲ့ရတဲ့ အော်စကာ ရုပ်တုကို မင်းသမီးထံ နောက်ပိုင်းမှာ ယူလာပေးခဲ့တယ်လို့ သိရပါတယ်။

မင်းသမီးရဲ့ ကိုယ်စားလှယ်တဦးက “ကျနော် အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ညက ခဏလေး ခွဲခွာခဲ့ပြီးတဲ့နောက် Frances နဲ့ သူ့ရဲ့ အော်စကာဆုဟာ ပျော်ရွှင်စွာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါပြီ” လို့ ပြောပါတယ်။

လော့စ်အင်ဂျလိစ် ရဲတပ်ဖွဲ့က Bryant ကို ဖမ်းဆီးလိုက်ပြီးနောက် ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ကို Hollywood ရဲစခန်းက ထောင်ထဲမှာ မနက် ၄ နာရီအထိ ချုပ်ထားခဲ့ပြီး အဖိုးတန်ပစ္စည်း ခိုးယူမှုနဲ့ စွဲချက်တင်ထားပါတယ်။ သူ့ကို ဒေါ်လာ ၂ သောင်းနဲ့ အာမခံပေးထားတယ်လို့ သိရပါတယ်။

အခုရရှိခဲ့တဲ့ဆုဟာ မင်းသမီး McDormand အတွက် ဒုတိယမြောက် အော်စကာဆုဖြစ်ပြီး မင်းသမီးဟာ ၆၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ “Fargo” ရုပ်ရှင်နဲ့ “အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု” ရရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းလင့်ခ် – အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု သိမ်းပိုက်ခဲ့တဲ့ “The Shape of Water” ရဲ့ အော်စကာည

အော်စကာဆုပေးပွဲမှာ ရွှေရောင်ဂါဝန်နဲ့ အပျော်ကြီးပျော်နေခဲ့တဲ့ မင်းသမီး Jennifer Lawrence 

Ref : aceshowbiz

The post ပူပူနွေးနွေး ရရှိထားတဲ့ အော်စကာရုပ်တု အခိုးခံခဲ့ရတဲ့ မင်းသမီး Frances McDormand appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ