Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပရိသတ်အတွက် အစားထိုးလို့ မရတဲ့ ကာရိုက်တာမျိုး ဖြစ်ချင်တယ်”ဆိုတဲ့ Alice Ong

$
0
0

ချစ်စရာကောင်းပြီး ပေါ့ပါးသွက်လက်တဲ့ အမူအရာလေးတွေနဲ့ အမြဲ တွေ့နေရတတ်တဲ့ မော်ဒယ်၊ သရုပ်ဆောင် Alice Ong ကတော့ “ပရိသတ်အတွက် သူမဟာ အစားထိုး မရပါဘူးဆိုတဲ့ ကာရိုက်တာမျိုး ဖြစ်အောင် ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

“Alice အနေနဲ့ ကိုယ့်ရဲ့အနုပညာအားဖြင့် ပရိသတ်ရဲ့ ရင်ထဲမှာ ဒီနေရာက အဲ့လစ်အတွက်ပါ။ အစားထိုးလို့ မရပါဘူးဆိုတဲ့ ကာရိုက်တာမျိုးဖြစ်အောင် ကြိုးစားနေပါတယ်” လို့ Alice Ong ကပြောပါတယ်။

Alice Ong ကတော့ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ “Dimensions – မျက်နှာပြင်များ” ဆိုတဲ့ ဇာတ်ကားမှာ အဓိက ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အပြင်ကာရိုက်တာနဲ့ ကွဲထွက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ဆရာဝန် တယောက်အနေနဲ့ သရုပ်ဆောင်ထားတာကို တွေ့မြင်ရပါတယ်။

အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို အသံမျိုး ပြန်ကြားရလဲလို့ မေးကြည့်တဲ့အခါ “မျက်နှာပြင်များ ရုပ်ရှင်ကားမှာဆိုရင် အရမ်းကို တည်ငြိမ်တဲ့ ဆရာဝန်တယောက် အနေနဲ့ သရုပ်ဆောင်ရတော့ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်တာတော့ အမြဲတမ်း လိုအပ်ချက်တော့ ရှိပါတယ်။ တိုးတက်မှုတွေ အများကြီးအတွက် ကြိုးစားဖို့ လိုသေးတယ်ပေါ့။ ပရိသတ်ဆီက ပြန်ကြားတဲ့ စကားသံကတော့ မထင်ထားဘူးတဲ့။ ကွဲထွက်တဲ့ ကာရိုက်တာတခုနဲ့ တွေ့လိုက်ရတယ်လို့ ပြောကြပါတယ်” လို့ Alice Ong က ပြောပါတယ်။

Alice Ong ဟာ နောက်ပိုင်းမှာတော့ Serious ဖြစ်တဲ့ (တည်ကြည် လေးနက်တဲ့) ကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်ပြီး ဟာသဇာတ်ရုပ်ကို သရုပ်ဆောင်ရတာ ကိုယ်ကိုယ့်ကိုယ် ပြန်ကြည့်ရင် တမျိုးကြီး ခံစားရတယ်လို့ ပြောပါတယ်။

“Alice ကတော့ နည်းနည်း Serious ဖြစ်တဲ့ ကာရိုက်တာမျိုးတွေ နည်းနည်းပို သရုပ်ဆောင်ချင်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Funny တွေ ဘာတွေ လုပ်လို့ရှိရင် ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး တမျိုးကြီး ဖြစ်နေတယ်။ ဒါပေမယ့် ရတဲ့ ကာရိုက်တာကိုတော့ အကောင်းဆုံး သရုပ်ဆောင်ပါတယ်” လို့ Alice Ong က ပြောပါတယ်။

ဆက်စပ်သတင်းလင့်ခ် – မျက်နှာသစ် သရုပ်ဆောင်များနဲ့ “Dimensions” ရုပ်ရှင်ကား မကြာမီ ရုံတင်မည်

The post “ပရိသတ်အတွက် အစားထိုးလို့ မရတဲ့ ကာရိုက်တာမျိုး ဖြစ်ချင်တယ်”ဆိုတဲ့ Alice Ong appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ