Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖြစ်ရပ်မှန်ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်မယ့် မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒို

$
0
0

ကမ္ဘာကျော် ဟောလိဝုဒ် ရွှေကြယ်ပွင့်တွေဖြစ်တဲ့ မင်းသား Brad Pitt (ဘရက်ပစ်) နဲ့ Leonardo DiCaprio (လီယိုနာဒို ဒီကာပရီယို) တို့ဟာ ဒါရိုက်တာ Quentin Tarantino ရိုက်ကူးမယ့် “Once Upon A Time In Hollywood” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ကြတော့မယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ Deadline မီဒီယာရဲ့ အဆိုအရ ကာလကြာရှည် ကောလာဟလ ထွက်ခဲ့တဲ့ အဲဒီရုပ်ရှင်မှာ အော်စကာဆုရှင် မင်းသား လီယိုနာဒိုက ပါဝင်မယ်လို့ အတည်ပြုထားတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရုပ်ရှင်နာမည်နဲ့ ဇာတ်လမ်း အကျဉ်းကိုလည်း တရားဝင် ထုတ်ပြန်ထားခဲ့ပြီလို့ ဆိုပါတယ်။

မင်းသား လီယိုနာဒိုဟာ အနောက်တိုင်း ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင်ဟောင်း Rick Dalton အဖြစ်၊ မင်းသား ဘရက်ပစ်ကတော့ Dalton ရဲ့ ကာလရှည်လက်တွဲခဲ့တဲ့ စတန့်သမား Cliff Booth အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ ဟောလိဝုဒ်မှာ ရုန်းကန်ခဲ့ကြရပေမယ့် အသိအမှတ် မပြုခံခဲ့ရပါဘူး။ Rick ကတော့ နာမည်ကျော် မင်းသမီး Sharon Tate နဲ့ အိမ်နီးချင်းဖြစ်ပါတယ်။

ဒါရိုက်တာကြီး Tarantino ဟာ ကာလရှည်စောင့်စားခဲ့ရတဲ့ ရုပ်ရှင်အတွက် Weinstein ကုမ္ပဏီနဲ့ အလုပ်အတူ တွဲလုပ်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ထုတ်လုပ်ရေးမှူး Harvey Weinstein အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေ ထွက်ပေါ်ပြီးတဲ့နောက် ကုမ္ပဏီနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပါတယ်။

Sony က အဲဒီရုပ်ရှင်ကို ထောက်ပံ့ကူညီပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ Tarantino က “ကျနော် ဒီဇာတ်ညွှန်း အတွက် ၅ နှစ်လောက် အလုပ်လုပ် နေခဲ့ပြီးတော့ ကျနော် ၇ နှစ်သားအရွယ်၊ ၁၉၆၉ ခုနှစ် အပါအဝင် ကျနော့်ဘဝရဲ့ အချိန်တော်တော်များများကို လော့စ်အင်ဂျလိစ် (Los Angeles) ကောင်တီမှာ နေထိုင်ခဲ့ပါတယ်။ LA နဲ့ ဟောလိဝုဒ်ရဲ့ ဒီဇာတ်လမ်းလေးကို ပြောပြဖို့ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ Rick နဲ့ Cliff အဖြစ် DiCaprio နဲ့ Pitt ကို အတူတွဲပြီးတွေ့ရမယ် ဆိုတော့ ပိုပြီးတော့ ပျော်ရွှင်မိပါတယ်” လို့ Deadline မီဒီယာကို ပြောပါတယ်။

အဲဒီရုပ်ရှင်ကို အခြေခံထားတဲ့ Labianca မိသားစုအပေါ် Manson အဖွဲ့ရဲ့ သတ်ဖြတ်မှု နှစ် ၅၀ ပြည့် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒိုတို့ဟာ အရင်တုန်းကလည်း ဒါရိုက်တာကြီး Tarantino နဲ့အတူ ရုပ်ရှင်တွေ လက်တွဲရိုက်ကူးဖူးပါတယ်။

ဘရက်ပစ်ဟာ ၂၀၀၉ ခုနှစ်မှာ “Inglourious Basterds” ရုပ်ရှင်နဲ့ လီယိုနာဒိုဟာ ၂၀၁၂ ခုနှစ်မှာ “Django Unchained” ရုပ်ရှင်တို့မှာ ဒါရိုက်တာကြီးနဲ့အတူ လက်တွဲလုပ်ကိုင်ဖူးတာ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး Martin Scorsese ရဲ့ The Audition အမည်ရှိတဲ့ ဇာတ်လမ်းတိုမှာ အတူတွဲ သရုပ်ဆောင်ဖူးတာကလွဲလို့ ရုပ်ရှင်တခုမှာ မင်းသားနှစ်ဦး အတူတွဲ ရိုက်ကူးတာ ဒါပထမဆုံးဖြစ်ပါတယ်။

Ref : contactmusic

The post ဖြစ်ရပ်မှန်ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်မယ့် မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ