Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်”

$
0
0

မကြီးစန်းလို့ လူအများကသိကြတဲ့ မိတ်ကပ် ခင်စန်းဝင်းရဲ့ ဒုတိယမြောက် ဗီဒီယို ဇာတ်ကားဖြစ်တဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” လို့ အမည်ရတဲ့ ဇာတ်ကားဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ရိုက်ကူးထားတာဖြစ်ပြီး လူအများထင်နေတဲ့ ခင်စန်းဝင်းရဲ့ ဖြစ်ရပ်မှန် မဟုတ်ပါဘူးလို့ မိတ်ကပ် ခင်စန်းဝင်းက ပြောပါတယ်။

“ဒီဇာတ်ကားကတော့ ဆရာ ဦးနိုင်မျိုးထွန်းပေးတုန်းက ဇာတ်လမ်းလေး ရိုးရိုးလေးပဲ။ အဲဒါနဲ့ မကြီးက ဒီဇာတ်လေးက နည်းနည်းလေးရိုးနေမလားလို့ နည်းနည်းလေး ထပ်ဖြည့်ရင် အဆင်ပြေမလား ဆိုပြီးတော့ သူ့ကိုညှိတော့ သူက ရတယ်၊ ဘယ်နေရာလေးတွေ ဖြည့်ချင်လဲဆိုတော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာ ဖြစ်ပျက်နေတာတွေ၊ ကြားဖူးတာတွေ သိတာတွေကို ဒီဇာတ်လမ်းထဲမှာ သင့်တော်မယ် ထင်တဲ့ဟာတွေကို ထည့်လိုက်တော့ အများအမြင်မှာ မကြီးရဲ့ ဇာတ်လမ်းလို့ထင်နေတာ အကြောင်းအရာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေကို ထည့်ထားတာပါ”လို့ မိတ်ကပ်ခင်စန်းဝင်းက ဆိုပါတယ်။

မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” ဗီဒီယို ဇာတ်ကား မိတ်ဆက်ပွဲ / ယုဖြူဟန်/ဧရာဝတီ

ဒီဇာတ်ကားကတော့ မိတ်ကပ် ခင်စန်းဝင်း ရေးသားတဲ့ ဇာတ်လမ်းကို နိုရာဆောင်းက ဇာတ်ညွှန်း ရေးသားထားပြီး ဒါရိုက်တာ နိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်) က ရိုက်ကူးပေးထားပါတယ်။

သရုပ်ဆောင်များအနေနဲ့ မိတ်ကပ် ခင်စန်းဝင်း၊ အေးချမ်းမောင်၊ သားညီ၊ စင်ဒီမြတ်တို့ အဓိကပါဝင် သရုပ်ဆောင် ထားပြီး ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ “ဆဠမအာရုံ” ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေးကနေ တနိုင်ငံလုံးကို ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” ဗီဒီယို ဇာတ်ကား မိတ်ဆက်ပွဲ / ယုဖြူဟန်/ဧရာဝတီ

မကြီးစန်းရဲ့ ဒီဇာတ်ကား မတိုင်ခင်က ရိုက်ကူးခဲ့တဲ့ “မကြီးစန်းနှင့် သူ၏ ချစ်သူများ” ဇာတ်ကားကို ပရိသတ်များက သဘောကျခဲ့ကြပြီး ဗီဒီယိုဈေးကွက်မှာ အရောင်းရဆုံး ဇာတ်ကားတကား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“မထင်မှတ်ထားပဲနဲ့ ပထမဆုံး ရိုက်တဲ့ ဇာတ်ကားလေးက အောင်မြင်သွားတယ်။ ဗီဒီယိုဈေးကွက်မှာ အရောင်းရဆုံး ဇာတ်ကားလေးလည်း ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ ဇာတ်ကားလေးပြီးတော့ ဒါရိုက်တာက နောက်တကား ထပ်ရိုက်ပါလားလို့ ကမ်းလှမ်းလာတယ်။ အဲဒီတော့ ကမ်းလှမ်းလာတဲ့ အခါကျတော့ မကြီးက မရိုက်ချင်ဘူး။ ဘဝမှာ တခါလောက် ရိုက်ပြီးရင် တော်ပြီပေါ့လေ။ မရိုက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါရိုက်တာက ကိုယ့်အတွက် မဟုတ်ဘဲ အားပေးတဲ့ ပရိသတ်တွေအတွက် ရိုက်ပါလား ဆိုပြီး ကမ်းလှမ်းတဲ့ အခါကျတော့ အားပေးတဲ့ ပရိသတ် ရှိတာပဲလေ ဆိုပြီးရိုက်ဖြစ်တာပါ” လိုု့ မကြီးစန်းက ပြောပါတယ်။

မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” ဗီဒီယို ဇာတ်ကား မိတ်ဆက်ပွဲ / ယုဖြူဟန်/ဧရာဝတီ

မကြီးစန်းရဲ့ ဒုတိယမြောက်ဇာတ်ကားအပေါ် သရုပ်ဆောင်တာ ကျေနပ်အားရမှုရှိလားလို့ မေးကြည့်တဲ့အခါ “ကျေနပ်အားရမှုမရှိဘူး။ ပထမတုန်းကတော့ မကြီးရဲ့ဇာတ်ပဲပေါ့။ ဒါပေမယ့် ရိုက်ရင်း၊ ရိုက်ရင်းနဲ့ ဇာတ်က မင်းသားဇာတ် ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်တော့ မကျေနပ်ဘူး။ အားမရဘူး။ ပြန်လုပ်ချင်တဲ့ အပိုင်းတွေလည်း ရှိတယ်။ ဒါပေမယ့် ဇာတ်ကား ရိုက်တုန်းကတော့ Mood တွေက ဝင်နေတော့ သရုပ်ဆောင်လို့ ရတာပေါ့။ နောက်ထပ် အဲဒီအခန်းတွေကို ပြန်ရိုက်တဲ့အခါမှာ Mood က ပြန်ရိုက်လို့ မရတော့ဘူး ဆိုတော့ ပထမရိုက်တာတွေပဲ သုံးရတာပေါ့။ ဒီဇာတ်ကားမှာ မင်းသားက ပိုကောင်းပါတယ်” လို့ မကြီးစန်းက ပြောပါတယ်။

မကြီးစန်းအနေနဲ့ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးသွားဖို့ အစီအစဉ်ရှိတယ် လို့လည်း သိရပါတယ်။

The post မကြီးစန်းရဲ့ “တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ