Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

BRIT ဆုပေးပွဲအပြီး ပါတီမသွားဘဲ ဇနီးလောင်းနဲ့အတူ ဟင်းချက်ခဲ့တဲ့ အဆိုတော် Ed Sheeran

$
0
0

ဗြိတိသျှ အဆိုတော် Ed Sheeran နဲ့ သူ့ရဲ့ ဇနီးလောင်း Cherry Seaborn တို့ဟာ BRIT ဆုပေးပွဲ ပြီးတဲ့နောက် ပါတီပွဲမတက်ဘဲ အိမ်ပြန်ပြီး အတူ ဟင်းတွေ ချက်ပြုတ် စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုတော် Ed Sheeran ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါ BRIT ဆုပေးပွဲ အပြီး ဇနီးလောင်းနဲ့အတူ အိမ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ဂီတကြယ်ပွင့် အဆိုတော် Ed Sheeran ဟာ လန်ဒန်မြို့က The O2 Arena မှာ ပြုလုပ်ခဲ့တဲ့ BRIT ဂီတဆုပေးပွဲမှာ “ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုဆု” ကို ရရှိခဲ့ပေမယ့် သူ့ရဲ့ အောင်မြင်မှုကို ပွဲပြီးပါတီနဲ့ အောင်ပွဲခံမယ့်အစား ဇနီးလောင်းနဲ့အတူ တိတ်ဆိတ်တဲ့ ညကိုသာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲပြီးတဲ့နောက် အိမ်ကို တန်းပြန်ခဲ့ရတဲ့ အကြောင်းနဲ့ပတ်သက်လို့ Ed Sheeran က “ပုံမှန်တော့ BRIT ပွဲမှာ ကျနော် ပါတီပွဲတက်ပြီး ငါအိမ်ပြန်ခွင့်ရပြီး ဟင်းချက်ရရင် ကောင်းမှာပဲလို့ ဆန္ဒရှိခဲ့တာ၊ ဒါကြောင့် အဲဒီညမှာ အဲဒီလို လုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ The Sun သတင်းစာကို ပြောပါတယ်။

“Supermarket Flowers” သီချင်း အဆိုအရှင် Ed က သူ့ရဲ့ စေ့စပ်လက်စွပ်ကို ဇနီးလောင်း Cherry ကိုယ်တိုင် လက်နဲ့ ဖန်တီးပြုလုပ်ပေးထားတာ ဖြစ်ကြောင်း BRIT ဆုပေးပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ သူက “အဲဒါဟာလည်း တူညီတဲ့ ကတိကဝတ် ပါပဲ။ Cherry က ငွေရောင်ရွှံ့စေးနဲ့ ကိုယ်တိုင လုပ်ပေးထားတာပါ။ ကျနော် တကယ် ကြိုက်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဆိုတော် Ed Sheeran (ဓာတ်ပုံ – veranathaniel)

Ed Sheeran ဟာ သူ့ရဲ့ ဟင်းချက်ပစ္စည်းကိရိယာတွေကို စမ်းသပ်ဖို့ စီစဉ်ထားတဲ့အတွက် နောင်အနာဂတ်မှာ စားသောက်ဆိုင်ကြီးတွေမှာ အော်ဒါမှာစားဖို့ မလိုတော့ဘူးလို့ ဆိုပါတယ်။ “ကျနော်အခု မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်လို့ တကယ့်ကိုပဲ စိတ်လှုပ်ရှားနေပါတယ်” လို့ Ed Sheeran က ပြောပါတယ်။ Ed ဟာ အိမ်ခန်း ၄ လုံးတွဲလျက် ဝယ်ထားတာကြောင့် ပစ္စည်းပစ္စယတွေ ချထားဖို့ နေရာလွတ် တော်တော်များများ သူ့အိမ်မှာ ရှိနေပါတယ်။

“Shape of You” သီချင်းနဲ့ ကမ္ဘာတဝန်း အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ အဆိုတော် Ed Sheeran ဟာ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ပေါင် ၈ သိန်းကျော် တန်ဖိုးရှိတဲ့ အရှေ့အင်္ဂလန်၊ Suffolk မြို့က လယ်တောအိမ် တခုနဲ့ ဆက်စပ်ခြံ တခုကိုလည်း ဝယ်ယူခဲ့တဲ့အပြင် တချိန်တည်းမှာပဲ သူဟာ ပေါင် ၄ သိန်းခွဲ တန်ဖိုးရှိတဲ့ ၁၆ ရာစုနှစ် လက်ရာ အဆင့် ၂ ရှိ အိမ်တလုံး ကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။

မြေယာပိုင်ဆိုင်မှု မှတ်ပုံတင်ဌာနကတော့ အဆိုတော် Ed Sheeran ဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ပေါင်း ၉ သိန်း ၂ သောင်းခွဲ တန်ဖိုးရှိ အိပ်ခန်း ၄ ခန်းပါ အိမ်ကြီးတလုံးနဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ မှာလည်း အဲဒီအိမ်ကားလမ်း တဖက်တချက်မှာရှိတဲ့ ပေါင် ၅ သိန်း ၂ သောင်းခွဲ တန်ဖိုးရှိ အိမ်တလုံးကိုလည်း ထပ်မံ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာကျော် အဆိုတော်ကြီးတွေရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အိမ်ပိုင်ဆိုင်မှု တွေက အံ့မခန်းပါပဲ။

Ref ; Contactmusic

The post BRIT ဆုပေးပွဲအပြီး ပါတီမသွားဘဲ ဇနီးလောင်းနဲ့အတူ ဟင်းချက်ခဲ့တဲ့ အဆိုတော် Ed Sheeran appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ