Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျန်းမာရေးကောင်းရုံ ဝိတ်ချနေတယ်” ဆိုတဲ့ အဆိုတော် သားငယ်

$
0
0

Myanmar Idol Season 2 ရဲ့ Winner အဆိုတော် သားငယ်ကို ပရိသတ်တွေက သူ့ရဲ့ ဝဝကစ်ကစ်နဲ့ ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်ကြောင့် သတိထားမိကာ ချစ်ခင်ခဲ့ကြပြီး ယခုအခါ သားငယ်က ကျန်းမာရေး ကောင်းရုံ ဝိတ်ချနေတယ်လို့ ပြောပါတယ်။

“ကျန်းမာရေး ကောင်းရုံ ဝိတ်ချ မလို့ပေါ့။ လှတာ မလှတာတော့ သိပ်စိတ်မဝင်စားဘူး။ အခုစပြီး လုပ်နေ ပါတယ်။ GYM ဆော့တာတွေ၊ ဘာတွေ မလုပ်ပေမယ့် Diet ပေါ့။ အစားအသောက်ကို ကိုယ်တတ်နိုင်တဲ့ ဘက်ကပေါ့။ အားလည်း မအားတာလည်း ပါတယ်။ တခြား အကြောင်းတွေကြောင့်ရော ပျင်းလို့လည်း ပါပါတယ်။ ကိုယ့်ဘာသာကိုယ် Body ဝိတ်ထိန်းတယ်။ တခြားနည်းတွေပေါ့ အစားရှောင်တယ် အအိပ် လျော့တယ်ပေါ့” လို့ သားငယ်က ပြောပါတယ်။

အဆိုတော် သားငယ်က Myanmar Idol Season 2 ရဲ့ Winner ဆု ရရှိပြီးနောက်မှာ အနုပညာအလုပ် များကို အဆက်မပြတ်လုပ်ကိုင်လာပြီး သူ့ရဲ့တကိုယ်တော် သီချင်း Album “လမ်းကလေး” လို့ အမည်ရတဲ့ သီချင်းခွေ မကြာသေးခင်က ထွက်ရှိထားပါတယ်။

Myanmar Idol Season 2 မှာ Winner ဆုရခဲ့တဲ့ အဆိုတော် သားငယ် (ဓာတ်ပုံ – ဧရာဝတီ)

အဆိုပါ “လမ်းကလေး” အခွေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ “အခွေနဲ့ ပတ်သက်ပြီးတော့ ကောင်းတာရော၊ မကောင်းတာရော ကြိုက်တာရော၊ မကြိုက်တာရော အစုံပဲပေါ့။ ကိုယ့်အတွက် လိုတာလေးတွေကို အားဖြည့်ယူတာပေါ့။ အခု ပွဲတွေမှာ ကိုယ့်သီချင်းလေးနဲ့ကိုယ် ဆိုရတယ်ဆိုတော့ ပိုပြီးတော့ ပျော်ပါတယ်” လို့ သားငယ်က ပြောပါတယ်။

သားငယ်က တကိုယ်တော် အခွေထွက်ပြီး နောက်မှာ ဒုတိယမြောက် အခွေကိုလည်း ထပ်မံပြင်ဆင်နေပြီး သင်္ကြန်သီချင်းခွေ ထွက်ဖို့လည်း ရှိတယ်လို့ ပြောပါတယ်။

“သင်္ကြန်သီချင်းလေး သွင်းဖို့ ရှိတယ်။ ထုတ်ဖို့ ရှိတယ်။ ဒုတိယအခွေ အတွက်လည်း လုပ်နေတာရှိတယ်။ သင်္ကြန်ခွေ ကတော့ တယောက်တည်းဖြစ်ဖို့ များတယ်။ သီချင်းပုံစံ ကြည့်ပြီးတော့ တွဲဆိုမယ့်သူ ခေါ်ရင်လည်း ခေါ်မှာပေါ့နော်” လို့ သားငယ်က ပြောပါတယ်။

The post “ကျန်းမာရေးကောင်းရုံ ဝိတ်ချနေတယ်” ဆိုတဲ့ အဆိုတော် သားငယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ