Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တောင်ကိုရီးယား Weekly Idol အစီအစဉ်မှာ တင်ဆက်မှု ရပ်နားတော့မယ့် MC နှစ်ယောက်

$
0
0

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းတွေအရ MBC ရုပ်သံလွှင့်ဌာနကနေ အပတ်စဉ် တင်ဆက်နေတဲ့ ကြည့်ရှုသူ အမြင့်ဆုံး စံချိန်တင် အစီအစဉ်တခုဖြစ်တဲ့ Weekly Idol အစီအစဉ်ကနေ MC (အစီအစဉ်တင်ဆက်သူ အခမ်းအနားမှူး) နှစ်ယောက် ထွက်ခွာတော့မယ်လို့ သိရပါတယ်။

သူတို့ နှစ်ယောက် နောက်ဆုံးတင်ဆက်မယ့် အစီအစဉ်ကို မတ်လ ၇ ရက်နေ့မှာ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ Weekly Idol အစီအစဉ်ကို ဂျောင်ဟွန်းဒုံ (Jung Hyung Don) နဲ့ ဒက်ဖ်ကွန် (Defconn) တို့နှစ်ယောက် MC အဖြစ် တင်ဆက်လာတာ ၇ နှစ်သက်တမ်း ရှိပြီလို့ သိရပါတယ်။

Weekly Idol အစီအစဉ် MC နှစ်ဦးနဲ့ အဆိုတော် BIG BANG အဖွဲ့

“Doni နဲ့ Coni” လို့ ချစ်စနိုး ခေါ်ကြတဲ့ MC နှစ်ယောက်ကို ဒီအစီအစဉ်မှာ နောက်ထပ ်မမြင်တွေ့နိုင်တော့လို့ ပရိသတ်တွေက ဝမ်းနည်းနေကြပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း ဂျောင်ဟွန်းဒုံရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူ့နေရာမှာ Super Junior (တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့) မှ ဟီးချော (Kim Hee-chul) နဲ့ EXID (အမျိုးသမီး အဆိုတော်အဖွဲ့) မှ ဟနီး (Hani) တို့ အစားထိုး တင်ဆက်ပေးခဲ့ ဖူးပါတယ်။

Weekly Idol အစီအစဉ် စီစဉ်သူ PD (Production Director) ကင်ဂျင်ကလည်း သူ့ရဲ့ကိုယ်ပိုင် Twitter အကောင့်ကနေ “သတင်းက တော့ ထွက်သွားပါပြီ။ ၇ နှစ်တာ အတူလက်တွဲလုပ်လာကြတဲ့ Weekly Idol အစီအစဉ်ကို ဆက်မလုပ်ဖြစ် တော့လို့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့ အစီအစဉ်ရဲ့ MC နဲ့ ဝန်ထမ်းတွေကို ချစ်ခင်နှစ်သက် ပေးခဲ့ကြတဲ့ Idol ပရိသတ်တွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

Weekly Idol အစီအစဉ် MC နှစ်ဦးနဲ့ အဆိုတော် EXO အဖွဲ့

Weekly Idol အစီအစဉ်ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ စတင်ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်များစွာကို ဖိတ်ခေါ်ကာ စိတ်ဝင်စားစရာ ဂိမ်းအစီအစဉ်တွေ၊ သူတို့ရဲ့ သီချင်းတွေကို လူသိများလာအောင် လုပ်ပေးနိုင်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ “BIGBANG ၊ EXO ၊ BTS ၊ IU” တို့လို K-pop နာမည်ကျော်တွေကို ဖိတ်ခေါ် ပေးနိုင်ခဲ့လို့လည်း ပရိသတ်အကြိုက်တွေ့ခဲ့ပြီး ကြည့်ရှုနှုန်းများတဲ့ အစီအစဉ်တခု ဖြစ်လာခဲ့တာပါ။

လက်ရှိမှာ Weekly Idol အစီအစဉ်ကို ဆက်လက် တာဝန်ယူ တင်ဆက်ပေးမယ့် MC အသစ်တွေကို ရှာနေပြီး နောက်ထပ် အသစ်သစ်သော Season တွေ ထုတ်လုပ်နိုင်ဖို့ အစီအစဉ်သစ်တွေ ထပ်မံဖန်တီးနိုင်ရန် ပြင်ဆင်နေတယ်လို့ ကြေညာထားပါတယ်။

Ref : Soompi

The post တောင်ကိုရီးယား Weekly Idol အစီအစဉ်မှာ တင်ဆက်မှု ရပ်နားတော့မယ့် MC နှစ်ယောက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ