Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျိမ်းစ်ဘွန်းရုပ်ရှင် မင်းသားအသစ် ဘယ်သူ ဖြစ်လာမလဲ

$
0
0

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ “၇၁ ကြိမ်မြောက် ဗြိတိသျှ အကယ်ဒမီ ရုပ်ရှင် ဆုပေးပွဲ (BAFTA)” မှာ “တက်သစ်စ ကြယ်ပွင့်ဆု” ရရှိထားတဲ့ မင်းသား Daniel Kaluuya (ဒန်နီယယ် ကလူရာ) ဟာ အေးဂျင့် 007 တဖြစ်လဲ ဂျိမ်းစ်ဘွန်းအဖြစ် ဇာတ်ကား အသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ လျာထားခံရတယ်လို့ သတင်းတွေက ဆိုပါတယ်။

“Get out” ရုပ်ရှင်မင်းသား Kaluuya ဟာ အခုလက်ရှိ အောင်ပွဲခံနေတဲ့ Marvel ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Black Panther” ရှပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်ပြီး နာမည်ကျော် လျှို့ဝှက်အေးဂျင့်အနေနဲ့ မင်းသား Daniel Craig (ဒန်နီယယ် ကရေ့ဂျ်) နေရာမှာ အစားထိုးဖို့ သရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးကပြေးနေသူ ဖြစ်ပါတယ်လို့ ကောလာဟလ သတင်းတွေမှာ ဆိုပါတယ်။

အွန်လိုင်း အလောင်းအစား မီဒီယာတခုဖြစ်တဲ့ Ladbrokes ကတော့ မင်းသား Kaluuya ပါဝင် သရုပ်ဆောင်နိုင်ချေဟာ ၆ မဲ/၁ မဲ မှာရှိနေပြီးတော့ ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ အရင်ကတည်းက ရေပန်းစားနေသူတွေ ဖြစ်ကြတဲ့ Aidan Turner နဲ့ Idris Elba (၈ မဲ/၁ မဲ)၊ Tom Hiddleston (၁၀ မဲ/၁ မဲ) တို့ထက် ပိုလူကြိုက်များ နေတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၈ နှစ်အရွယ် မင်းသား Kaluuya ကတော့ ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ မင်းသား James Norton ( ၅ မဲ/၁ မဲ) ၊ Tom Hardy (၃ မဲ/၁ မဲ) နဲ့ Jack Hurton ( ၅ မဲ/၁ မဲ) တို့ရဲ့ အနောက်မှာ ရှိနေတယ်လို့ သိရပါတယ်။

Ladbrokes မီဒီယာမှ Alex Apati က ” Daniel Kaluuya ဟာ ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ တက်သစ်စ ကြယ်ပွင့်ဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့သူဖြစ်ပြီး လောင်းကြေး ထပ်ကြသူတွေက ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ သူ့ကို ထောက်ခံပြီးသားပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ ပြသခဲ့တဲ့ သည်းထိတ်ရင်ဖို “Get Out” ရုပ်ရှင်နဲ့ မကြာမီ ကျင်းပတော့မယ့် အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” အနေနဲ့ လျာထားခံရတဲ့ Kaluuya ဟာ BAFTA ဆုပေးပွဲမှာ “တက်သစ်စ ကြယ်ပွင့်ဆု”ကို ရရှိပိုင်ဆိုင်ထားပြီး ဆုကိုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမဆုံး ဖြစ်မိကြောင်း ပြောဆိုထားပါတယ်။

“ကျနော်တို့အားလုံးကို မဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ ယူကေနိုင်ငံအတွင်းမှာ ငွေကြေး ရှာဖွေ ပေးနေတဲ့ အနုပညာ ထုတ်ကုန်တခုပါ။ ငွေကြေးပိုင်း ဆိုင်ရာအရ ထောက်ပံ့ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျနော် အနုပညာလုပ်ငန်းကို စလုပ်ခဲ့တာ၊ ဒီနေရာမှာ ကျနော် ရှိနေတာ၊ ကျနော် ရှေ့ဆက်လျှောက်နေတာဟာ အမေ့ ကြောင့်ပါ။ အားလုံးအတွက် အမေ့ကို ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ အမေ့အတွက်ပါပဲ” လို့ မင်းသား Kaluuya က ဆုလက်ခံ ရယူချိန်မှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ရိုက်ကူးဖို့ အစီအစဉ်တွေ ရေးဆွဲနေပြီဖြစ်တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် နာမည်ကို “Bond 25” လို့ လောလောဆယ် နာမည်ပေးထားပြီး “ဂျိမ်းစ်ဘွန်းနေရာမှာ နောက်ထပ် သရုပ်ဆောင်မယ့်အစား ကိုယ့် လက်ကောက်ဝတ်ကို ကိုယ် ဖြတ်ပစ်မယ်”လို့ မှတ်ချက်ပေးပြောဆိုထားတဲ့ လက်ရှိမင်းသား Daniel Craig ကတော့ပါဝင်ဖို့ အတည်ပြုထားပါတယ်။ ဒါ့ကြောင့် အနာဂတ် ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေအတွက် သူ့နေရာမှာ အစားထိုးဖို့ တခြား သရုပ်ဆောင်တယောက်ကို ရှာဖွေနေကြပြီ ဖြစ်ပါတယ်။

သတင်းတွေထဲမှာဆိုရင်တော့ ဒါရိုက်တာကြီး Christopher Nolan က “၂၅ ခုမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို အရင်တည်းက ရိုက်ကူးဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရိုက်ကူးမှာ မဟုတ်ဘူး”လို့ ပြောဆိုထားပါတယ်။ အော်စကာ ဆုဆန်ခါတင် ၅ ကြိမ်ဝင်ခဲ့တဲ့ ဒါရိုက်တာကြီးဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်ကို ရိုက်ကူးမယ်လို့ ကောလာဟလတွေ ထွက်ထားပေမယ့် ဒါရိုက်တာအဖြစ် ရိုက်ကူးမှာ မဟုတ်တဲ့အကြောင်း၊ သူရိုက်ကူးမယ်လို့ ကောလာဟလထွက်ခဲ့တဲ့ ရုပ်ရှင်တိုင်းမှာ တခြားဒါရိုက်တာတွေကိုပဲ ထုတ်လုပ်သူတွေက ငှားရမ်းဖြစ်ကြောင်း BBCRadio4 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောကြားထားပါတယ်။

မင်းသား Daniel Craig အတွက်နောက်ဆုံး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဖြစ်လာနိုင်တဲ့ အမည်မပေးရသေးတဲ့ ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ အမေရိကန်နိုင်ငံမှာ ရှိတဲ့ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ “Skyfall” နဲ့ “Spectre” ရုပ်ရှင်တို့မှာ ဇာတ်ညွှန်း ရေးသားခဲ့သူတွေ ဖြစ်တဲ့ Neal Purvis နဲ့ Robert Wade ကတော့ ဇာတ်ညွှန်း စရေးနေပြီလို့ ဆိုပါတယ်။

Ref; aceshowbiz

The post ဂျိမ်းစ်ဘွန်းရုပ်ရှင် မင်းသားအသစ် ဘယ်သူ ဖြစ်လာမလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ