Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း မတ်လအတွင်း ရုံတင်မည်

$
0
0

ရုပ်ရှင်အဖြစ် ထပ်မံ အသက်သွင်းလိုက်တဲ့ “Chees in The Trap” ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင် မင်းသမီး အိုယောင်ဆော (Oh Yeon Seo) ရဲ့ ရိုက်ကွင်းက ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဒီကားထဲမှာ အိုယောင်ဆောကို ချစ်စရာကောင်းပြီး သာမန်တက္ကသိုလ် ကျောင်းသူ ကောင်မလေး တယောက်ပုံစံ မြင်တွေ့ ရမှာပါ။

“Chees in The Trap” ဇာတ်လမ်းဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Webtoon (အွန်လိုင်းပေါ်မှာ ထုတ်လုပ်သော ကာတွန်းဇာတ်လမ်း) ကို အခြေခံထားတာဖြစ်ပြီး နာမည်ကိုပါ ဆင်တူ ပေးထားပါတယ်။ Webtoon တုန်းကလည်း အကြီးအကျယ် အောင်မြင်ခဲ့ပြီး တပိုင်းကို ကြည့်ရှုသူ သန်းကျော်တဲ့ အထိ ပေါက်ခဲ့တာပါ။

လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း (ဓာတ်ပုံ – Soompi)

မင်းသမီး အိုယောင်ဆောနဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် မင်းသားကတော့ Romance ကားတွေနဲ့ နာမည်ကြီးတဲ့ ပတ်ဟေးဂျင်း (Park Hae Jin) ပါ။ ပတ်ဟေးဂျင်းက “Cheese in The Trap” ရုပ်သံစီးရီး မှာလည်း အဓိက သရုပ်ဆောင် ယူဂျွန်း နေရာက ပါဝင်ခဲ့သူပါ။

ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် အသက် မသွင်းခင်တုန်းက “ရုပ်သံ ဇာတ်လမ်းတွဲ” အဖြစ် ရိုက်ကူးခဲ့ပြီး ပရိသတ် ကြည့်ရှုနှုန်းမြင့်တဲ့ ကားတကား ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကြို ထွက်လာတဲ့ပုံတွေမှာတော့ မင်းသမီး အိုယောင်ဆောရဲ့ ပုံရိပ်တွေက ကာတွန်းထဲက ဇာတ်ကောင် ထွက်လာပြီး သရုပ်ဆောင်နေတဲ့အတိုင်း ပီပြင်လွန်းတယ်လို့ သုံးသပ်ကြပါတယ်။

လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း (ဓာတ်ပုံ – Soompi)

ခွေးမွှေးပုံစံ ပွရောင်း ရောင်းနဲ့ ရွှေအိုရောင်ဆံပင်ပုံစံက ဇာတ်ကောင် “ဟွန်ဆောလ်”ရဲ့ သင်္ကေတ တခုပါ။ ဇာတ်ရုပ်ကို ပိုပီပြင်စေတာကတော့ မင်းသမီးရဲ့ Stylist က ဆံပင်ပုံံနဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေကို သေချာဆင်မြန်း ပေးထား လို့လည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ရုပ်ရှင်ပြန်ရိုက်ဖို့ သရုပ်ဆောင်ရွေးတဲ့အခါ မင်းသမီး အိုယောင်ဆောကို ရွေးချယ်ဖို့ မူရင်း ကာတွန်းရဲ့ အမာခံပရိသတ်တွေက ရွေးပေးခဲ့တာပါ။ အားလုံးကလည်း ဒီဇာတ်လမ်းလေးထဲမှာ မင်းသမီး အိုယောင်ဆော ဘယ်လို သရုပ်ဆောင်မှုတွေနဲ့ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။

လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း (ဓာတ်ပုံ – Soompi)

ဇာတ်လမ်းကို ၂၀၁၇ ခုနှစ်၊ ဧပြီလက စတင်ရိုက်ကူးခဲ့ပြီး ဇွန်လမှာ အပြီးသတ် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ထုတ်လုပ် ရိုက်ကူးတဲ့ Mountain Movement Story ကုမ္ပဏီက ရုံတင်ပြသနိုင်ဖို့ “Little Big Pictures” နဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

“Chees in The Trap” ရုပ်ရှင်ကို ကိုရီယားနိုင်ငံရဲ့ White Day နေ့၊ မတ်လ ၁၄ ရက်မှာ ရုံတင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါဇာတ်ကားမှာ မင်းသား ပတ်ဟေးဂျင်း၊ မင်းသမီး အိုယောင်ဆောနဲ့ မင်းသား ပတ်ကီဝန်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

ယခုလက်ရှိ အချိန်ထိ ဇာတ်လမ်း Trailer ကို ကြည့်ရှုခဲ့သူပေါင်း ၂ ဒဿမ ၄ သန်းအထိ စံချိန်တင်နေတာကို ကြည့်ရရင် ရုံတင် မပြသခင်ကတည်းက စိတ်ဝင်စားခံရတဲ့ ဇာတ်ကား တကားအဖြစ် သတ်မှတ်ရမှာ မလွဲပါပဲ။

Ref ; Soompi

The post လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း မတ်လအတွင်း ရုံတင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ