Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုပ်ရှင်မင်းသား Justin Theroux နဲ့ မင်းသမီး Jennifer Aniston တို့ လမ်းခွဲလိုက်ကြပြီလား

$
0
0

ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသား Justin Theroux နဲ့ ရုပ်ရှင်မင်းသမီး Jennifer Aniston တို့ဟာ အိမ်ထောင်သက် ၂ နှစ်ခွဲအကြာမှာပဲ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။

၇ နှစ်လောက် တွဲခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ Aniston ရဲ့ ပြန်ကြားရေးတာဝန်ခံ Stephen Huvane ကနေ တဆင့် သူတို့ နှစ်ဦး လမ်းခွဲလိုက်တဲ့သတင်းကို ကြေညာချက်တခုနဲ့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ” အခြား ချင့်ချိန်သုံးသပ်စရာများကို လျှော့ချရန် ကြိုးပမ်းမှုတခုအနေနဲ့ လမ်းခွဲလိုက်တဲ့ သတင်းကို ကြေညာရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ နှစ်ဦးလုံးက ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် သူငယ်ချင်းကောင်း နှစ်ဦးဖြစ်ကြောင်း၊ သူငယ်ချင်းသံယောဇဉ်အတိုင်း ရှေ့ဆက်သွားမယ်ဆိုတဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။ အခုလို ကြေညာချက် ထုတ်ပြန်လိုက်ပေမယ့် Theroux နဲ့ Aniston တို့ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအပေါ် စိတ်မှန်းနဲ့ ပြောကြားနေတာတွေကို ယုံကြည်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“ပုံမှန်အနေနဲ့ ကျနော်တို့ဟာ ဒါကို သီးသန့်ပဲ လုပ်ရမှာပါ၊ ဒါပေမယ့် အတင်းအဖျင်း လုပ်ငန်းကြီးက ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဖွတဲ့ ဒဏ်ကို မခံချင်လို့ အမှန်တရားကို တိုက်ရိုက် ထုတ်ဖော် ပြောကြားချင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဆီက မဟုတ်ဘဲ ကျနော်တို့နဲ့ ပတ်သက်တဲ့ ဘာတွေပဲ ထွက်လာသည်ဖြစ်စေ အဲဒါ တယောက်ယောက်ရဲ့ စိတ်မှန်းနဲ့ ပြောဆိုမှုတွေသာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ ကျနော်တို့ တဦးကိုတဦး ထားရှိတဲ့ လေးစားမှုနဲ့ အချစ်ကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်”လို့ ကြေညာချက်မှာ ရေးထားပါတယ်။

သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တာဟာ Aniston ရဲ့ ၄၉ နှစ်ပြည့် မွေးနေ့အပြီး ရက်အနည်းငယ် အကြာမှာ ဖြစ်ပါတယ်။ “Friends” မင်းသမီး Aniston ဟာ သူ့ရဲ့မွေးနေ့ပွဲကို Malibu မြို့မှာ ရှိတဲ့ အိမ်မှာ သူငယ်ချင်းတွေနဲ့ ကျင်းပခဲ့ ပါသေးတယ်။ ယောဂသင်ကြားရေး ဆရာမ Mandy Ingber နဲ့ Aniston ရဲ့ မန်နေဂျာ Aleen Keshishian တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ရုပ်ရှင်မင်းသား Justin Theroux နဲ့ မင်းသမီး Jennifer Aniston (ဓာတ်ပုံ – Popsugar)

Theroux ဟာ L.A မြို့မှာရှိတဲ့ သူတို့နှစ်ဦးရဲ့ အိမ်မှာမနေတော့ဘဲ နယူးယောက်စီးတီးမှာ မကြာခဏ တွေ့နေခဲ့ရတဲ့ အပြင် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ သူတို့နှစ်ဦးဟာ အိမ်ခွဲနေခဲ့ပုံ ရပါတယ်။ Aniston ကတော့ လောလောဆယ် အတ္တလန္တာမြို့မှာ “Dumplin’ ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။ သူတို့နှစ်ဦးကို နောက်ဆုံး တွေ့ခဲ့ကြရတာက ဟောလိဝုဒ် အောင်မြင်မှု လမ်းမထက်မှာ Jason Bateman ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရတဲ့ ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက် Twitter မှာ ပရိသတ်တွေက သူတို့ရဲ့ ထင်မြင်ချက်တွေကို ဝေမျှနေခဲ့ကြပါတယ်။ ပရိသတ်တချို့ကတော့ တကိုယ်တည်းသမားတွေ ဖြစ်သွားကြတဲ့ Aniston နဲ့ ခင်ပွန်းဟောင်း Brad Pitt တို့ကို ပြန်တွဲစေချင်တာမျိုးတွေ ရှိပါတယ်။

Ref ; aceshowbiz

The post ရုပ်ရှင်မင်းသား Justin Theroux နဲ့ မင်းသမီး Jennifer Aniston တို့ လမ်းခွဲလိုက်ကြပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)