Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အားကျစရာကောင်းတဲ့ အဆိုတော် Britney Spears နဲ့ Sam တို့ ချစ်သူစုံတွဲ တနှစ်ပြည့်

$
0
0

အဆိုတော် Britney Spears ဟာ သူ့ချစ်သူ မင်းသား၊ Fitness မော်ဒယ်၊ Sam Asghari ကို ချိုမြိန်တဲ့ သတင်းစကားတခု ပေးပို့ခဲ့ပြီး ပိုကောင်းတဲ့ လူတယောက်ဖြစ်စေဖို့ ချစ်သူက လှုံ့ဆော်ပေးတဲ့အကြောင်း ပြောရင်း သူတို့နှစ်ဦးရဲ့ ချစ်သက်တမ်း တနှစ်ပြည့်ကို ဆင်နွှဲခဲ့ကြပါတယ်။

‘Piece of Me’ အဆိုတော် Britney က သူနဲ့ သူ့ချစ်သူ၊ အသက် ၂၃ နှစ်အရွယ် မင်းသား၊ fitness မော်ဒယ်တို့ ရေတံခွန် တခုနားမှာ အတူတကွ နှစ်ဦးသားရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခုကို တင်ခဲ့ပြီး အခုလိုမျိုး ဂုဏ်ပြုစကားဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်၊ Britney က “ကျမ ဒီယောကျာ်းနဲ့ တနှစ်ကျော်လောက် အတူရှိနေခဲ့ပါတယ်။ နေ့တိုင်း သူက ကျမကို ပိုကောင်းတဲ့ လူတယောက်ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။ ကျမက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးလို့ ခံစားရ လာစေပါတယ်” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။ ချစ်သူ မင်းသား Sam ကလည်း Britney ကို ” အလှပဆုံးမိန်းကလေး” လို့ ပြန်လည်တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ‘Slumber Party’ ဆိုတဲ့ Music Video ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး လအနည်းငယ်ကြာတဲ့ အထိ ချစ်သူ မဖြစ်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့နှစ်မှာတော့ Britney က သူ့ချစ်သူနဲ့ ပထမဆုံး စတွေ့ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုတော် Britney Spears နဲ့ Sam Asghari တို့ ချစ်သူစုံတွဲ (ဓာတ်ပုံ – contactmusic)

Britney က “အိပ်ခန်းဆီကို သွားတဲ့တံခါးကို ဖြတ်ပြီးတော့ ခန်းမကြီးကို ဖြတ်လျှောက်တဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေတဲ့အချိန်မှာ ကျမတို့ဟာ အတူတူ မိနစ် ၂ဝ လောက် အဲဒီမှာ ထိုင်စောင့်ခဲ့ကြတယ်။ ကျမတို့ အဲဒီမှာ အတူတူ စကားဖောင်ဖွဲ့ပြောကြရင်း တယောက်နဲ့ တယောက် စကားပြောဖို့ အကြောင်းဖန်လာပါတော့တယ်” လို့ သူတို့နှစ်ဦး စတင်ရင်းနှီးခဲ့ပုံကို ပြောပါတယ်။

သူ့ချစ်သူ Sam ကတော့ Britney ရဲ့ သား ၂ ယောက်နဲ့လည်း ရင်းနှီးသူ ဖြစ်ပါတယ်။ Sam က သူ့ကိုယ်သူ “ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ယောကျာ်း”လို့ မကြာသေးခင်ပဲ ပြောခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Britney က မိသားစုတွေနဲ့အတူ အသက် ၃၆ နှစ်ပြည့်မွေးနေ့ ကျင်းပတဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။

Sam က “ဟက်ပီဘတ်ဒေးပါ ကျနော့်ရဲ့တဦးတည်းသော သူရေ… မင်းရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။ လှပတဲ့ အမျိုးသမီးတဦးနဲ့ ကြံ့ခိုင်တဲ့ မိခင်တဦးရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ပြသပေးလို့ ကျေးဇူးတင်ပါတယ်။ အားလုံးကို အပိုင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ကိုယ်ဟာ ကံအကောင်းဆုံး ယောကျာ်း ဖြစ်တယ်လို့ စဉ်းစားနေပါတယ်” လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

ကဲ Sam နဲ့ Britney တို့ရဲ့ အချစ်က အားကျစရာ မကောင်းပေဘူးလား။

Ref ; contactmusic

The post အားကျစရာကောင်းတဲ့ အဆိုတော် Britney Spears နဲ့ Sam တို့ ချစ်သူစုံတွဲ တနှစ်ပြည့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ