Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အတုများတဲ့….မြို့မှာ တွေ့ရဦးမယ့် ဝေလ

$
0
0

သီချင်း အဆိုကောင်းရုံသာမကဘဲ သီချင်းရေးတဲ့နေရာမှာလည်း ပြောစရာမလိုအောင် ကောင်းမွန်လှတဲ့ တေးရေးတေးဆို ဝေလက သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းများနဲ့ ဖန်တီးထားတဲ့ ၅ ခွေမြောက် တကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

“ဒီခွေကတော့ အရှေ့ကအခွေနဲ့ တနှစ်ခွဲကျော်ကျော်လောက် ခြားသွားတယ်။ အခွေတိုင်းကိုတော့ ကိုယ်တတ်သလောက်လေးနဲ့ ကြိုးစားပါတယ်။ ဒီအခွေမှာလည်း ဒီလိုပဲပေါ့။ ရေးလိုက်တီးလိုက်ပဲ သီချင်း ၁၅ ပုဒ်ထဲကနေမှ ကိုယ်ကြိုက်တဲ့ သီချင်း ၁ဝ ပုဒ်ကို ရွေးထားတာပါ” လို့ ဝေလက ဆိုပါတယ်။

အဆိုပါ ဝေလရဲ့ ၅ ခွေမြောက်တကိုယ်တော်တေးစီးရီးကို “ အတုများတဲ့မြို့” လို့ အမည်ပေးထားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Bo Bo Music Production မှ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အတုများတဲ့မြို့ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲတွင် တွေ့ရတဲ့ အဆိုတော် ဝေလ / ယုဖြူဟန်/ဧရာဝတီ

ဒီအခွေထဲမှာ ပါဝင်တဲ့ သီချင်း ၁၀ ပုဒ်လုံးကိုတော့ ဝေလ ကိုယ်တိုင်ရေးစပ်ထားပြီး Runner Band က တီးခတ်ပေးထားတာဖြစ်ပါတယ်။

အဆိုပါ “အတုများတဲ့မြို့” အခွေထဲမှာ ပါဝင်တဲ့ “အများကြီးပေးသူ ဘာမှမရခဲ့သူ” ဆိုတဲ့ မေတ္တာဖွဲ့ တေးသီချင်းကို အွန်လိုင်းပေါ်သို့ တင်ခဲ့ပြီး ပရိသတ်အများအပြား ကြိုက်နှစ်သက်ခဲ့ပါတယ်။

အတုများတဲ့မြို့ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲတွင် တွေ့ရတဲ့ အဆိုတော် ဝေလ / ယုဖြူဟန်/ဧရာဝတီ

ဒီသီချင်းလေးနဲ့ ပတ်သက်ပြီးတော့ ဝေလက “အများကြီးပေးသူ ဘာမှမရခဲ့သူ သီချင်းကတော့ မေတ္တာဖွဲ့အကြောင်းအရာလေးပါ။ ဒီသီချင်းလေးနားထောင်ပြီးတော့ ကိုယ့်မိဘကို သတိတရ လေးဖြစ်မယ်ဆိုရင် ရေးရသူတယောက်အနေနဲ့ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

တေးရေး တေးဆို ဝေလက ကိုယ်တိုင် ဖန်တီးရေးဖွဲ့ သီဆိုထားသော တေးစီးရီး အယ်လ်ဘမ်များဖြစ်တဲ့ ၁၉၈၂ ၊ မိတ်ကပ်မကြိုက်သော သီချင်းများ၊ အဓိပတိဖွား၊ ခုတင်နံပါတ် ၁၈ ဆိုတဲ့ တေးစီးရီးများ ထွက်ရှိ ထားပါတယ်။

The post အတုများတဲ့….မြို့မှာ တွေ့ရဦးမယ့် ဝေလ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)