Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တကယ်နမ်းခဲ့တာက အသက်ဝင်အောင် လုပ်ခဲ့ရတာပါ ဆိုတဲ့ ဝတ်မှုံရွှေရည်

$
0
0

လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတခုမှာ ဝတ်မှုံရွှေရည်က အောင်ရဲလင်းရဲ့နဖူးကို တကယ်နမ်းခဲ့တာဟာ အချစ် ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် အသက်ဝင်အောင် လုပ်ခဲ့ရတာဖြစ်ပြီး အခု ပြန်ကြည့်ရင် ရှက်မိတယ်လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောဆိုလိုက်ပါတယ်။

“ဒါရိုက်တာရဲ့ တောင်းဆိုမှုနဲ့ အကုန်လုံးရဲ့တောင်းဆိုမှုကြောင့်ပါ။ ဒီကားလေးက အချစ် ကားလေးဖြစ်တဲ့ အတွက်ကြောင့် တကယ့်ရိုမန်တစ်ဖြစ်အောင် အသက်ဝင်အောင် လုပ်ပေးပါဆိုလို့ အဲ့ဒီအခန်းမှာ ရီဟာဇယ် မလုပ်ဘဲ တခါတည်း တန်းရိုက်ပဲ၊ ရီဟာဇယ်ဆို ခဏခဏရိုက်နေရမယ်လေ။ အခုပြန်ကြည့်ရင်တော့ ရှက်တယ်” လို့ သူက ဆိုပါတယ်။

စာရေးဆရာမ ပုညခင်ရဲ့ဝတ္ထု၊ ဇာတ်ညွှန်းကို လူငယ် ဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာအောင်မြတ် ရိုက်ကူးပုံဖော်ထားတဲ့ “အနမ်းဝိုင်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားတို့ အားပြိုင်ထားတာကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

“ဇာတ်လမ်းရဲ့သဘောတရားအရ ရိုမန့်ဒရာမာလေးပေါ့။ ချစ်ခြင်းမေတ္တာအကြောင်းရယ် ကျေးဇူးတရား အကြောင်းရယ် အားပြိုင်တဲ့အကြောင်းလေးပေါ့။ စိတ်ထဲမှာ ကိုယ်ပိုင်စိတ်ကူးလေးတွေ ကိုယ်ပိုင် အရုပ်လေးတွေကတော့ အမြဲရေးတယ်။ တကယ့်တကယ် ရုပ်ရှင်ကားကြီးအဖြစ် ပုံဖော်တဲ့အခါမှာ လက်တွေ့ကျကျ မျက်ဝါးထင်ထင် တွေ့မြင်လာရတာက အကောင်းဆုံးဖြစ်အောင် ပုံဖော်နိုင်ဖို့ ကျနော် ဘက်က ကြိုတင်ပြင်ဆင်မှုအပိုင်းတွေက တော်တော်အားထုတ်ခဲ့ရပါတယ်” လို့ အဆိုပါ ဇာတ်ကားရဲ့ ဒါရိုက်တာ အောင်မြတ်က ပြောပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၂၇ ရက်နေ့က အထူးပွဲပြသခဲ့ပြီး တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ဖေဖော်ဝါရီလ၂ ရက်နေ့မှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။

အဆိုပါ အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတခုဖြစ်သော ပအိုဝ်း တိုင်းရင်းသားများရဲ့ ရိုးရာဓလေ့စရိုက်များ၊ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်စတာတွေကို တွေ့မြင်ရမယ့်အပြင် ညောင်ရွှေမှာရှိတဲ့ စပျစ်ခြံမှာလည်း သွားရောက် ရိုက်ကူးထားတာဖြစ်ပြီး အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ကျော်ကျော် တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

The post တကယ်နမ်းခဲ့တာက အသက်ဝင်အောင် လုပ်ခဲ့ရတာပါ ဆိုတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)