Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Sexy ကကွက်တွေ အဖော်အချွတ်တွေချည်းပဲ လုပ်နေတာမဟုတ်ပါဘူးဆိုတဲ့ ဇွန်သဉ္ဇာ

$
0
0

Sexy မော်ဒယ်လ်အဖြစ် ပရိသတ်ရဲ့လက်ခံမှုရရှိခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် ဇွန်သဉ္ဇာကတော့ သူမဟာ Sexy မော်ဒယ်လ်ဖြစ်တဲ့အတွက် အများထင်နေကြသလို Sexy ကကွက်တွေ အဖော်အချွတ်တွေချည်းပဲ လုပ်နေတယ် ဆိုတာမျိုးက မဟုတ်ပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ပွဲတွေမှာ သီဆိုရင် ရက်ပ်သီချင်းလေးတွေ ဆိုပါတယ်။ ကိုယ်ပိုင်သီချင်းတွေရော တခြားသူတွေရဲ့ သီချင်းတွေရောပေါ့။ အဲဒီလို သီဆိုရင် သီချင်းနဲ့လိုက်ဖက်တဲ့ K Pop ကကွက်တွေကို မှီငြမ်းပြီးတော့ ပွဲတွေမှာ တင်ဆက်ပါတယ်။ အများထင်သလို Sexy မော်ဒယ်လ်ဖြစ်လို့ Sexy ကကွက်တွေ ဖော်ချွတ်တွေလုပ်မယ်။ အဲဒီလိုမျိုးလုံးဝမဟုတ်ခဲ့ပါဘူး။ တချို့တွေက ဒီလိုထင်ကောင်းထင်မယ်” လို့ ဇွန်သဉ္ဇာက ပြောပါတယ်။

မော်ဒယ်လ် ဇွန်သဉ္ဇာဟာ Sexy မော်ဒယ်လ်အဖြစ် လူသိများလာတာဖြစ်ပေမယ့် နောက်ပိုင်းမှာ Sexy ဓာတ်ပုံများ ရိုက်ကူးခြင်းထက် တေးသီချင်း သီဆိုမှုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုသာ ကူးပြောင်းကာ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“Sexy မော်ဒယ်လ်အနေနဲ့ကျတော့ လူတွေတိုက်ခိုက်တာ ဝေဖန်တာများတယ်။ ဒါပေမယ့်လည်း ဒီ Sexy မော်ဒယ်လ်ဆိုတာနဲ့ ပရိသတ်ကို သိစေခဲ့တာ ဖြစ်တဲ့အတွက် အားပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့ Sexy ပုံတွေရိုက်မယ့်အစား အဆိုပိုင်း ဖျော်ဖြေရေးပိုင်းကို အားစိုက်ပြီးတော့ ပို လုပ်သွားပါမယ်။ တကယ်လို့ အခွင့်အရေးရရင် သရုပ်ဆောင်ပိုင်းကို ကူးပြီးတော့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်” လို့ ဇွန်သဉ္ဇာက ပြောပါတယ်။

ဇွန်သဉ္ဇာကို ဘုရားပွဲများ၊ ဇာတ်ပွဲများ ဖျော်ဖြေတင်ဆက်ရာတွင် သူမရဲ့ ဝတ်စားဆင်ယင် တင်ဆက်မှုများက ပွဲရဲ့ ပုံရိပ်ကို ကျဆင်းစေသည်ဟုဆိုကာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ၎င်းအားတေးသီချင်းသီဆိုမှုများ ပိတ်ပင်ထားခဲ့ရာမှ ယခုအခါတွင် ပြန်လည် သီဆိုခွင့်ရပြီလို့လည်း သိရပါတယ်။

“မနှစ်က ဧရာဝတီတိုင်း ကြံခင်းမြို့မှာ ပွဲတခုလက်ခံထားပါတယ်။ အဲဒီမှာ ပွဲရှင်က ဗီနိုင်း ထုတ်လိုက်တဲ့အခါ အရမ်းကို အဆင်မပြေတဲ့ ဘုရားပွဲနဲ့ မကိုက်ညီတဲ့ပုံကို အွန်လိုင်းကနေ ဒေါင်းပြီးတော့ ကပ်ထားတယ်။ ဇွန်ကတော့ Viber ကနေ အဆင်ပြေတဲ့ပုံကို ပို့လိုက်ပေမယ့် သူကမသုံးဘဲနဲ့ ပွဲပေါက်ချင်တဲ့အတွက် အဲဒီလိုလုပ်ခဲ့ပါတယ်။ အဲဒါကို သဘင်အစည်းအရုံးက ဒီပွဲကို ပိတ်လိုက်တာပါ။ ဇွန်ကတော့ သွားရှင်းပြခဲ့ပါတယ်။ ဒီပုံက ဇွန်ပေးခဲ့တဲ့ပုံ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ သဘင်အစည်းအရုံး ဘက်က ဟုတ်ပြီ ဒါဆိုရင် ဒီပွဲကို နင်သွားမဆိုနဲ့။ နောက်နောင်လည်းဆင်ခြင်လို့ရသွားအောင် နင်ဖျက် လိုက်တော့လို့ ပြောတော့ ဟုတ်ကဲ့ သွားမဆိုတော့ပါဘူးလို့ ကတိတော့ပေးခဲ့ပါတယ်”လို့ ပွဲသီဆိုခွင့် ပိတ်ခံရတာနဲ့ ပတ်သက်ပြီး ဇွန်သဉ္ဇာက ပြောပါတယ်။

သဘင်အစည်းအရုံးမှ အဆိုပါပွဲသို့ သွားရောက်ခြင်းမပြုရန် တားမြစ်ခဲ့သော်လည်း ဇွန်သဉ္ဇာက သူမကို ငှားရမ်းသည့် ပွဲရှင်နဲ့ပရိသတ်ကို တောင်းပန်ချင်သည့်အတွက် သွားရောက်ခဲ့ရာမှ ပရိသတ်ရဲ့ တောင်းဆိုမှု အရ သီချင်းသီဆိုခဲ့မိသည့်အတွက် သဘင်အစည်းအရုံးနဲ့ ထားရှိခဲ့တဲ့ကတိကို ချိုးဖောက်ရာ ရောက်သွားသဖြင့် ပွဲသီဆိုခွင့် ပိတ်သိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအချိန်မှာတော့ ပွဲများတွင် တေးသီချင်းများ သီဆိုဖျော်ဖြေရန်အတွက် သဘင်အစည်းအရုံးမှ ပြန်လည်ခွင့်ပြုချက်ရပြီ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၁၃ ခုနှစ်ကစလို့ ခန္တာကိုယ်အသားပေးဓာတ်ပုံများ ဗီဒီယိုများဖြင့် အနုပညာလောကထဲကို ရောက်ရှိ လာခဲ့ပြီး အွန်လိုင်းစာမျက်နှာများပေါ်တွင် နာမည်ကြီးလာခဲ့တဲ့ sexy မော်ဒယ်လ် ဇွန်သဉ္ဇာရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွင် Followers ပေါင်း ၃ သိန်းခွဲကျော်နီးပါးရှိပါတယ်။

The post Sexy ကကွက်တွေ အဖော်အချွတ်တွေချည်းပဲ လုပ်နေတာမဟုတ်ပါဘူးဆိုတဲ့ ဇွန်သဉ္ဇာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ