Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Myanmar Idol Season 3 ရဲ့ ဒိုင်လူကြီးများ ပေါ်ထွက်လာ

$
0
0

မြန်မာနိုင်ငံတွင် ပရိသတ်အကြိုက်ဆုံးနဲ့ စိတ်အဝင်စားဆုံးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲရဲ့ Season 3 အတွက် အကဲဖြတ်ပေးမယ့် ဒိုင်လူကြီးမင်း ၄ ဦးကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel တွင် စတင် မိတ်ဆက်ပေးခဲ့ပါတယ်။

အဆိုပါ အကဲဖြတ်အမှတ်ပေးမယ့် ဒိုင်လူကြီးမင်း ၄ ဦးကတော့ Myanmar Idol Season 2 တွင် ပရိသတ်များစိတ်ဝင်စားဆုံး ဒိုင်တဦးဖြစ်ခဲ့တဲ့ တေးသံရှင် မြန်မာပြည်သိန်းတန်၊ ရုပ်ရှင်နဲ့ ဂီတ နှစ်မျိုးစလုံးကို ပိုင်နိုင်တဲ့ အကယ်ဒမီများရှင် ရန်အောင်၊ မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့တဲ့ ဂီတပညာရှင် မျိုးကျော့မြိုင် နဲ့ Myanmar Idol Season 2 တွင် ဒိုင်တဦးအဖြစ်လည်း ပါဝင်ခဲ့ကာ ယခုအချိန်ထိ လူကြိုက်များအောင်မြင်နေဆဲ တေးသံရှင် တင်ဇာမော်တို့ပဲဖြစ်ပါတယ်။

Myanmar Idol Season 3 တွင် ဒိုင်လူကြီးအဖြစ် ပါဝင်အကဲဖြတ်ပေးမယ့် တေးသံရှင် မြန်မာပြည်သိန်းတန်/ယုဖြူဟန်/ဧရာဝတီ

Myanmar Idol Season 3 တွင်တော့ Season 1 နဲ့ 2 တွင် ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ တေးသံရှင်မေဆွိ ပါဝင်လာခြင်း မရှိတော့ တွေ့ရပါတယ်။

Myanmar Idol Season 3 တွင် Host အဖြစ် ပရိသတ်သဘောကျ လက်ခံပြီးသားဖြစ်တဲ့ ကျော်ထက်အောင်က ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Myanmar Idol Season 3 ရဲ့ ဒိုင်လူကြီး ၄ ဦးနဲ့အတူ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မယ့် ကျော်ထက်အောင်/ယုဖြူဟန်/ဧရာဝတီ

Myanmar Idol Season 3 ရဲ့ လူရွေးပွဲကိုတော့ ဇန်နဝါရီလအတွင်းမှ စတင်ကာ ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ ပုသိမ်၊ မကွေး တို့တွင် ပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်ပွဲအစီအစဉ်များကိုတော့ ဧပြီလတွင် စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Myanmar Idol Season 3 တွင် Winner ရရှိသူကို ငွေကျပ် သိန်း ၅၀၀ နဲ့ တကိုယ်တော် တေးစီးရီး တခွေကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး ပထမဆုံး Season 1 ရဲ့ Winner အဖြစ် စောလားထော်ဝါး နဲ့ Season 2 ရဲ့ Winner အဖြစ် သားငယ်တို့က ရရှိခဲ့ပါတယ်။

The post Myanmar Idol Season 3 ရဲ့ ဒိုင်လူကြီးများ ပေါ်ထွက်လာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ